သမိုင်းထဲက မြန်မာပြည်သား (၄)

သမိုင်းထဲက မြန်မာပြည်သား (၄)
March 16, 2017 Asian Fame

1:58 pm
သမိုင်းထဲက မြန်မာပြည်သား (၄)
မန္တလေးမြို့မှ လမ်းဘေး ဆေးလိပ်ဆိုင် တစ်ခု ကို ဗြိတိသျှ ဓါတ်ပုံ ဆရာ Willoughby Wallace Hooper က ၁၈၈၅ ခုနှစ်က မှတ်တမ်း တင်ထားခဲ့သည်။

မန္တလေးမြို့မှ လမ်းဘေး ဆေးလိပ်ဆိုင် တစ်ခု ကို ဗြိတိသျှ ဓါတ်ပုံ ဆရာ Willoughby Wallace Hooper က ၁၈၈၅ ခုနှစ်က မှတ်တမ်း တင်ထားခဲ့သည်။

ယခင်အပတ်မှအဆက် …
(၈)
အင်ကြင်း ကြာအုံ ရတနာပုံ၏ အရေးကြီး ရက်စွဲများ သမိုင်း

၁၈၅၃ စက်တင်ဘာ ၁၁
အမရပူရ မင်းနေပြည်တော်ကနေ ဘယ်မှ မပြောင်းသင့်ကြောင်း ရဟန်း ပညာရှိ လူပညာရှိတို့ မစိုးရိမ်တိုက်မှာ စည်းဝေးဆုံးဖြတ်၍ မေတ္တာစာရေးပြီး မင်းတုန်းမင်းထံဆက်။

၁၈၅၆ အောက်တိုဘာ ၃ဝ
ရဟန်းရှင်လူ ပြည်သူအများ တောင်း ပန်နေတဲ့ကြားက မြို့သစ် တည်မယ့်နေရာ သွားကြည့်

၁၈၅၆ အောက်တိုဘာ ၃၁
မြို့သစ်နေရာ အသေးစိတ် ပုံစံရေး ဆွဲစေ

၁၈၅၇ ဇန်နဝါရီ ၁၃
မန္တလေး မြို့တည်စေအမိန့်တော်

၁၈၅၇ ဖေဖော်ဝါရီ ၁ မှ ၁၈၅၉ ဇူလိုင် ၁၆
မြို့တော်သစ် တည်ဆောက်ပြင်ဆင်။ မင်းတုန်းမင်းက အင်္ဂါသားမို့ မြို့သစ်တည်ရာ မှာ အင်္ဂါသားတွေပဲ သုံးခဲ့တယ်။ ဒါကြောင့် အဲဒီနှစ်ပိုင်းတွေကို အင်္ဂါသားတွေ ကပ် ဆိုက်တဲ့နှစ်တွေလို့ ခေါ်ခဲ့ကြတယ်။

၁၇၅၉ ဧပြီ ၂၈
ရတနာပုံမန္တလေး နေပြည်တော်ပြီးစီး။ ၁၂၂၁ ခုနှစ် တန်ခူးလပြည့်ကျော် ၁ဝ ရက်- အုတ်ကျစ်ကျော်အေး မန္တလေး။

၁၈၆၁ ဧပြီ ၈
မီးလောင်(၁) မှန်နန်းတော်ကြမ်းကို ဆေးလိပ်မီးကစပြီး လောင်လို့ မင်းတုန်း မင်း ယာယီစံနန်းပြောင်း၊ ၁၈၆၁ အောက် တိုဘာ ၄ မှ ရွှေနန်းတော်ပြန်တက်။

၁၈၆၁ ဇူလိုင် ၃၁
မီးလောင်(၂) တရုတ်တန်း ငရွှေလှ အိမ်မှ စတင်လောင်ကျွမ်း။

၁၈၆၃ မတ် ၂၃
မန္တလေး တောင်အနီးမှာ နန်းမြေဘုံ သာအမည်နဲ့ စံနန်းတစ်ဆောင်ဆောက်ပြီး မင်းတုန်းမင်း ထွက်နေပြန်တယ်။ မီး သင့် မှာ ကြောက်နေ ပုံရတယ်။

၁၈၆၄ စက်တင်ဘာ ၆
ဟာလေဒီဘိုလုပ် ကုမ္ပဏီကစကြာယာဉ် မွန် မီးသင်္ဘောဆက်သ။

၁၈၆၅ နိုဝင်ဘာ ၁၁
အသစ်တည်ပြီးတဲ့ ဒင်္ဂါးစက်က ဒေါင်း ဒင်္ဂါး စတင်သွန်းလုပ်။

၁၈၆၆ ဧပြီ ၁၅
မီးလောင်(၃)- အနောက်ပြင်ကစ။

၁၈၆၆ ဇူလိုင် ၃၁
မီးလောင် (၄) -မြို့တော်အရှေ့မြောက် တွင် မိုးကြိုး လောင်မီးကျခြင်း။

၁၈၆၆ သြဂုတ် ၂
မြင်းကွန်း၊ မြင်းခုံတိုင် အရေးတော်ပုံ စတင်၊ အိမ်ရှေ့စံ ကနောင်မင်းသားကြီး သေဆုံး။

၁၈၆၇ ဧပြီ ၂၃
မီးလောင်(၅)- စွယ်တော်ဆင်မြောက် သေနတ်တန်း ယမ်းစည် ပေါက်၍။

၁၈၇၁ ဧပြီ ၁၅ မှ စက်တင်ဘာ ၁၂-
ပဉ္စမသင်္ဂါယနာ တင်ပွဲကြီး။

၁၈၇၂ ဖေဖော်ဝါရီ ၂၂ မှ ၁၈၇၃ မေ ၂
မြန်မာသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦး ဆောင်၍ လန်ဒန်၊ ပဲရစ်၊ ရောမသွား

၁၈၇၂ ဧပြီ ၁၈
မီးလောင် (၆) မိုးကြိုးလောင်မီးကျ၍

၁၈၇၅ ဧပြီ ၁၁
ရတနာပုံ နေပြည်တော်သတင်းစာ စထွက်၊ ငါမကောင်းလျှင် ငါ့အကြောင်း၊ ငါ့ မိဖုရား မကောင်းလျှင် သူ့အကြောင်း မထောက် မညှာ ရေးလေဟု မင်းတုန်းမင်း က ခွင့်ပြုခဲ့တယ်လို့ အဆိုရှိပေမယ့် ဘယ် သူမှ သူ့အကြောင်း မကောင်းမရေးဝံ့ကြပါ။

၁၈၇၈ စက်တင်ဘာ ၁၉
မင်းတုန်းမင်း အပြင်းအထန် မကျန်းမာ၊ အံ့သြဖွယ်ရာ သီပေါမင်းသား အိမ်ရှေ့စံ ဖြစ်။

၁၈၇၈ အောက်တိုဘာ ၁
မင်းတုန်းမင်း နတ်ရွာစံ။ အောက်တို ဘာ ၇ သင်္ဂြိုဟ်။

၁၈၇၉ ဖေဖော်ဝါရီ ၁၃မှ ၁၈
နန်းမလုနိုင်အောင် ဖမ်းဆီးထားသော မင်းညီမင်းသားများကို သုတ်သင်ပွဲကြီး ကျင်းပ။

၁၈၇၉ ဖေဖော်ဝါရီ ၂၅
မီးလောင် (၇)၊ အနောက်ပြင်မှစ၊ အိမ်ခြေ ၂ဝဝ ကျော် လောင်ကျွမ်း၊ ရွှေ ရေးဆောင်ကျောင်းတိုက်နဲ့ မဟာမုနိအ နောက်စောင်း တန်းပါ ပြာကျ။

၁၈၈ဝ မတ် ၁၄
အိမ်နိမ့်စံနေရသောပုဂံမင်း နတ်ရွာစံ။

၁၈၈ဝ မတ် ၁၇
သီပေါမင်း၏သားကြီး ကျောက်ပေါက် ၍ သေ။

၁၈၈ဝ မေ ၂၃
သီပေါမင်း ဘိသိက်ခံ၍ တရားဝင်မင်း အဖြစ်သို့ ရောက်။

၁၈၈၁ ဇွန် ၁
သီပေါမင်း၏ မယ်တော်သေ။

၁၈၈၃ ဖေဖော်ဝါရီ ၁၈
မီးလောင်(၈) နန်းမြို့တော်တောင် ဗြဲ တိုက်သံဆင့် ငမြစ်အိမ်က စတင်လောင် ကျွမ်း။

၁၈၈၃ မတ် ၂၅
မီးလောင်(၉)၊ အကြီးအကျယ်။

၁၈၈၃ ဧပြီ ၃
မီးလောင်(၁ဝ)၊ အကြီးအကျယ်။

၁၈၈၃ ဧပြီ ၅
မီးလောင်(၁၁)၊ အကြီးအကျယ်။

၁၈၈၃ ဧပြီ ၁၆
မီးလောင် (၁၂)၊ အကြီးအကျယ်။

၁၈၈၃ သြဂုတ် ၁၈
ယောအတွင်းဝန် ဦးဖိုးလှိုင်ကွယ်လွန်။

၁၈၈၄ ဖေဖော်ဝါရီ ၂၈
မီးလောင်(၁၃) တောင်ပြင်လင်းဇင်း တန်း။

၁၈၈၄ မတ် ၂၃
မီးလောင် (၁၄) အရှေ့ပြင်။

၁၈၈၄ မတ် ၂၄
သီပေါမင်း ၏ သမီးတော် လေးပါး ကျောက်ပေါက်၊ တတိယနဲ့ စတုတ္ထ သမီး တော်များ သေဆုံး။

၁၈၈၄ ဧပြီ ၁
မီးလောင်(၁၅) မလွန်ဈေးရပ်။

၁၈၈၅ ဧပြီ ၅
မီးလောင်(၁၆) အနောက်ပြင်မှစ၊ တစ်မီးမငြိမ်းမီ နောက်တစ်မီး အစုစု မီး ခုနစ်ကြိမ်တိုင်အောင် တစ်ရက်တည်း လောင်။

၁၈၈၅ ဧပြီ ၈
မီးလောင်(၁၇) ရွာဟိုင်းဈေးမှ စတင် လောင်ကျွမ်း၊ မဟာမုနိဘုရားကြီး ပါလောင် သွားတယ်(ရခိုင်ကပင့် လာတာ နှစ်တစ်ရာ ပြည့် တဲ့နေ့မှာ မီးသင့် ခံရရှာတယ်)။ ဘုရား ကြီးမီးသင့်ရာမှ အရည်ပျော် စီးကျလာသော ရွှေချိန် ၅၄၅ဝ ကျပ်သား။ မီးသင့် အိမ်တစ် အိမ်ကို ငွေ ၂ ကျပ်နဲ့ ဆန်တစ်စိတ် ပေးသနားတယ်။

၁၈၈၄ ဧပြီ ၁၄
မီးလောင်(၁၈) နန်းမြို့ အနောက် တောင်ထောင့်။

၁၈၈၄ မေ ၁၉
မီးလောင် (၁၉) ဘုန်းတော်တိုးအစု တောင်ဘက်။

၁၈၈၄ မေ ၂၅
မီးလောင်(၂ဝ)- ချမ်းအေးသာစံ တရုတ်တန်းမြောက်စွန်း။

၁၈၈၄ ဇူလိုင် ၅
အသစ် ပြန်လည်တည်ဆောက်ပြီး မဟာမုနိဘုရားကြီး မျက်နှာတော်ဖွင့်။

၁၈၈၄ စက်တင်ဘာ ၂၁
မြို့တော်သန်းခေါင်စာရင်း ကောက်ခံ၊ လူတစ်သိန်း နေထိုင်သည်။

၁၈၈၅ သြဂုတ် ၁၂
ဘုံဘေဘားမားကုမ္ပဏီသစ်ခိုးမှု၊ ဒဏ် ငွေ ၂၃ သိန်း ချမှတ်။

၁၈၈၅ နိုဝင်ဘာ ၇ မှ ၂၈
ဒီဂယက်ကြောင့် တတိယအင်္ဂလိပ်- မြန်မာစစ်ဖြစ်၊ စစ်ရှုံး။

၁၈၈၅ နိုဝင်ဘာ ၂၉
သီပေါမင်းမိသားစု ပါတော်မူ။

၁၈၉၈
မန္တလေး မီးသတ်ဌာန ထောင်။

၁၉ဝ၃ သြဂုတ် ၁၈
မင်းတုန်းမင်းနဲ့ ကနောင်မင်းသားကြီး တို့ရဲ့ လက်စွဲသမားတော် ပညာသိဒ္ဓိကျော် ခေါင်ခေါ် ဦးခဲသေ။

၁၉ဝ၈ ဇွန် ၃ဝ
ကင်းဝန်မင်းကြီး အနိစ္စရောက်။

၁၉၁၆ ဒီဇင်ဘာ ၁၆
သီပေါဘုရင် အိန္ဒိယမှာ နတ်ရွာစံ။

၁၉၂၅ နိုဝင်ဘာ ၂၄
သီပေါရဲ့ မိဖုရား စုဖုရားလတ် ရန် ကုန်မှာ နတ်ရွာစံ၊ ကုန်းဘောင်မင်းဆက် နိဋ္ဌိတံ။

(၉)
ပါးစပ်ရာဇဝင်
ပါးစပ်ရာဇဝင်ခေါ်တဲ့ နှုတ်ပြောသမိုင်း ကြောင်းတစ်ခုကို လေ့လာကြတဲ့အခါမှာ-
–    နောက်ကြောင်းပြန်ခြင်း (Narrative)
–    ပုဂ္ဂိုလ်ထူး တစ်ဦးဦး၏ အတ္ထုပ္ပတ္တိကို ပြောပြခြင်း (Legend)
–    စိတ်ဝင်စားဖွယ် အဖြစ် အပျက်ကို တင်ပြခြင်း (Anecdote)
–    စကားပုံ နှိုင်းခြင်း (Proverb) နဲ့
–    သမိုင်းလင်္ကာရွတ်ခြင်း (Historical Lay) ဆိုပြီး ကွဲပြားခြားနားပါတယ်။
အများအားဖြင့် ပါးစပ်ရာဇဝင်တွေ ဟာ နောက်ကြောင်းပြန်ခြင်း က များပါ တယ်။ နောက်ကြောင်းပြန်တဲ့ အခါမှာ လည်း-
–    ကိုယ်တိုင် ပါဝင်ပုံကို ပြောတာလား (Firsthand)
–    မျက်မြင်တွေ့ရှိတာလား
(Eyewitness)
–    တစ်ဆင့်စကားလား (Hearsay)
ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်။

ဘယ်ဟာက ပိုယုံနိုင်စရာရှိသလဲ ဆို တာတော့ မိမိÓဏ်နဲ့ စဉ်းစားဆုံးဖြတ်ရပါ လိမ့်မယ်။ ကိုယ်တွေ့က ယုံဖို့အကောင်းဆုံး ဆိုပါတော့။

ကိုယ်တိုင် ပါဝင်ပုံကို ပြန်ပြောတယ် ဆိုဦးတော့။ ပုဂံ၊ ရွှေစည်းခုံဘုရားက မွန် ကျောက်စာမှာ ထိလိုင်မင် ကိုယ်တိုင်ရေး ထိုးခဲ့တဲ့-

– ငါ့အဖေက နေနတ်မျိုး၊ ငါ့ အမေက ဥသျှစ်သီးမှာ သံသန္ဓေဇ တည်ပြီး မွေးလာ တဲ့အမျိုး။ ငါကိုယ်တိုင်က ဗိဿနိုးနတ် မင်းကြီး လူဝင် စားကွ။ ဒီလို ပြောခဲ့တာကို ကိုယ်တိုင် ပါဝင်ပုံမို့လို့ ယုံကြဆိုရင်တော့ သိပ်ဥာဏ်နည်းလွန်းရာ ရောက်သွားပါလိမ့် မယ်။ ဒီစကားမျိုးကို ခုခေတ် ပြောတတ် ကြတာတွေ ရှိတယ်။ ငါက သထုံမနုဟာမင်း ရဲ့သားတော်ကြီး ဆိုလား၊ လူဝင်စားဆိုလား ပြောလိုပြော။ အမျိုးမျိုးနဲ့ မရိုးရအောင် Self Advertisementလုပ်ပါတယ်။ Promotion အကြီးအကျယ် လုပ်ပါတယ်။ ရှေးဘုရင် လက်ထက်က ဆင်းသက်လာတဲ့ ကိုယ့် ကိုယ်ကိုယ် ကြော်ငြာနည်းပေါ့။

နှုတ်ပြောကို စစ်ဆေးတော့မယ့် အခါ
-ဒီစကားဟာ ပုဂ္ဂိုလ်စွဲတစ်ခုခုကို အ လိုရှိလို့ တမင်ပြောခဲ့တာလား၊
-ဒီလိုသတင်း တစ်ခုကို ပျံ့နှံ့အောင် လုပ်တဲ့အခါ မိမိ အရည်အသွေးကို အရှိအတိုင်း ထက်ပိုပြီး ကြားရတဲ့သူ အပေါင်း ကြောက်ရွံ့ရိုသေ အထင်ကြီး စေချင်လို့ ပြောခဲ့တာလား၊
-မိမိ အရည်အသွေးကို အရှိအတိုင်း အမှန်သိရအောင် ဂုဏ်သတင်းကို ထိန်းသိမ်းတဲ့ သဘောလား

ရှာဖွေ ကြည့်ရှုပြီးမှ လက်ခံတယ်၊ လက် မခံဘူး ဆုံးဖြတ်ရပါမယ်။ ပြောတိုင်းယုံရင် တော့ ပုတ်သင်ညို အဆင့်မှာပဲ တစ်သက် လုံးနေကြ ရပါလိမ့်မယ်။
(ဆက်ပါဦးမည်)

သင့်လူ
ကိုးကား
၁။ သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့် ရာဇဝင်
၂။ သန်းထွန်း၊ ဒေါက်တာ၊ ခေတ်ဟောင်း မြန်မာရာဇဝင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*