ချင်းပြည်နယ်လွှတ်တော်ဥက္ကဌဦးအောင်သန်းနှင့်တွေ့ဆုံမေးမြန်း…

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌဦးအောင်သန်းနှင့်တွေ့ဆုံမေးမြန်း…
July 28, 2016 Asian Fame

11:21 am
ချင်းပြည်နယ်လွှတ်တော်ဥက္ကဌဦးအောင်သန်းနှင့်တွေ့ဆုံမေးမြန်း…
In Articles

U Aung Than

ချင်းပြည်နယ် ပြည်နယ်လွှတ်တော် က အခု ဘာတွေ လုပ်ဆောင်နေပါ သလဲခင်ဗျ။

ကျွန်တော်တို့အနေနဲ့ ပြည်နယ်အစိုးရကို လောလောဆယ် လုပ်နိုင်ခဲ့တဲ့ကိစ္စက ၂ ခု တော့ရှိခဲ့ ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အရင်ကဒီမှာ ကျောင်းဆရာတွေ ခန့်တဲ့အခါမှာ အသက်အရွယ်ကန့် သတ်တာမျိုးရှိတယ်။ အသက်နည်းနည်းကျော်တဲ့သူဆို မရတော့ ဘူး။ အဲဒီကိစ္စကို ကျွန်တော်တို့အနေနဲ့ အသက်အရွယ်ကို ပြန်ပြင် ပေးဖို့ ပညာရေးဝန်ကြီးကို တိုက် တွန်းနိုင်ခဲ့တယ်။ သူတို့ပြန်လုပ်ပေး ပါတယ်။ အသက် ၃၃ နှစ်လောက် အထိ ပြန်တိုးပေးခဲ့ပါတယ်။ ဆို တော့ အလုပ်မရခဲ့တဲ့သူတွေ ပြန်လျှောက်လို့ရမယ်ပေါ့လေ။ နောက် တစ်ခုက တင်ဒါတွေပေးတဲ့ကိစ္စပါ။ တင်ဒါတွေကို မြို့နယ်တွေကိုချပေးတဲ့အခါမှာ မြို့နယ်အသီးသီးကအ ရွေးချယ်ခံကိုယ်စားလှယ်များနဲ့ ညှိနှိုင်းတိုင်ပင်ပါဝင်ပြီးမှ ဆောင်ရွက်ဖို့ဆိုတဲ့ဟာ။ ဒါလည်း သူတို့အနေနဲ့လက်ခံပါတယ်။ ဒါကလည်း ဥပဒေနဲ့ညီတယ်လေ။ ဒါတွေလုပ်နိုင်ခဲ့ပါတယ်။

အန်ကယ်တာဝန်ယူတဲ့ တိုင်စာ၊ ကတိကဝတ်နဲ့ အသနားခံစာများ ဆိုင်ရာ စိစစ်ရေးကော်မတီဆီ လူ ထုရဲ့ တိုင်ကြားလာမှု အခြေအ နေကရော ဘယ်လိုရှိနေလဲဗျ

ကျွန်တော်တို့ ကော်မတီဆီကို လတ်တလော တိုင်ကြားထားတဲ့ တိုင်စာတွေဆိုရင် ၄ဝ ဝန်းကျင် တော့ ရှိနေတယ်။ အများဆုံး တိုင် ကြားကြတာကတော့ မြေယာကိစ္စ တွေပါပဲ။ပြည်နယ်လွှတ်တော်က အခုကြုံ တွေ့နေရတဲ့ မြေယာပြဿနာတွေ အတွက် ပြည်နယ်အစိုးရကို ဘယ် လိုတိုက်တွန်းသွားဖို့ အစီအစဉ် ရှိ ပါသလဲခင်ဗျ။ကျွန်တော်တို့အနေနဲ့ကတော့ မလုပ်ရသေးတာကြီးကိုတော့ ပြော လို့တော့ မရဘူး။ ကျွန်တော်တို့ အနေနဲ့သင့်ပါတယ်လို့ဆုံးဖြတ်ပြီးရင်တော့ အစိုးရကိုဆောင်ရွက်ဖို့ ပေးပို့ရပါတယ်။ သူတို့ကအကောင် အထည်ဖော်ပြီးရင်တော့ သူတို့ ဘယ်လို အကောင်အထည်ဖော်ပါ တယ်ဆိုတာကို ကျွန်တော်တို့ဆီကို အစီရင်ခံစာ ပြန်ပို့ရပါတယ်။ ရှေ့ လျှောက်ကတော့ ဥပဒေနဲ့မညီတဲ့ ကိစ္စတွကို ဥပဒေနဲ့အညီဆောင် ရွက်နိုင်ဖို့ အစိုးရကိုတိုက်တွန်းရပါ မယ်။ အခုဟာက ဥပဒေမဲ့က များ နေတယ်။ ဒီမိုကရေစီရတယ်ဆိုပြီး တော့ ကိုယ့်ဟာကိုယ်အိမ်ဆောက် ချင်ဆေက်မယ်။ ခြံကာချင်ကာ မယ်ဆိုတာကြီးကတော့ ဒါတော့ အဓိပ္ပာယ်ကောက် မှားနေတယ် ပေါ့။

လူထုကို သတင်းပေးဖို့လည်း အများကြီး လိုနေသေးတယ်။ ဆို တော့ ဥပဒေချိုးဖောက်တဲ့ကိစ္စက တော့ ဥပဒေအတိုင်းပဲသွားရမှာပဲ။ဆိုလိုတာကတော့ သူတို့မှာဂရမ် တွေ ဘာတွေ ဘာမှမရှိဘူး ဆိုပါ တော့။ ပြီးတော့ အိမ်တွေဆောက် ထားတယ်ဆိုရင် ဒါတွေက ဥပဒေ အတိုင်းသွားရမှာပါပဲ။ တည်ဆဲဥပ ဒေကိုတော့ ဘယ်သူမဆိုချိုးဖောက် လို့မရဘူး။ ဒါပေမယ့်လည်း လက် ရှိ တည်ဆဲဥပဒေအရနဲ့ ဒီတောင် ပေါ်ဖြစ်နေတာကတော့ နည်းနည်း ကွဲလွဲမှုရှိနေသေးတယ်။ တည်ဆဲ အရတော့ လက်ရှိမြေခွန်မဆောင် ဘူး။ ပုံစံ ၇တွေ မရထားဘူးဆို ရင်တော့ ဒါက အစိုးရပိုင်မြေလို့ဆို တာပေါ့။ ဒီမှာကတော့ ပုံစံ၇ မရ လည်းဘဲ ဒါဟာ ကျွန်မတို့ဘိုးဘွား ပိုင်တဲ့မြေတွေပဲ ဖြစ်ပါတယ်လို့ ရွာ ကမြေတွေ၊ တောင်ယာမြေတွေ ကျွန်မတို့ပဲ ပိုင်ပါတယ်လို့တော့ အ ယူရှိတာပေါ့ သူတို့က။ ဒီကြားထဲ မှာတာ့ မပြေလည်တာလေးတွေ ရှိ နေသေးတယ်။ ဒီအပေါ်မှာ တည်ဆဲဥပဒေက လုံးလုံးရာနှုန်း ပြည့် မသက်ရောက်သေးဘူးလို့ ပြောရမှာပေါ့။ အစိုးရရဲ့ လက်ရှိ ပြဋ္ဌာန်းထားတာတွေကို ပြည်နယ် ပြည်သူလူထုက ရာနှုန်းပြည့်မလိုက် နာချင်သေးဘူးလို့သဘောပေါ့။

အဆင်းရဲဆုံး ချင်းပြည်နယ် တိုး တက်ဖို့အတွက် လွှတ်တော်ပိုင်းက ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါ သလဲခင်ဗျ။

ဒီဟာကတော့ နံပါတ်၁ က တော့ တရားဥပဒေစိုးမိုးရေးပဲပေါ့။ တရားဥပဒေစိုးမိုးပြီဆိုရင် ဒီမိုက ရေစီပန်းတိုင်ရောက်ပြီပေါ့။ ရှိပြီး သားဥပဒေစိုးမိုးနေရမယ်။ နောက် လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေတွေပြင်ရမယ်။ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းရမယ်။ ဆိုတော့ လွှတ်တော်အနေနဲ့ကတော့ လိုက် လျောညီထွေ မဖြစ်တဲ့ဥပဒေတွေ ကိုပြန်ပြင်ဖို့။ ဒါကတော့ တစ်ခု တည်း မဟုတ်ဘူးပေါ့။ ဌာနဆိုင် ရာတွေက တက်လာတဲ့ဟာတွေရှိ ကောင်းရှိမယ်။ လွှတ်တော်အနေ နဲ့ သီးခြားပြဋ္ဌာန်းလိုက်ရတဲ့ဥပဒေ ရှိမယ်။ နောက်ပြီးတော့ အသစ်ပြ ဋ္ဌာန်းသင့်တဲ့ ဥပဒေမျိုးတွေပေါ့။ ဒါကတော့ ဒီဒေသနဲ့ဆိုင်တဲ့ စီးပွား ရေးတို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ သားရဲတိရစ္ဆာန် တို့၊ သစ်တောတွေနဲ့ပတ်သက်တဲ့ အသစ်ပြဋ္ဌာန်းသင့်တဲ့ ဥပဒေမျိုး တွေကျတော့လည်း အသစ်ပြဋ္ဌာန်း ဖို့တွေရှိပါမယ်။ ပြီးတော့ ပြန်လည် ပြုပြင်တဲ့ ဥပဒေရယ်၊ အသစ် ပြ ဋ္ဌာန်းတဲ့ ဥပဒေရယ်၊ တည်ဆဲဥပဒေရယ် အားလုံးသည် အသက် ဝင်နေဖို့က အဓိက ပန်းတိုင်ပါ။ အခု မြန်မာပြည်ရဲ့ ပြဿနာက ဥပဒေကသီးခြား။ လူတွေက ဥပ ဒေနဲ့အညီ မနေတာဟာ မြန်မာ ပြည်ရဲ့ ပြဿနာလေ။ ဒါကိုပဲ ဒီမို ကရေစီမရဘူးလို့ ခေါ်တာပါပဲ။

ဒါဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိ သေးဘူးဆိုရင် ဒီမိုကရေစီမရသေး ဘူးလို့ဆိုတော့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကြီးအနေနဲ့ ချင်းပြည်နယ် မှာ ဒီမိုကရေစီမရသေးဘူးလို့ဆို လိုချင်သလား။ ချင်းပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုကို ရာခိုင်နှုန်းနဲ့ ပြောပါဆိုရင် ဘယ်လောက်ဖြစ် မလဲခင်ဗျာ။

ဆိုလိုတယ်။ ဆိုလိုတယ်။ ဘာ ကြောင့်ဆိုလိုသလဲဆိုတော့ ဒီမိုက ရေစီရဲ့အနှစ်သာရဆိုတာက ဒီဥပ ဒေကို သေချာနားလည်ပြီးခါမှ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် တွေကို လည်း အကုန်လုံးနားလည် ပြီးမှ ဝိုင်းဝန်းပြီးတာဝန်ကျေတယ် ဆိုမှ ဒါဟာ လိုလားအပ်တဲ့ အဓိပ္ပာယ်လေ။ ဒီလိုမဟုတ်ဘဲ ဒီ ဥပဒေကိုလည်း မသိသေးဘူး။လိုက်နာမှုလည်း မရှိသေးဘူးဆို သရွေ့ကတော့ ဒီမိုကရေစီမရဘူး။ပြောချင်တာက မတိုးတက်ဘူး။ ဒီမှာ ဥပဒေ မလိုက်နာမှုအပိုင်းက တော့ ၇ဝ ရာခိုင်နှုန်းပေါ့။ ဒါ တောင်မှ မှန်းခြေ ပြောရတာနော်။ ၇ဝ ရာခိုင်နှုန်းလောက် ဥပဒေမ လိုက်နာကြဘူးလို့ ပြောရမှာပေါ့။ မလိုက်နာဘူးလို့ ပြောတဲ့နေရာမှာ လည်း ၂မျိုး ရှိနိုင်တာပေါ့။ မသိလို့ မလိုက်နာတာနဲ့ သိရဲ့သားနဲ့ မ လိုက်နာတာပေါ့။ အဲဒီ ၂ခုထဲမှာ တော့ မသိလို့ မလိုက်နာတာက အများစုပေါ့။ မသိဘူးဆိုတော့ ဘာကိုလိုက်နာမှာတုံး။ ဒီတော့ သူတို့သိအောင် လုပ်ပေးဖို့ကလည်း နံပါတ်၁။ သိပြီးမှ သူတို့အနေနဲ့ကျင့် ရမယ်လေ။ ခုနပြောခဲ့တဲ့ ဒီမိုကရေ စီဆိုတာတော့ နံပါတ် ၁ အနေနဲ့ သူတို့သိနေရမယ်လေ။ နိုင်ငံသား တစ်ဦးချင်းစီရဲ့ တာဝန်ကိုသိနေမှ တိုင်းပြည်ကတိုးတက်မှာကိုး။ အဲဒါ က အစိုးကတာဝန်ချည်းပဲ မဟုတ် ဘူးနော်။ ပြည်သူတစ်ဦး ချင်းစီက ဒီဖြစ်စဉ်မှာ ပါဝင်နေမှ။

သိရဲ့သားနဲ့ ဥပဒေချိုးဖောက်တဲ့သူ တွေအနေနဲ့ဆိုရင် ချင်းပြည်နယ်ထဲ မှာ ဘယ်ဥပဒေတွေကို အချိုး ဖောက်ဆုံး ဖြစ်မလဲခင်ဗျ။

ဒီမှာကတော့ စည်ပင်ဥပဒေ၊ သစ်တောဥပဒေ၊ လမ်းဥပဒေ၊ ယာဉ်ဥပဒေနဲ့ ယာဉ်စည်းကမ်းဥပ ဒေတွေပေါ့။ ဒါတွေကတော့ ဒီမှာ နေ့တိုင်း ထိတွေ့နေရတဲ့အရာတွေ ပေါ့။ အစိုးရဘက်က လည်းလိုက်နာတယ်လို့ ကျွန်တော် မပြာဘူးနော်။ အစိုးရဘက်ကလည်း လျှပ်စစ်ဌာနက လျှပ်စစ်ဥပဒေနဲ့ အညီလုပ်ပါတယ်လို့ ကျွန်တော်မ ပြောဘူးနော်။ စည်ပင်ကလည်း စည်ပင်ဥပဒေအတိုင်း လုပ်ပါ တယ်လို့ ကျွန်တော်မပြောဘူး။ အ ခုက ပြည်သူအပိုင်းကိုမေးလို့ ပြည် သူအပိုင်းကိုပြောပြတာ။ အစိုးရ ပိုင်းကလည်း သူတို့တာဝန်တွေ အကုန်ကျေပါတယ်လို့ ကျွန်တော် မပြောဘူး။

ဒါဆိုရင် ပြည်နယ်အစိုးရအနေနဲ့လိုအပ်ချက်တွေ ရှိနေတယ်ဆိုတဲ့ သဘောကို ဆိုလိုချင်တာပါလား ခင်ဗျား။

ဟာ .. လိုအပ်ချက်တွေ အ များကြီးပေါ့။ လျှပ်စစ်ဥပဒေဆိုရင် ၂၂ဝ မှာ ရှိနေရမယ်လို့ပြောထား ပေမယ့် ဒီမှာဖြစ်လို့လား။ သူ့ကို ပေးထားရတာ ၁ဝ ရာခိုင်နှုန်းပဲ လေ။ ဒါတွေကို လည်းကိုယ် က နားလည်နေရမယ်နော်။ သစ် တောကလည်း သစ်တောဥပဒေ၊ စည်ပင်ကလည်း စည်ပင်ဥပဒေ တွေကိုလိုက်နာနေရမှာပေါ့။ ထိန်း သိမ်းတာ၊ ကြပ်မတ်တာ။ပညာပေး တာက အစပေါ့။ အလေးတင်း တောင်းတွေကို ဆန်အလေးတွေ၊ ဆန်ဂါလန်ခွက်တွေ ထားတာအစ ဒါတွေဆိုလည်း သူတို့ဘက်ကအ များကြီးအားနည်းတာပေါ့။ အစိုးရ ပိုင်းကလည်း လိုအပ်ချက်တွေရှိနေ တယ်။ မလုပ်နိုင်သေးတာကလည်း ပြဿနာ မရှိဘူး။ သူတို့လုပ်လာ အောင်လည်းကျွန်တော်တို့ လွှတ် တော်က တွန်းအားပေးရမှာဖြစ်ပါ တယ်။ အခုမှ အစဆိုတော့ သူ့ ဘက်ကိုယ့်ဘက်ကတော့ ဟာနေကြတာပေါ့။ ဟာနေတာချည်းပဲ။

တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ် တွေကို ချင်းပြည်နယ်မှာ ဖော် ဆောင်တဲ့နေရာမှာ အခြားပြည် နယ်နဲ့တိုင်းတွေမှာ ဆောင်ရွက်ရ တာနဲ့ကွာခြားမှုရှိလား။ ဘယ်လို သုံးသပ်မှုပါသလဲခင်ဗျ။ ကွာခြား မှုရှိတယ်ဆိုရင် ဘယ်လိုအချက် တွေကြောင့်ဖြစ်မလဲခင်ဗျ။ နောက် ပြီး တစ်ခုထပ်မေးချင်တာက ချင်း ပြည်နယ်ဘက်မှာ တောတောင်ရေ မြေတွေဟာ အတော်လေးသဘာဝ အတိုင်းကောင်းကောင်းကျန်သေးတာကိုတွေ့ရတယ်။ ဥပဒေပြုရေး ဘက်ကအနေနဲ့ ဒီလိုတောတောင် တွေကို ထိန်းသိမ်းဖို့ ဘယ်လိုဥပဒေ တွေနဲ့ ထပ်မံပြဋ္ဌာန်း ဆောင်ရွက် သွားဖို့ ရှိပါသလဲခင်ဗျ။

နည်းနည်းတော့ ပိုခက်နိုင် တယ်လို့ ထင်တယ်။ လိုက်နာနိုင်မှု အပိုင်းကို လုပ်ဆောင်တဲ့နေရာမှာ ပေါ့လေ။ ဘာကြောင့်လဲဆိုရင် တော့ အဲဒါကအမှန်အတိုင်း ပြော ရရင် တရားဥပဒေစိုးမိုးရေးတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တွေဆိုတာပညာနဲ့ဆိုင်တယ်။ တစ် ဦးချင်းစီရဲ့ ပညာနဲ့ဆိုင်တယ်လို့ ပြောချင်ပါတယ်။ ဒီမိုကရေစီရဲ့ရေ ချိန်ဆိုတာလည်း  အထွေထွေဗဟု သုတနဲ့လည်း သွားတာကိုး။ အဲဒီ ရေချိန်လေးတွေတော့ အနည်းအ ကျဉ်း လိုနေသေးတာပေါ့။ စည်း ကမ်းတွေဟာ တစ်ဦးချင်းစီအတွက် တိုးတက်ဖို့ပဲ။ တိုင်းပြည်တိုးတက် ဖို့ပဲဆိုတာကို အကျိုးအကြောင်း နားလည်သွားတဲ့အခါတော့ လုပ်ရ ကိုင်ရ လွယ်တာပေါ့လေ။ နားမ လည်တဲ့အခါကျတော့ ဒါကိုယ့်ကို ချုပ်ချယ်နေတဲ့ဟာပဲဆိုပြီး ခံစား နေရတယ်ဆိုရင် လုပ်ရကိုင်ရ ခက် တယ်လေ။ အဲဒါကြောင့်ဌာနဆိုင် ရာတွေကပညာပေးရမယ်လို့ ပြော တာ ရေချိန်မြင့်တက်စေချင်တဲ့ သ ဘောပါ။ တောတောင်ရေမြေ အဲဒီ အပိုင်းကို ကျွန်တော်ပြောရရင် ဥပဒေက သိပ်လွယ်တယ်။ ကျွန် တော်တို့အနေနဲ့ ဥပဒေသိပ်မပြု ချင်တာလည်းရှိတယ်။ မကျင့်သုံး နိုင်တဲ့ ဥပဒေဆိုတာ မရှိတာနဲ့အ တူတူပဲ။ ပြောချင်တာက သစ်တစ် ပင်ခုတ်ရင် ထောင်ဘယ်နှနှစ်လို့ ဥပဒေမှာ ပြောထားတယ်။ ဒါပေ မယ့် ဘယ်သူကမှ မလိုက်နာရင် ဒီဥပဒေဟာ အသက်မဝင်သလို ဖြစ်မနေဘူးလား။ ဥပဒေပြုရတဲ့သူ တွေကလည်း အရူးနဲ့မတူဘူးလား။ ဒါဆိုရင် ဒီဥပဒေတစ်ခုပြုလိုက် တာနဲ့ မင်းတပ်မြို့နယ်ထဲမှာ သစ် တစ်ပင်ခုတ်ရင် ထောင်ဘယ်နှနှစ် ဆိုပြီး ကျွန်တော် ပြောလိုက်တယ်။ ဒါဆိုရင် မင်းတပ်ခရိုင်ထဲမှာ သစ် တောဧရိယာ ဘယ်လောက်ရှိတယ် ဆိုတာသိဖို့လိုလာပြီ။

သိမှခုတ်ရ မယ့်နေရာနဲ့ မခုတ်ရမယ့်နေရာ ခွဲ ခြားသိရမယ်။ ဥပမာ ဒါကတော့ စည်ပင်ဧရိယာ၊ ဒါကတော့ လယ် ကွင်း။ ပြီးမှ မင်းတပ်ခရိုင်အတွင်း မခုတ်ရမယ့် နေရာက ဘယ်  လောက်ဆိုတာ သိဖို့လိုတယ်။ ပြီး ရင် ထိန်းသိမ်းဖို့ လက်နက်ကိုင် ထားတဲ့ သစ်တောဝန်ထမ်းဟာ ဘယ်လောက် ရှိသင့်တယ်ဆိုတာ သိသင့်ပါတယ်။ သူတို့က ပတ်နေ ရမှာလေ။ သစ်ပင်တစ်ပင် ဒီနေ့ ခုတ်လိုက်ပြီဆိုတာနဲ့ တစ်ရက်နှစ် ရက်အတွင်း တရားခံဟာရောက် လာဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ သစ်တောဝန်ထမ်း လိုပါတယ်။ဆို လိုတာက ဥပဒေတစ်ရပ် လက်တွေ့ အသုံးဝင်ဖို့ဆိုတာက အစိုးရအဖွဲ့ က ဒီအစီအစဉ်တွေကို သေချာ ချ ပြီးမှလုပ်ရမယ်။ လေ့ကျင့်ပြီးသား ဝန်ထမ်းတွေလည်း ရှိနေရမယ်။ ဒီ လိုမှမဟုတ်ရင် တောကြီးသာ ပြောင်သွားတယ် ဥပဒေက အိပ် ပျော်နေတယ်ဆိုရင်တော့ ကျွန် တော်တို့က သိပ်မကြိုက်ဘူး။ ဒီ တော့ ရှိနေပြီးသား ဥပဒေတွေကို နိုင်အောင်သုံး။ ဝန်ထမ်းမလုံလောက် ရင်တိုးချဲ့ခန့်ပေါ့။ ဒီတော့ပြည် နယ်အစိုးရကို တိုက်တွန်းဖို့ဆိုတာ လည်း သူ့မှာ သစ်တောဝန်ထမ်း ငါးယောက်လောက်ရှိတာ ဥပဒေ အတိုင်းလုပ်ဆိုရင်လည်း သစ်တော သာပြောင်သွားမယ် သူတို့မလုပ် နိုင်ဘူးလေ။ ဒီတော့ အရင်သူတို့နဲ့ ကျွန်တော်တို့နဲ့ အရင်ညှိပြီးရင် ဒီ လိုပြဿနာတွေရှိတယ်ဆိုရင် ပြည် ထောင်စုနဲ့ ပြန်ချိတ်မလားဆိုတဲ့ အပိုင်းတွေရှိသေးတယ်။

ချင်းပြည်နယ် ပြည်နယ်လွှတ်တော် က အခု ဘာတွေ လုပ်ဆောင်နေပါ သလဲခင်ဗျ။

ကျွန်တော်တို့အနေနဲ့ ပြည် နယ်အစိုးရကို လောလောဆယ် လုပ်နိုင်ခဲ့တဲ့ကိစ္စက ၂ ခု တော့ရှိခဲ့ ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အရင်ကဒီမှာ ကျောင်းဆရာတွေ ခန့်တဲ့အခါမှာ အသက်အရွယ်ကန့် သတ်တာမျိုးရှိတယ်။ အသက် နည်းနည်းကျော်တဲ့သူဆို မရတော့ ဘူး။ အဲဒီကိစ္စကို ကျွန်တော်တို့အ နေနဲ့ အသက်အရွယ်ကို ပြန်ပြင် ပေးဖို့ ပညာရေးဝန်ကြီးကို တိုက်တွန်းနိုင်ခဲ့တယ်။ သူတို့ပြန်လုပ်ပေးပါတယ်။ အသက် ၃၃ နှစ်လောက် အထိ ပြန်တိုးပေးခဲ့ပါတယ်။ဆိုတော့ အလုပ်မရခဲ့တဲ့သူတွေ ပြန် လျှောက်လို့ရမယ်ပေါ့လေ။ နောက် တစ်ခုက တင်ဒါတွေပေးတဲ့ကိစ္စပါ။ တင်ဒါတွေကို မြို့နယ်တွေကိုချပေး တဲ့အခါမှာ မြို့နယ်အသီးသီးကအ ရွေးချယ်ခံကိုယ်စားလှယ်များနဲ့ ညှိ နှိုင်းတိုင်ပင်ပါဝင်ပြီးမှဆောင်ရွက် ဖို့ဆိုတဲ့ဟာ။ ဒါလည်း သူတို့အနေ နဲ့လက်ခံပါတယ်။ ဒါကလည်း ဥပ ဒေနဲ့ညီတယ်လေ။ ဒါတွေ လုပ်နိုင် ခဲ့ပါတယ်။

အန်ကယ်တာဝန်ယူတဲ့ တိုင်စာ၊ ကတိကဝတ်နဲ့ အသနားခံစာများ ဆိုင်ရာ စိစစ်ရေးကော်မတီဆီ လူ ထုရဲ့ တိုင်ကြားလာမှု အခြေအ နေကရော ဘယ်လိုရှိနေလဲဗျ။

ကျွန်တော်တို့ ကော်မတီဆီကို လတ်တလော တိုင်ကြားထားတဲ့ တိုင်စာတွေဆိုရင် ၄ဝ ဝန်းကျင် တော့ ရှိနေတယ်။ အများဆုံး တိုင် ကြားကြတာကတော့ မြေယာကိစ္စ တွေပါပဲ။ပြည်နယ်လွှတ်တော်က အခုကြုံ တွေ့နေရတဲ့ မြေယာပြဿနာတွေ အတွက် ပြည်နယ်အစိုးရကို ဘယ် လိုတိုက်တွန်းသွားဖို့ အစီအစဉ် ရှိ ပါသလဲခင်ဗျ။ကျွန်တော်တို့အနေနဲ့ကတော့ မလုပ်ရသေးတာကြီးကိုတော့ ပြော လို့တော့ မရဘူး။ ကျွန်တော်တို့ အနေနဲ့သင့်ပါတယ်လို့ဆုံးဖြတ်ပြီးရင်တော့ အစိုးရကိုဆောင်ရွက်ဖို့ ပေးပို့ရပါတယ်။ သူတို့ကအကောင်အထည်ဖော်ပြီးရင်တော့ သူတို့ ဘယ်လို အကောင်အထည်ဖော်ပါ တယ်ဆိုတာကို ကျွန်တော်တို့ဆီကို အစီရင်ခံစာ ပြန်ပို့ရပါတယ်။ ရှေ့ လျှောက်ကတော့ ဥပဒေနဲ့မညီတဲ့ကိစ္စတွေကို ဥပဒေနဲ့အညီဆောင် ရွက်နိုင်ဖို့ အစိုးရကိုတိုက်တွန်းရပါ မယ်။ အခုဟာက ဥပဒေမဲ့က များ နေတယ်။ ဒီမိုကရေစီရတယ်ဆိုပြီး တော့ ကိုယ့်ဟာကိုယ်အိမ်ဆောက် ချင်ဆောက်မယ်။ခြံကာချင်ကာ မယ်ဆိုတာကြီးကတော့ ဒါတော့ အဓိပ္ပာယ်ကောက် မှားနေတယ် ပေါ့။

လူထုကို သတင်းပေးဖို့လည်း အများကြီး လိုနေသေးတယ်။ ဆို တော့ ဥပဒေချိုးဖောက်တဲ့ကိစ္စက တော့ ဥပဒေအတိုင်းပဲသွားရမှာပဲ။ဆိုလိုတာကတော့ သူတို့မှာဂရမ် တွေ ဘာတွေ ဘာမှမရှိဘူး ဆိုပါ တော့။ ပြီးတော့ အိမ်တွေဆောက် ထားတယ်ဆိုရင် ဒါတွေက ဥပဒေ အတိုင်းသွားရမှာပါပဲ။ တည်ဆဲဥပ ဒေကိုတော့ ဘယ်သူမဆိုချိုးဖောက် လို့မရဘူး။ ဒါပေမယ့်လည်း လက် ရှိ တည်ဆဲဥပဒေအရနဲ့ ဒီတောင် ပေါ်ဖြစ်နေတာကတော့ နည်းနည်း ကွဲလွဲမှုရှိနေသေးတယ်။ တည်ဆဲ အရတော့ လက်ရှိမြေခွန်မဆောင် ဘူး။ ပုံစံ ၇တွေ မရထားဘူးဆို ရင်တော့ ဒါက အစိုးရပိုင်မြေလို့ဆို တာပေါ့။ ဒီမှာကတော့ ပုံစံ၇ မရ လည်းဘဲ ဒါဟာ ကျွန်မတို့ဘိုးဘွား ပိုင်တဲ့မြေတွေပဲ ဖြစ်ပါတယ်လို့ ရွာ ကမြေတွေ၊ တောင်ယာမြေတွေ ကျွန်မတို့ပဲ ပိုင်ပါတယ်လို့တော့ အ ယူရှိတာပေါ့ သူတို့က။ ဒီကြားထဲ မှာတော့ မပြေလည်တာလေးတွေ ရှိ နေသေးတယ်။ ဒီအပေါ်မှာ တည်ဆဲဥပဒေက လုံးလုံးရာနှုန်း ပြည့် မသက်ရောက်သေးဘူးလို့ ပြောရမှာပေါ့။ အစိုးရရဲ့ လက်ရှိ ပြဋ္ဌာန်းထားတာတွေကို ပြည်နယ် ပြည်သူလူထုက ရာနှုန်းပြည့်မလိုက် နာချင်သေးဘူးလို့သဘောပေါ့။

အဆင်းရဲဆုံး ချင်းပြည်နယ် တိုး တက်ဖို့အတွက် လွှတ်တော်ပိုင်းက ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါ သလဲခင်ဗျ။

ဒီဟာကတော့ နံပါတ်၁ က တော့ တရားဥပဒေစိုးမိုးရေးပဲပေါ့။ တရားဥပဒေစိုးမိုးပြီဆိုရင် ဒီမိုက ရေစီပန်းတိုင်ရောက်ပြီပေါ့။ ရှိပြီး သားဥပဒေစိုးမိုးနေရမယ်။ နောက် လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေတွေပြင်ရမယ်။ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းရမယ်။ ဆိုတော့ လွှတ်တော်အနေနဲ့ကတော့ လိုက် လျောညီထွေ မဖြစ်တဲ့ဥပဒေတွေ ကိုပြန်ပြင်ဖို့။ ဒါကတော့ တစ်ခု တည်း မဟုတ်ဘူးပေါ့။ ဌာနဆိုင် ရာတွေက တက်လာတဲ့ဟာတွေရှိ ကောင်းရှိမယ်။ လွှတ်တော်အနေ နဲ့ သီးခြားပြဋ္ဌာန်းလိုက်ရတဲ့ဥပဒေ ရှိမယ်။ နောက်ပြီးတော့ အသစ်ပြ ဋ္ဌာန်းသင့်တဲ့ ဥပဒေမျိုးတွေပေါ့။ ဒါကတော့ ဒီဒေသနဲ့ဆိုင်တဲ့ စီးပွား ရေးတို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ သားရဲတိရစ္ဆာန် တို့၊ သစ်တောတွေနဲ့ပတ်သက်တဲ့ အသစ်ပြဋ္ဌာန်းသင့်တဲ့ ဥပဒေမျိုး တွေကျတော့လည်း အသစ်ပြဋ္ဌာန်း ဖို့တွေရှိပါမယ်။ ပြီးတော့ ပြန်လည် ပြုပြင်တဲ့ ဥပဒေရယ်၊ အသစ် ပြ ဋ္ဌာန်းတဲ့ ဥပဒေရယ်၊ တည်ဆဲဥပ ဒေရယ် အားလုံးသည် အသက် ဝင်နေဖို့က အဓိက ပန်းတိုင်ပါ။ အခု မြန်မာပြည်ရဲ့ ပြဿနာက ဥပဒေကသီးခြား။ လူတွေက ဥပ ဒေနဲ့အညီ မနေတာဟာ မြန်မာ ပြည်ရဲ့ ပြဿနာလေ။ ဒါကိုပဲ ဒီမို ကရေစီမရဘူးလို့ ခေါ်တာပါပဲ။

ဒါဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိ သေးဘူးဆိုရင် ဒီမိုကရေစီမရသေး ဘူးလို့ဆိုတော့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကြီးအနေနဲ့ ချင်းပြည်နယ် မှာ ဒီမိုကရေစီမရသေးဘူးလို့ဆို လိုချင်သလား။ ချင်းပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုကို ရာခိုင်နှုန်းနဲ့ ပြောပါဆိုရင် ဘယ်လောက်ဖြစ် မလဲခင်ဗျာ။

ဆိုလိုတယ်။ ဆိုလိုတယ်။ ဘာ ကြောင့်ဆိုလိုသလဲဆိုတော့ ဒီမိုက ရေစီရဲ့အနှစ်သာရဆိုတာက ဒီဥပ ဒေကို သေချာနားလည်ပြီးခါမှ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် တွေကို လည်း အကုန်လုံးနားလည် ပြီးမှ ဝိုင်းဝန်းပြီးတာဝန်ကျေတယ် ဆိုမှ ဒါဟာ လိုလားအပ်တဲ့ အဓိပ္ပာယ်လေ။ ဒီလိုမဟုတ်ဘဲ ဒီ ဥပဒေကိုလည်း မသိသေးဘူး။လိုက်နာမှုလည်း မ ရှိသေးဘူးဆို သရွေ့ကတော့ ဒီမိုကရေစီမရဘူး။ပြောချင်တာက မတိုးတက်ဘူး။ ဒီမှာ ဥပဒေ မလိုက်နာမှုအပိုင်းက တော့ ၇ဝ ရာခိုင်နှုန်းပေါ့။ ဒါ တောင်မှ မှန်းခြေ ပြောတာနော်။ ၇ဝ ရာခိုင်နှုန်းလောက် ဥပဒေမ လိုက်နာကြဘူးလို့ ပြောရမှာပေါ့။ မလိုက်နာဘူးလို့ ပြောတဲ့နေရာမှာ လည်း ၂မျိုး ရှိနိုင်တာပေါ့။ မသိလို့ မလိုက်နာတာနဲ့ သိရဲ့သားနဲ့ မလိုက်နာတာပေါ့။ အဲဒီ ၂ခုထဲမှာ တော့ မသိလို့ မလိုက်နာတာက အများစုပေါ့။ မသိဘူးဆိုတော့ ဘာကိုလိုက်နာမှာတုံး။ ဒီတော့ သူတို့သိအောင် လုပ်ပေးဖို့ကလည်း နံပါတ်၁။ သိပြီးမှသူတို့အနေနဲ့ကျင့် ရမယ်လေ။ ခုနပြောခဲ့တဲ့ ဒီမိုကရေ စီဆိုတာတော့ နံပါတ် ၁ အနေနဲ့ သူတို့သိနေရမယ်လေ။ နိုင်ငံသား တစ်ဦးချင်းစီရဲ့ တာဝန်ကိုသိနေမှ တိုင်းပြည်ကတိုးတက်မှာကိုး။ အဲဒါ က အစိုးကတာဝန်ချည်းပဲ မဟုတ် ဘူးနော်။ ပြည်သူတစ်ဦး ချင်းစီက ဒီဖြစ်စဉ်မှာ ပါဝင်နေမှ။

သိရဲ့သားနဲ့ ဥပဒေချိုးဖောက်တဲ့သူ တွေအနေနဲ့ဆိုရင် ချင်းပြည်နယ်ထဲ မှာ ဘယ်ဥပဒေတွေကို အချိုး ဖောက်ဆုံး ဖြစ်မလဲခင်ဗျ။

ဒီမှာကတော့ စည်ပင်ဥပဒေ၊ သစ်တောဥပဒေ၊ လမ်းဥပဒေ၊ ယာဉ်ဥပဒေနဲ့ ယာဉ်စည်းကမ်းဥပ ဒေတွေပေါ့။ ဒါတွေကတော့ဒီမှာ နေ့တိုင်း ထိတွေ့ နေရတဲ့အရာတွေ ပေါ့။ ဒါပေမဲ့ ဒါက လူထုဘက်ကပြောတာနော်။ အစိုးရဘက်က လည်းလိုက်နာတယ်လို့ ကျွန်တော် မပြာဘူးနော်။ အစိုးရဘက်ကလည်း လျှပ်စစ်ဌာနက လျှပ်စစ်ဥပဒေနဲ့ အညီလုပ်ပါတယ်လို့ ကျွန်တော်မ ပြောဘူးနော်။ စည်ပင်ကလည်း စည်ပင်ဥပဒေအတိုင်း လုပ်ပါတယ်လို့ ကျွန်တော်မပြောဘူး။ အခုက ပြည်သူအပိုင်းကိုမေးလို့ ပြည်သူအပိုင်းကိုပြောပြတာ။ အစိုးရ ပိုင်းကလည်း သူတို့တာဝန်တွေ အကုန်ကျေပါတယ်လို့ ကျွန်တော် မပြောဘူး။

ဒါဆိုရင် ပြည်နယ်အစိုးရအနေနဲ့လိုအပ်ချက်တွေ ရှိနေတယ်ဆိုတဲ့ သဘောကို ဆိုလိုချင်တာပေါလား ခင်ဗျား

ဟာ ..လိုအပ်ချက်တွေအများကြီးပေါ့။လျှပ်စစ်ဥပဒေဆိုရင်၂၂ဝ မှာရှိနေရမယ်လို့ပြောထား ပေမယ့် ဒီမှာဖြစ်လို့လား။သူ့ကိုပေးထားရတာ၁ဝရာခိုင်နှုန်းပဲ လေ။ဒါတွေကိုလည်းကိုယ်ကနားလည်နေရမယ်နော်။ သစ်တောကလည်း သစ်တောဥပဒေ၊ စည်ပင်ကလည်း စည်ပင်ဥပဒေတွေကို လိုက်နာနေရမှာပေါ့။ ထိန်းသိမ်းတာ၊ ကြပ်မတ်တာ၊ ပညာပေး တာက အစပေါ့။ အလေးတင်း တောင်းတွေကို ဆန်အလေးတွေ၊ ဆန်ဂါလန်ခွက်တွေ ထားတာအစ ဒါတွေဆိုလည်း သူတို့ဘက်ကအများကြီးအားနည်းတာပေါ့။ အစိုးရ ပိုင်းကလည်း လိုအပ်ချက်တွေရှိနေ တယ်။ မလုပ်နိုင်သေးတာကလည်း ပြဿနာ မရှိဘူး။ သူတို့လုပ်လာ အောင်လည်း ကျွန်တော်တို့ လွှတ်တော်က တွန်းအားပေးရမှာဖြစ်ပါ တယ်။ အခုမှ အစဆိုတော့ သူ့ ဘက်ကိုယ့်ဘက်ကတော့ ဟာနေကြတာပေါ့။ ဟာနေတာချည်းပဲ။

တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ် တွေကို ချင်းပြည်နယ်မှာ ဖော် ဆောင်တဲ့နေရာမှာ အခြားပြည် နယ်နဲ့တိုင်းတွေမှာ ဆောင်ရွက်ရ တာနဲ့ကွာခြားမှုရှိလား။ ဘယ်လို သုံးသပ်မှုပါသလဲခင်ဗျ။ ကွာခြား မှုရှိတယ်ဆိုရင် ဘယ်လိုအချက် တွေကြောင့်ဖြစ်မလဲခင်ဗျ။ နောက် ပြီး တစ်ခုထပ်မေးချင်တာက ချင်း ပြည်နယ်ဘက်မှာ တောတောင်ရေ မြေတွေဟာ အတော်လေးသဘာဝ အတိုင်းကောင်းကောင်းကျန်သေးတာကိုတွေ့ရတယ်။ ဥပဒေပြုရေး ဘက်ကအနေနဲ့ ဒီလိုတောတောင် တွေကို ထိန်းသိမ်းဖို့ ဘယ်လိုဥပဒေ တွေနဲ့ ထပ်မံပြဋ္ဌာန်း ဆောင်ရွက် သွားဖို့ ရှိပါသလဲခင်ဗျ

နည်းနည်းတော့ ပိုခက်နိုင် တယ်လို့ ထင်တယ်။လိုက်နာနိုင်မှု အပိုင်းကို လုပ်ဆောင်တဲ့နေရာမှာ ပေါ့လေ။ ဘာကြောင့်လဲဆိုရင် တော့ အဲဒါကအမှန်အတိုင်း ပြောရရင်တရားဥပဒေစိုးမိုးရေးတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တွေဆိုတာပညာနဲ့ဆိုင်တယ်။ တစ် ဦးချင်းစီရဲ့ ပညာနဲ့ဆိုင်တယ်လို့ ပြောချင်ပါတယ်။ ဒီမိုကရေစီရဲ့ရေ ချိန်ဆိုတာလည်း  အထွေထွေဗဟု သုတနဲ့လည်း သွားတာကိုး။ အဲဒီ ရေချိန်လေးတွေတော့ အနည်းအကျဉ်း လိုနေသေးတာပေါ့။ စည်းကမ်းတွေဟာ တစ်ဦးချင်းစီအတွက် တိုးတက်ဖို့ပဲ။ တိုင်းပြည်တိုးတက် ဖို့ပဲဆိုတာကို အကျိုးအကြောင်း နားလည်သွားတဲ့အခါတော့ လုပ်ရ ကိုင်ရ လွယ်တာပေါ့လေ။ နားမလည်တဲ့အခါကျတော့ ဒါကိုယ့်ကို ချုပ်ချယ်နေတဲ့ဟာပဲဆိုပြီး ခံစား နေရတယ်ဆိုရင် လုပ်ရကိုင်ရ ခက်တယ်လေ။ အဲဒါကြောင့်ဌာနဆိုင် ရာတွေကပညာပေးရမယ်လို့ ပြောတာ ရေချိန်မြင့်တက်စေချင်တဲ့ သဘောပါ။ တောတောင်ရေမြေ အဲဒီ အပိုင်းကို ကျွန်တော်ပြောရရင် ဥပဒေက သိပ်လွယ်တယ်။ ကျွန်တော်တို့အနေနဲ့ ဥပဒေသိပ်မပြု ချင်တာလည်းရှိတယ်။ မကျင့်သုံး နိုင်တဲ့ ဥပဒေဆိုတာ မရှိတာနဲ့အ တူတူပဲ။ ပြောချင်တာက သစ်တစ် ပင်ခုတ်ရင် ထောင်ဘယ်နှနှစ်လို့ ဥပဒေမှာ ပြောထားတယ်။ ဒါပေမယ့် ဘယ်သူကမှ မလိုက်နာရင် ဒီဥပဒေဟာ အသက်မဝင်သလို ဖြစ်မနေဘူးလား။ ဥပဒေပြုရတဲ့သူ တွေကလည်း အရူးနဲ့မတူဘူးလား။ ဒါဆိုရင် ဒီဥပဒေတစ်ခုပြုလိုက် တာနဲ့ မင်းတပ်မြို့နယ်ထဲမှာ သစ်တစ်ပင်ခုတ်ရင် ထောင်ဘယ်နှနှစ်ဆိုပြီး ကျွန်တော်ပြောလိုက်တယ်။ ဒါဆိုရင် မင်းတပ်ခရိုင်ထဲမှာသစ် တောဧရိယာ ဘယ်လောက်ရှိတယ်ဆိုတာသိဖို့လိုလာပြီ။

သိမှခုတ်ရ မယ့်နေရာနဲ့ မခုတ်ရမယ့်နေရာ ခွဲ ခြားသိရမယ်။ ဥပမာ ဒါကတော့ စည်ပင်ဧရိယာ၊ ဒါကတော့ လယ် ကွင်း။ ပြီးမှ မင်းတပ်ခရိုင်အတွင်း မခုတ်ရမယ့် နေရာက ဘယ်  လောက်ဆိုတာ သိဖို့လိုတယ်။ ပြီး ရင် ထိန်းသိမ်းဖို့ လက်နက်ကိုင် ထားတဲ့ သစ်တောဝန်ထမ်းဟာ ဘယ်လောက် ရှိသင့်တယ်ဆိုတာ သိသင့်ပါတယ်။ သူတို့က ပတ်နေ ရမှာလေ။ သစ်ပင်တစ်ပင် ဒီနေ့ ခုတ်လိုက်ပြီဆိုတာနဲ့ တစ်ရက်နှစ် ရက်အတွင်း တရားခံဟာရောက် လာဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ သစ်တောဝန်ထမ်းလိုပါတယ်။ဆိုလိုတာကဥပဒေတစ်ရပ် လက်တွေ့ အသုံးဝင်ဖို့ဆိုတာက အစိုးရအဖွဲ့ က ဒီအစီအစဉ်တွေကို သေချာ ချ ပြီးမှလုပ်ရမယ်။ လေ့ကျင့်ပြီးသား ဝန်ထမ်းတွေလည်း ရှိနေရမယ်။ ဒီ လိုမှမဟုတ်ရင် တောကြီးသာ ပြောင်သွားတယ် ဥပဒေက အိပ်ပျော်နေတယ်ဆိုရင်တော့ ကျွန် တော်တို့က သိပ်မကြိုက်ဘူး။ ဒီ တော့ ရှိနေပြီးသား ဥပဒေတွေကိုနိုင်အောင်သုံး။ ဝန်ထမ်းမလုံလောက် ရင်တိုးချဲ့ခန့်ပေါ့။ ဒီတော့ပြည် နယ်အစိုးရကို တိုက်တွန်းဖို့ဆိုတာ လည်း သူ့မှာသစ်တောဝန်ထမ်း ငါးယောက်လောက်ရှိတာ ဥပဒေအတိုင်းလုပ်ဆိုရင်လည်းသစ်တောသာပြောင်သွားမယ်သူတို့မလုပ်နိုင်ဘူးလေ။ဒီတော့ အရင်သူတို့နဲ့ ကျွန်တော်တို့နဲ့ အရင်ညှိပြီးရင် ဒီလိုပြဿနာတွေရှိတယ်ဆိုရင် ပြည်ထောင်စုနဲ့ ပြန်ချိတ်မလားဆိုတဲ့အပိုင်းတွေရှိသေးတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*