ရန်ကုန်တိုင်း အခြေခံပညာမူလတန်းကျောင်းများမှ လစ်လပ်ရာထူးများနှင့် လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်

ရန်ကုန်တိုင်း အခြေခံပညာမူလတန်းကျောင်းများမှ လစ်လပ်ရာထူးများနှင့် လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်
October 27, 2016 Asian Fame

9:24 am
ရန်ကုန်တိုင်း အခြေခံပညာမူလတန်းကျောင်းများမှ လစ်လပ်ရာထူးများနှင့် လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်
In Education

ရန်ကုန်တိုင်း အခြေခံပညာမူလတန်းကျောင်းများမှ လစ်လပ်ရာထူးများနှင့် လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည်

school-copy

ဖြိုးထက်အောင်
ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းအတွင်းရှိ အခြေ ခံပညာ မူလတန်းကျောင်းများမှ လစ်လပ်လျက်ရှိသော  ရာထူးများ နှင့် လိုအပ်ချက်များကို အမြန်ဆုံး   ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

”လစ်လပ်နေတဲ့ ရာထူးနေရာ တွေအတွက် ကျောင်းတွေအများ ကြီး အခက်အခဲတွေဖြစ်နေတာသိ ပါတယ်။ ဒီအတွက် အမြန်ဆုံးေ ဆာင် ရွက်ပေးမယ်ဆိုတာ တလေးတစား ပြောလိုပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန် ကြီး ဦးနိုင်ငံလင်းက   ပြောသည် ။

အောက်တိုဘာ ၂၅ ရက်နေ့ က ပြုလုပ်ခဲ့သော ဒုတိယအကြိမ်  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင်(ခ)ဦးမြသိန်း၏ ”ဒလမြို့နယ်တွင် စာ သင်ကျောင်းများ၏ ရေတိုရေရှည် လိုအပ်ချက်များကို အမြန်ဆုံးဆောင် ရွက်ပေးရန် အစီအစဉ်ရှိ မရှိ”မေး မြန်းမှုအပေါ် ရန်ကုန်တိုင်းဒေ သ ကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

”ဝန်ကြီးချုပ်ကြီး တင်သွင်း ထားတဲ့ သဝဏ်လွှာနဲ့ ပတ်သက် ပြီး ဆောင်ရွက်လျက်ရှိတဲ့ အခါမှာ စာရင်းဇယားတွေက ၁၉ မြို့နယ် ရရှိထားပြီးပါပြီ။ မူလတန်း၊ အ လယ်တန်း၊ အထက်တန်းမှာ အ ခြေခံပညာ မူလတန်းအတွက်ပဲ တောင်းခံထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့  အစိုးရလက်ထက်မှာ အခြေခံပညာ မူလတန်းကို အထူး ဦးစားပေး ဆောင်ရွက်မှာဖြစ်ပြီး တော့ အလယ်တန်းနဲ့ အထက် တန်းကိုတော့ အတတ်နိုင်ဆုံး ကြိုး စား ဆောင်ရွက်ပေးသွားပါမယ်” ဟု ဦးနိုင်ငံလင်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိ ယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်း အဝေး (၁၁) ရက်မြောက်နေ့က ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွေး တင်(ခ)ဦးမြသိန်း၏
” ဒလမြို့နယ် တွင်ွု တန်းများအတွက် ဆရာ၊ ဆရာမ သီးသန့်ထားရှိမှု မရှိခြင်း၊ စာသင်ဆောင် သီးသန့်မရှိခြင်းတို့ ကိုသိရှိရ၍ သီးသန့် ဆောင်ရွက်ပေး ရန်အစီအစဉ်ရှိမရှိ” မေးမြန်းမှုအ ပေါ် လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း က လာမည့်နှစ်တွင် ဆောက်လုပ် ပေးမည်
ဖြစ်ကြောင်းဖြေကြားထား သည်။

၂ဝ၁၆ ခုနှစ် ဇွန်လ ၂ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တင်သွင်း ခဲ့သော သဝဏ်လွှာတွင် အခြေခံပညာမူလတန်းကျောင်း များနှင့် ပတ်သက်၍ ကျောင်း၏ဥပဓိရုပ်၊ ကျောင်းသားနှင့်ဆရာ အချိုး၊ အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပါရှိသောကြောင့် လက်ရှိတွင် စာရင်းကောက်လျက် ရှိရာ မြို့နယ်၂ဝ မှ စာရင်းများ ရရှိ နေပြီဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*