အလေးထားဆောင်ရွက်သင့်သော အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး

အလေးထားဆောင်ရွက်သင့်သော အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး
October 27, 2016 Asian Fame

8:40 am
အလေးထားဆောင်ရွက်သင့်သော အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး
In Letters from Editor

အယ်ဒီတာ့အာဘော်

နိုင်ငံအဝှမ်းတွင် သဘာဝဘေးအန္တရာယ်၊ သဘာဝမဟုတ်သော ဘေးအန္တရာယ် အမျိုးမျိုးတို့ကြောင့် ပြည်သူအများ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်ဆုံးရှုံးမှုများ နေ့စဉ် ဆိုသလို ဖြစ်ပေါ်နေရသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။ ထိုသို့ ဒဏ် ရာရရှိမှု၊ အသက်ဆုံး ရှုံးမှုများသည်လည်း မလွှဲသာ မရှောင်သာ ဖြစ်သင့်ဖြစ်ထိုက်သည့် အရေအတွက်ထက် များစွာပိုမိုနေသည်ကိုလည်း အားလုံးသိ ရှိကြပြီးဖြစ်သည်။

သဘာဝဘေး အန္တရာယ်သည် ရှောင်လွှဲ၍မရ အချိန်အခါမရွေး၊ နေရာဒေသမ ရွေး ကျရောက်နိုင်သည်မှန်သော်လည်း စနစ်တကျ ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် သက်သာမှုရနိုင်မည်ဖြစ်သည်။ ကြိုတင် ပြင်ဆင်ရေးအပိုင်းတွင် အခြေခံအားဖြင့် ကယ်ဆယ်ရေး
အထောက်အကူပြု အရန်ပစ္စည်းများ စုဆောင်းထားရှိခြင်း၊ သဘာဝ အန္တရာယ်ကျရောက်ပါက အုပ်ချုပ်ရေးယန္တရား ပြတ်တောက် မသွားအောင် ကြိုတင် ပြင်ဆင်လေ့ကျင့်ခြင်း၊ ပြည်သူလူထုအား အရေးပေါ်အခြေအနေတွင် ဆောင်ရန် ရှောင်ရန်များ အသိပညာေ ပးခြင်း၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်အချက် ပေးစနစ်များ ထားရှိခြင်း အစရှိသည်ဖြင့် အများအပြားဆောင်ရွက်ရန် ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှု နောက်ကျကာ အဘက်ဘက်မှ လိုအပ်ချက်ရှိနေသော နိုင်ငံ အဖို့ အပြောလွယ်သလောက်
အလုပ်ခက်လှမည်မှန်သော်လည်း အဖြစ်နိုင်ဆုံး နှင့် အကောင်းဆုံး စီမံခန့်ခွဲရမည်သာ ဖြစ်သည်။

သဘာဝမဟုတ်သော ဘေးအန္တရာယ်ကျရောက်မှုများမှာမူ တရားဥပဒေစိုးမိုး မှုအားနည်းသောကြောင့်ဖြစ်သည်။ လတ်တလော အခြေအနေတွင် ပြည်သူတို့သည် မိမိနေအိမ်ပေါ်တွင်နေရင်း ခိုး၊ ဆိုး၊ လုယက်၊ ဓားပြတိုက်နေကြသူများကြောင့် ထိ ခိုက်သေဆုံးနေကြ ရသည်။ အဝတ်အထည်ဆိုးဆေး၊ ဖော်မလင်၊ အက်စစ်၊ ဓာတ် မြေသြဇာအစရှိသည့် အန္တရာယ်ရှိ အစားအသောက်များကို စားသောက် ရင်း သေဆုံးနေကြရသည်။ အာနိသင်မရှိသော၊ ဘေးထွက်ဆိုးကျိုးများလှသော ဆေးဝါး အတုများကို သောက်သုံးရင်း သေဆုံးနေကြရ သည်။ လုံခြုံမှုမရှိသောယာဉ် အမျိုး မျိုးကိုစီးနင်းရင်း ဒဏ်ရာရ၊ သေဆုံးနေကြရသည်။ အားနည်းလှသော ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကြောင့် မသေသင့်ဘဲသေဆုံးနေကြရသည်။ ခြုံ၍ ဆိုရသော် ပြည်သူတို့သည် ဘက်ပေါင်းစုံမှ အန္တရာယ်ကျရောက်နေ သည့်တိုင် ထိ ရောက်ဟန့်တားသော တရားဥပဒေစိုးမိုးမှု၊ စနစ်ကျသော စီမံခန့်ခွဲမှုမျိုး မရှိဖြစ် နေသည်။ ထိုအခြေအနေကို ကုစားနိုင် ရန်အတွက် တရားဥပဒေစိုးမိုးရေးကိုအဓိက အကောင်အထည်ဖော်ရသော ရဲတပ်ဖွဲ့ကို အရေအတွက်ရော အရည်အချင်းပါ မြှင့် တင်ရမည်ဖြစ်သလို ဥပဒေများကိုလည်း ခေတ်နှင့် လိုက်လျောညီထွေရှိစေရန် ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြ ဋ္ဌာန်းခြင်းများကို အလျင် အမြန် ဆောင်ရွက်အကောင်အထည်ဖော်ရမည် ဖြစ်သည်။

တရားဥပဒေ စိုးမိုးရေးကို ထိန်းချုပ်ထားသော အချက်များစွာ ရှိသည့်အနက် တရားစီရင်ရေးမဏ္ဍိုင် တော်၊ တည့်၊ မှန်ကန်ရေးသည် လည်း အဓိကကျသည်။ တရား စီရင်ရေးမဏ္ဍိုင်၏ အဓိကတာဝန်မှာ အပြစ်ရှိသူကိုအပြစ်ပေးရန်နှင့် အပြစ်မရှိသူ တို့ကို အကာအ ကွယ်ပေးရန်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် တရားစီရင်ရေး နယ်ပယ်အတော်များများတွင် အဂတိလိုက်စားမှုများကြောင့် အပြစ်ရှိသူတို့က လွတ် မြောက်ပြီး အပြစ်မရှိသူတို့ကိုလည်းအကာအကွယ်မပေးနိုင်ဖြစ်ကာ ယိမ်းယိုင်နေသော အနေအထားမှ
တည့်မတ်လာစေရန် အလေးပေးဆောင်ရွက်ရန်လည်း လိုအပ်သည်။

ပြည်သူလူထုကိုလည်း မိမိနေအိမ်တွင် ဘေးအန္တရာယ်ကျရောက်မှုမရှိစေရေး ဆောင်ရန်၊ ရှောင်ရန်နှင့် ခရီးသွားလာရာတွင်ဘေး ကင်းလုံခြုံရေးအတွက် သတိပြု ရမည့်အချက်များ၊ အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရန်များ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့်အစီအမံများ အစရှိ သည်တို့ကို ထိထိရောက်ရောက် အသိပညာပေးထားရန် လိုသည်။

အချုပ်အားဖြင့်ဆိုရသော် ပြည်သူအပေါင်း လွတ်လပ်လုံခြုံ စိတ်ချစွာ နေထိုင် နိုင်ကြရေးအတွက် အစိုးရတွင်တာဝန်ရှိသလို ပြည်သူ တို့ကလည်း မိမိတို့တတ် စွမ်းနိုင်သမျှ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါသတည်း။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*