မြန်မာ အစိမ်းရောင် ကွန်ရက် တွေ့ဆုံပွဲတွင် မန္တလေးမှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့များ မြစ်ဆုံကိစ္စ ဆွေးနွေးမည်

မြန်မာ အစိမ်းရောင် ကွန်ရက် တွေ့ဆုံပွဲတွင် မန္တလေးမှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့များ မြစ်ဆုံကိစ္စ ဆွေးနွေးမည်
October 27, 2016 Asian Fame

6:03 am
မြန်မာ အစိမ်းရောင် ကွန်ရက် တွေ့ဆုံပွဲတွင် မန္တလေးမှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့များ မြစ်ဆုံကိစ္စ ဆွေးနွေးမည်
In Environment

မြန်မာ အစိမ်းရောင် ကွန်ရက် တွေ့ဆုံပွဲတွင် မန္တလေးမှ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့များ မြစ်ဆုံ ကိစ္စ ဆွေးနွေးမည်

(မန္တလေး၊ အောက်တိုဘာ ၂၅ )

ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ပြုလုပ်မည့် မြန်မာအစိမ်း ရောင် ကွန်ရက် (၅) ကြိမ်မြောက် တွေ့ဆုံပွဲသို့ မန္တလေးမြို့မှ သဘာဝ ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော အဖွဲ့အစည်း တချို့လည်း တက် ရောက်ကာ မြစ်ဆုံ ကိစ္စနှင့် ပတ် သက်၍ ဆွေးနွေးကြမည် ဖြစ် ကြောင်း သိရသည်။

စိမ်းရောင်စို Activities မန္တ လေးမှ ကိုမောင်မောင်ဦးက”အဓိက ကမြစ်ဆုံနဲ့ ပတ်သက်ပြီး အဲဒီက ဒေသခံတွေ ရဲ့ အသံတွေ နား ထောင်မယ်။ ကျွန်တော် တို့က လည်း မြစ်ဆုံနဲ့ ပတ်သက်ပြီး ပြော သင့်တာ အကုန်ပြောမယ်။ အခုက မြစ်ဆုံနဲ့ ပတ်သက်ပြီး အလွန် အ ရေးကြီးတဲ့ အချိန်လည်း ဖြစ်နေ ပြီ လေ။ ဘာဖြစ်လို့လဲ ဆိုတော့ မြစ် ဆုံနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော် မရှင် အစီရင်ခံစာက နိုဝင်ဘာထဲ အပြီး ထွက်ရမှာ ဆိုတော့ ကျွန် တော်တို့က မြစ်ဆုံ အရေးကို ပြတ် ပြတ်သားသားပဲ ပြောဆို တင်ပြ သွားကြမှာပါ” ဟု ပေါ်ပြူလာ နယူးစ် သို့ပြောသည်။

အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ ၃ ရက်တိုင် တိုင် ပြုလုပ် သွားမည့် အဆိုပါ တွေ့ဆုံပွဲကို ပြန်ပြည့်မြဲ စွမ်းအင်၊ ရေအား လျှပ်စစ်နှင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု ခေါင်းစဉ် ဖြင့် ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာ အစိမ်းရောင် ကွန်ရက် ပညာရှင် များ၊ သဘာဝ ပတ်ဝန်းကျင် အဖွဲ့ အစည်းများ၊ ဒေါက်တာ ဦးထွန်း လွင်၊ ဒေါက်တာ ခင်မောင်ညို၊ ဦးစိုးဝင်းငြိမ်း၊ ဒေါက်တာစောမွန် သိမ့်၊ ဒေါ်ဒေဝီသန့်စင်နှင့် ကချင် အရပ်ဘက် အဖွဲ့အစည်း များက ကဏ္ဍ အလိုက် ဦးဆောင်ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ပွဲ၊ ဧရာဝတီနှင့် ပတ် သက်သည့် ဓာတ်ပုံပြပွဲ၊ ဝိုင်းဖွဲ့ ဆွေးနွေးခြင်း၊ အမေးအဖြေ ကဏ္ဍနှင့် ဟောပြောပွဲ များလည်း ပါဝင် မည်ဖြစ်ပြီး ပွဲအပြီး၌ မြစ်ဆုံနှင့် ပတ်သက်သည့် ဒေသခံများ၏ အသံနှင့် မြစ်ဆုံလျှပ်စစ် စီမံကိန်း အတွေ့အကြုံ၊ တက်ရောက်လာသူ များ၏ အသံများဖြင့် ၂ဝ၁၆ Green Gathering ဧရာဝတီ Statement တစ်စောင် ထုတ်ပြန် သွားမည်ဖြစ် ကြောင်း မြန်မာ အစိမ်းရောင် ကွန် ရက်က သတင်း ထုတ်ပြန် ထား သည်။

သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် မြန်မာ အစိမ်း ရောင်ကွန်ရက် Myanmar Green Network သည် ၂ဝ၁၂ ခုနှစ်က မန္တလေး တိုင်းဒေသကြီး ပြင်ဦး လွင်မြို့တွင် လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် မန္တလေး တိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပါး တောင်တွင် လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ကရင်ပြည်နယ် ဘားအံ မြို့တွင် လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်တွင် လည်းကောင်း ကွန် ရက် တွေ့ဆုံပွဲ တစ်ကြိမ်စီ ပြုလုပ်ခဲ့ ဖူးကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*