ENGR Library စာကြည့်တိုက်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုကျော်ဇင်ထက်နှင့် တွေ့ဆုံမေးမြန်းခြင်း

ENGR Library စာကြည့်တိုက်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုကျော်ဇင်ထက်နှင့် တွေ့ဆုံမေးမြန်းခြင်း
October 20, 2016 Asian Fame

9:42 am
ENGR Library စာကြည့်တိုက်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုကျော်ဇင်ထက်နှင့် တွေ့ဆုံမေးမြန်းခြင်း
In Education

ENGR Library စာကြည့်တိုက်တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုကျော်ဇင်ထက်နှင့် တွေ့ဆုံမေးမြန်းခြင်း

engr-library-copy

အိ မ် စ ည် စိုး စံေ တွ့ ဆုံေ မး မြ န်း သ ည်

အဓိက ကတော့ အင်ဂျင်နီယာ ကျောင်းပြီးသွားတဲ့သူတွေ ထပ်ပြီး လိုအပ်တဲ့ အင်ဂျင်နီယာ ဆိုင်ရာ စာအုပ်တွေ ဖတ်ဖို့လိုတဲ့ အခါ မှာ  ဖြည့်ဆည်းပေးနိုင်အောင်ပါ

အင်ဂျင်နီယာပညာနှင့် ပတ်သက် သည့်ဗဟုသုတများကို လေ့လာရှာဖွေ လိုပါက တစ်နေရာတည်းတွင် ဖြည့်ဆည်းပေးမည့် စာကြည့်တိုက် ရှိပါသည်။ ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ ENGR Library  ဟု အမည်ပေးထားသည့်စာကြည့်တိုက် တွင် အင်ဂျင်နီယာ ဆိုင်ရာ စာအုပ် စာပေများကို ရှာဖွေလိုသူများ အတွက် အထောက်အကူတစ်ခု အဖြစ်ရှိနေပါသည်။ အင်ဂျင်နီ ယာဆိုင်ရာ စာအုပ် စာတမ်းများ ရှာဖွေလိုသူများအတွက် ENGR Library  စာကြည့်တိုက်တည်ထောင် ဖြစ်ပုံနှင့် စာကြည့်တိုက်စနစ်များ နှင့်ပတ်သက် သည့် သတင်းအချက် အလက်များရရှိစေရန် ရည်ရွယ် ကာ ထိုစာကြည့်တိုက် တည် ထောင်သူများတွင်တစ်ဦး အပါ အဝင်ဖြစ်သည့် ကိုကျော်ဇင်ထက် နှင့် တွေ့ဆုံမေးမြန်းဖော်ပြပေး လိုက်ပါသည်။

ဒီစာကြည့်တိုက်တည်ထောင်တဲ့ ခုနှစ်နဲ့ ဒီလိုအင်ဂျင်နိယာသီးသန့် စာကြည့်တိုက် တည်ထောင်ဖို့ ဘယ်လို စိတ်ကူးရခဲ့တယ် ဆိုတာ ကို ပြောပြပေးပါဦးရှင်။

ကျွန်တော်တို့ရဲ့ ENGR Library   စာကြည့်တိုက်ကို  ဒီနှစ် အစမှာ စတင်တည်ထောင်ခဲ့တာ ပါ။  အဓိက ကတော့ ကျွန်တော် တို့နြ ဘွဲ့ကျောင်းပြီးသွားတော့ ကျွန်တော်တို့ စပြီးကြုံခဲ့ရတာက  အင်ဂျင်နီယာနဲ့ပတ်သက်ပြီး လေ့ လာဖို့ စာအုပ်ရှားပါးတာပါ။  ပြီး တော့စာ အုပ်တွေ တော်တော် များ များကလည်း ဈေးအရမ်းကြီး တယ်။ အဲဒီတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ စုထားတဲ့စာအုပ် တွေလည်း ရှိတယ်။ အဲ့ဒါတွေပေါင်း ပြီးတော့ အင်ဂျင်နီယာ စာအုပ် တွေ ဖတ်ချင်တဲ့သူတွေ အဆင်ပြေ အောင် ဈေးကြီးပေးပြီးတော့ မဝယ်ရေ အာင် ကိုယ့်ရဲ့မုန့်ဖိုးနဲ့ဖတ် လို့ ရအောင်ဆိုပြီး လုပ်ခဲ့ကြတာပါ။

ENGR Library  ရဲ့ လိပ်စာနဲ့  ဒီ စာကြည့်တိုက်မှာရနိုင်တဲ့ စာအုပ် တွေကိုလည်း မိတ်ဆက်ပေးပါဦး ရှင်။   

ကျွန်တော်တို့ စာကြည့်တိုက် မှာ အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ မေဂျာစုံရှိပါတယ်။ စုစုပေါင်း စာအုပ်တစ်ထောင်လောက် ရှိပါ တယ်။ အင်္ဂလိပ်လိုရော မြန်မာလိုပါ စာအုပ်တွေ ရှိပါတယ်။ စာကြည့် တိုက် တည်ရှိတဲ့နေရာကတော့ အမှတ် ၂၇၇ ပထပ်၊ ကျိုက္ကဆံ လမ်းနှင့် ဗျိုင်းရေအိုးစင်လမ်း ထောင့်၊ တာမွေမြို့နယ်ပါ။ ဖုန်း နံပါတ်ကတော့  ဝ၉၅၁၉၉၂ဝ၅ နဲ့  ဝ၉၇၈၉၄၄၄၇၈ဝ ပါ။ အင်ဂျင် နီယာ သီးသန့် စာကြည့်တိုက် ဖြစ် လို့ အင်ဂျင်နီယာပိုင်းအမျိုးအစား စုံ စာအုပ်စာတမ်းများ ရှိပါတယ်။

စာကြည့်တိုက်ဖွင့်တဲ့ ရက်နဲ့  စာ  အုပ်ငှား ဖတ်နိုင်တဲ့နည်းစနစ်ကို လည်း သိချင်ပါတယ်ရှင်။

ကျောင်းသားဆိုရင် ကျောင်း သားကတ် ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကတ် ရှိရင်ဖြစ်ပါတယ်။ တချို့ကျောင်းသား တွေကလည်း ကိုးကားဖို့အတွက် လာရှာကြ တယ်။ စာအုပ်ငှားတဲ့စနစ်က အိမ် ကိုလည်း ငှားပေးပါတယ်။ စာအုပ် တစ်အုပ်ကို တစ်ပတ်နှုန်းနဲ့ပါ။ စာ အုပ် ငှားမယ်ဆိုရင်တော့ အသင်း ဝင်ကြေးဆိုပြီး တစ်လတစ်ထောင် သွင်းရပါတယ်။ ဒီလို စတင်သွင်း လိုက်ပြီဆိုတာနဲ့ စာအုပ်ငှားလို့ရ ပါပြီ။

စာအုပ်တစ်အုပ်ကို ဘယ်လောက် ကြာအောင် ငှားပေးပါလဲ။ စာ ကြည့်တိုက်ဖွင့်ချိန် ပိတ်ချိန်တွေ ကိုလည်းENGR Library ကို လာမယ့်သူတွေအတွက် ပြော ပေးပါဦးရှင်။

စာအုပ်တစ်အုပ်ကို တစ်ပတ် ကြာငှားပေးပါတယ်။ တစ်ပတ်မှာ မပြီးဘူးဆိုလို့ရှိရင်  သက်တမ်းတိုး လို့လည်း ရပါတယ်။ သက်တမ်းက သုံးပတ်အထိ တိုးလို့ရပါတယ်။ အဓိက က ရုံးချိန်ဖွင့်ပါတယ်။ တစ်ပတ်လုံးဖွင့်ပေးတာပါ။ စနေ့ တနင်္ဂနွေကိုတော့ အဓိကထားပြီး ဖွင့်ပါတယ်။ စနေ တနင်္ဂနွေဆိုရင် တော့ လာငှားတဲ့သူ များပါတယ်။ အဓိကကတော့  အင်ဂျင်နီယာနဲ့ ကျောင်းပြီးခါစတွေ လာငှားကြ တာများတယ်။ နောက်ပြီး စာတမ်း တင်တဲ့ သူတွေလည်းရှိတယ်။ နောက်ပြီး လုပ်ငန်းခွင် ဝင်တဲ့သူ တွေလည်း လာငှားကြပါတယ်။

အစ်ကိုတို့ ENGR Library  က Engineering ပိုင်းနဲ့ပတ် သက်ပြီး နောက်ထပ် လုပ်ဆောင် ပေးနေတာတွေများ ရှိဦးမ လား။ ရှိရင်လည်း မိတ်ဆက်ပေးပါဦးရှင်။

Engineering  ပိုင်းနဲ့ပတ် သက်ပြီးပြုလုပ်မယ့် Thesis နှင့် စာတမ်းများအတွက်Reference Books များရှာဖွေဖို့ အခက်အခဲရှိ ရင် ENGR Library သို့ အကူအညီ တောင်းခံနိုင်ပါတယ်။ လိုအပ်တဲ့ စာတမ်းများကို အခမဲ့ကူညီ ရှာဖွေပေးသွားပါမယ်။ ဒီအတွက်
အခကြေးငွေများ ပေးရန်မလို အပ်ပါဘူး။ ပညာဒါနသင်တန်း အချို့အနေနဲ့လည်းKnowledge Share Program တွေလည်း လုပ် ပေး ပါတယ်။

ENGR Library  နဲ့ပတ်သက်ပြီး ထပ်ဆောင်းပြောချင်တာ၊ ဖိတ်  ခေါ်ချင်တာများ ရှိရင်လည်းပြော ပေးပါဦးရှင်။

အဓိက ကတော့ အင်ဂျင်နီ ယာ ကျောင်းပြီးသွားတဲ့ သူတွေ ထပ်ပြီး လိုအပ်တဲ့ အင်ဂျင်နီ ယာဆိုင်ရာ စာအုပ်တွေ ဖတ်ဖို့ လိုတဲ့အခါ မှာ ဖြည့်ဆည်းပေး နိုင်အောင်ပါ။ ကျွန်တော်တို့လည်း အခုမှ စပြီးစုတုန်းရှိပါသေးတယ်။ အဓိက ကတော့ ဒီစာကြည့်တိုက်မှာ လာတဲ့ သူတွေ ဘာဖတ်ချင်တာလဲ၊ အင်ဂျင်နီယာ ကျောင်းသားတွေက ဘာစာအုပ်တွေ ဖတ်ချင်တာလဲ ဆိုတာကို လေ့လာပြီးဖြည့်ဆည်း ပေးပါ တယ်။ အင်ဂျင်နီယာလုပ်တဲ့ သူတွေက စာက ဖတ်နေရတာဆို တော့ အဲ့ဒါကိုလိုက်ပြီးဖြည့်ဆည်းပေးပါတယ်။ ကျွန်တော်တို့ စာ ကြည့်တိုက်ကို စာအုပ်လှူတဲ့သူ တွေလည်း ရှိတယ်။ လာဖတ်ကြဖို့ လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော် တို့ရဲ့ စာကြည့်တိုက်ဆိုင်ရာ အချက်အလက်တွေကို လေ့လာလို တဲ့သူတွေအတွက် ENGR Library ဆိုပြီးFacebook စာမျက်နှာမှာ လည်း ဝင်ကြည့်လို့ရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*