ကမ္ဘာ့အဆင့် အရေးပါသောရေဝပ်ဒေသအဖြစ် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း သတ်မှတ်ခံရ

ကမ္ဘာ့အဆင့် အရေးပါသောရေဝပ်ဒေသအဖြစ် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း သတ်မှတ်ခံရ
February 9, 2017 Asian Fame

11:59 am
ကမ္ဘာ့အဆင့် အရေးပါသောရေဝပ်ဒေသအဖြစ် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း သတ်မှတ်ခံရ

ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

နိုင်ငံတကာရေတိမ်ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Ramsar Convention က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ကမ္ဘာ့အရေးပါသော ရေဝပ်ဒေသ စာရင်းဝင်နေရာ (Ramsar Site) အဖြစ် အတည်ပြုသတ်မှတ်လိုက် ကြောင်းသိရသည်။သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှအမြဲတမ်းအတွင်းဝန် ဦး ခင် မောင်ရီက ”၂ဝ၁၆ခုနှစ်က မြန်မာ နိုင်ငံအတွက်ရေဝပ်ဒေသ ထိန်း သိမ်းရေးမှာအရေးပါတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဒုတိယမြောက်ရမ်ဆာဒေသ (ရေဝပ်ဒေသ )ကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို သတ်မှတ်နိုင်ခဲ့ပါတယ်။ တတိယ မြောက်အဖြစ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အဆိုပြုနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရေဝပ်ဒေသထိန်းသိမ်းရေး စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို ဖွဲ့စည်း နိုင်ခဲ့ပြီးရေဝပ်ဒေသများကို ရေ ရှည်တည်တံ့အောင် အသုံးပြုခြင်း နှင့် စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းစီမံချက်ကို ရေးဆွဲ နိုင်ခဲ့ကာ အမျိုးသားရေဝပ်ဒေသမူ ဝါဒ(မူကြမ်း) ကိုရေးဆွဲနိုင်ခဲ့ကြောင်း ဦးခင်မောင်ရီက ပြောသည်။ မိန်းမလှကျွန်းကို ရေဝပ်ဒေသအဖြစ် သတ်မှတ်နိုင်ရေးအတွက် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI ) နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

”စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံမှာရေဝပ်ဒေသတွေရဲ့အခန်းကဏ္ဍက မရှိမဖြစ်အရေး ကြီးပါတယ်” ဟု ၎င်းကပြောသည်။ မိန်းမလှကျွန်းကို ၁၉၉၄ခုနှစ် မှစ၍ ဘေးမဲ့တောအဖြစ် သတ်မှတ် ကြေညာခဲ့ပြီး အဆိုပါကျွန်းသည် ဒီရေတောအမျိုးအစားဖြစ်ကာ မိကျောင်းမျိုးစိတ်နှင့် ပင်လယ်ငှက် မျိုးများ နေထိုင်ကျက်စားကြ ကြောင်း သိရသည်။ ရမ်ဆာကွန်းဗင်းရှင်း၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင်ရှိသော ရေချိုအရင်းအမြစ်၏ ၇ဝ ရာခိုင် နှုန်းခန့်ကိုစိုက်ပျိုးရေးအတွက် အသုံးပြုလျက်ရှိပြီးလယ်ယာကဏ္ဍ တွင် လက်ရှိအသုံးပြုနေသော ရေ အရင်းအမြစ်၏ ၂ဝရာခိုင်နှုန်းခန့် ကို ရေဝပ်ဒေသမှ အဓိကပံ့ပိုးပေး နေကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် မုတ္တမပင် လယ်ကွေ့ဒေသမှ ကမ္ဘာ့ရှားပါး စာရင်းဝင် ဆောင်းခိုငှက်မျိုးစိတ်များ ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်းငှက် နှင့် အခြားမျိုးစိတ်အများအပြား ကျက်စားရာနေရာကို (Ramsar Site) အဖြစ် အမည်စာရင်း အဆို ပြုနိုင်ရေးအတွက် ဆောင်ရွက်နေ ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတွင်ကမ္ဘာလုံးဆိုင်ရာရေဝပ်ဒေသ (Ramsar Site) အဖြစ် မိုးယွန်းကြီးအင်းကို ၂ဝဝ၎
ခုနှစ်တွင်လည်းကောင်း၊ အင်း တော်ကြီးအိုင်ကို ၂ဝ၁၆ ခုနှစ်တွင် လည်းကောင်း သတ်မှတ်ခံခဲ့ရပြီး ယခုနှစ်တွင် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းကိုပါ ထပ်မံအတည်ပြု သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*