ပြည်တွင်း တရားမဝင်သစ်ထက် ပြည်ပခိုးထွက်သစ်ကို ဦးစားပေး ဖမ်းရန် သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ညွှန်ကြား

ပြည်တွင်း တရားမဝင်သစ်ထက် ပြည်ပခိုးထွက်သစ်ကို ဦးစားပေး ဖမ်းရန် သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ညွှန်ကြား
November 9, 2016 Asian Fame

7:50 am
ပြည်တွင်း တရားမဝင်သစ်ထက် ပြည်ပခိုးထွက်သစ်ကို ဦးစားပေး ဖမ်းရန် သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ညွှန်ကြား
In Crime, Environment

PNews
နေပြည်တော်၊ နိုဝင်ဘာ၈

ဒေသခံတချို့ အိမ်ဆောက်ရန် အတွက် သစ်အနည်းငယ် သယ် ဆောင်နေမှုတို့ကို ဝန်ထမ်းတို့က ဖမ်းဆီးနေခြင်းထက် ပြည်ပခိုးထွက် နေသည့် ကားကြီး၊ ကားငယ်တို့ကို ဦးစားပေးဖမ်းဆီးရန် သစ်တောဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခုရက်ထဲ စာထုတ်ညွှန်ကြားထား သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့က လားရှိုးခရိုင် သစ် တောဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဆောင်သည့် ပူး ပေါင်းအဖွဲ့သည် တန်ဝက် သာရှိသည့် တရားမဝင်ညောင်ပိန္နခွဲသား သယ် ဆောင်လာသူကို ဖမ်းဆီးရမိခဲ့ ကြောင်း ထူးခြားဖြစ်စဉ်အနေဖြင့် ညွှန်ကြားရေးမှူး ချုပ်ရုံးသို့ ပေးပို့ လာခဲ့မှု အပေါ် ညွှန်ကြားရေးမှူး ချုပ်က အထက်ပါစာကိုထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့် ပတ်သက်သည့် ပြောခွင့်ရအရာရှိ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ဦးစီးဌာနက ထိုစာ ထုတ်ခဲ့သည်မှာ မှန်ကြောင်းနှင့် လိုအပ်ချက်အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောသည်။

”ညွှန်ချုပ်က ပြည်ပခိုးထွက် သစ်တွေကိုပိုပြီး ဦးစားပေးဖမ်းခိုင်း တာပါ။ ပြည်တွင်းမှာ ခိုးသယ်နေ တာ၊ ခိုးထုတ်နေတာတွေကို လုံးဝ မဖမ်းခိုင်းတာမျိုးတော့ မဟုတ် ပါဘူး” ဟု ၄င်းကပြောသည်။

ယခု အစိုးရသစ်လက်ထက် တွင် သစ်တောဦးစီးဌာနက ပြည်ပ သို့ ခိုးထွက်နေသည့် တရားမဝင် သစ်တို့အပါအဝင် ပြည်တွင်းတရား မဝင်သစ်တို့အား သစ်တောရဲများ နှင့် အရှိန်မြှင့်ပူးပေါင်း စစ်ဆေး ဖမ်းဆီးနေကြောင်း၊ လက်ရှိတွင် လည်း ဖမ်းဆီးရမိမှု အများအပြား ရှိနေသည်ဟု  ဦးမျိုးမင်းကဆိုသည်။

ဝန်ကြီးဌာနများ၏ ရက် ၁ဝဝ ရှင်းလင်းပွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အစိုးရသစ် စတက် သည့် ဧပြီလ ၁ ရက်နေ့မှ သြဂုတ် လကုန်အထိ ပြည်တွင်း၊ ပြည်ပသို့ ခိုးထုတ်၊ ခိုးသယ်နေသည့် ကျွန်း၊ သစ်မာနှင့် အခြားသစ်များအပါအ ဝင် တရားမဝင်သစ် စုစုပေါင်းတန် ချိန် ၁၇ဝဝဝ   ကျော်ကို သစ်တောက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းသိမ်းဆည်းနိုင် ခဲ့ကြောင်း၊ ထိုသစ်တို့နှင့်အတူ တရား ခံ ၂၅ဝဝ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်နှင့်စက်ယန္တရား ၇၈၅ စီးကိုပါ သိမ်းယူခဲ့သည်ဟု ပြောခဲ့သည်။

ထိုအတိုင်းဆိုလျှင် တရားမ ဝင်သစ်နှင့် ပတ်သက်၍ ထို ၅ လ အတွင်း ဖမ်းဆီးခံခဲ့ရသည့် တရား ခံ ပမာဏသည် ဦးသိန်းစိန်အစိုးရ လက်ထက် ၅ နှစ်လုံးလုံး ဖမ်းဆီး နိုင်ခဲ့သည့် ပမာဏနီးနီးသို့ ရောက် ရန် သိပ်မလိုတော့ပေ။

ဦးသိန်းစိန် လက်ထက်က တရားမဝင်သစ် တရားခံ ၃၁၂၄ ဦးဟု တရားဝင်ကြေညာထားသဖြင့် ထိုစာရင်းမီရန် တရားခံ ၆ဝဝ နီး ပါးသာ လိုတော့သည့် အခြေအနေ ရှိသွားသည်။

လွန်ခဲ့သည့် ၅ နှစ်က ထို တရားခံတို့နှင့်အတူ သစ်တန်ချိန် ၂ သိန်းကျော်၊ ယာဉ်နှင့်စက်ယန္တရား ၈၃၉၁ စီးတို့ကို သိမ်းဆည်းထား သည်။ ထို့ကြောင့် ယခု အစိုးရသစ် လက်ထက် ၅ လအတွင်း ဖမ်းဆီးရ မိခဲ့သည့်တရားမဝင်သစ် စုစုပေါင်း တန်ချိန် ၁၇ဝဝဝ ကျော်နှင့် တရား ခံ ၂၅ဝဝ ကျော်ကို ချိန်ထိုးကြည့်လျှင် သစ်အနည်းငယ်နှင့် ဖမ်းဆီးခံလိုက် ရသည့် ပြည်သူဦးရေသည် ယခု အစိုးရသစ်လက်ထက်တွင် တစ်ရှိန် ထိုးတက်လာသည်ဟု ပြော၍ရနေ သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့က တစ်ခါတစ်ရံ ထုတ်ပြန်သည့် ရဲမှု ခင်းသတင်းအချို့တွင်လည်း သစ် အနည်းငယ်နှင့် ဖမ်းဆီးလိုက်သည့် ဖြစ်စဉ်တို့ကို တွေ့နေရသည်။

ထိုသို့ဆိုလျှင် သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ထို စာထုတ်ခြင်းမှာ ဖြစ်နိုင်သည်ဟု တရားဝင်သစ်ကုန်သည်အချို့က  မှတ်ချက်ပေးသည်။

ပြည်ပသို့ ခိုးထွက်နေသည့် အထူးသဖြင့် တရုတ်နိုင်ငံဘက်သို့ ခိုးထွက်နေသည့် တရားမဝင်သစ် တို့နှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနက စီမံချက်များရေး ဆွဲနေကြောင်း ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် လွှတ်တော်တွင်ဖြေကြား ထားသည်။

တရုတ်နိုင်ငံသို့ ခိုးထုတ်နေ သည့် တရားမဝင်သစ်နှင့်ပတ်သက် ၍ ကချင်ပြည်နယ်အတွင်း ၂ဝ၁၁ -၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ တရား မဝင်သစ်စုစုပေါင်း ၂၆၂၃၃ ဒသမ ၂၃၇၂ တန်ကို နိုင်ငံတော်က သိမ်း ဆည်းနိုင်ခဲ့ပြီး၊ တရားခံနိုင်ငံသား ၈၆၁ ဦး၊ နိုင်ငံခြားသား ၁၇၆ ဦး တို့ကို ယာဉ် ယန္တရား ၁၅၉၈ စီးနှင့် အတူ ဖမ်းဆီးခဲ့ကြောင်း၊ ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အ တွင်း၌လည်း ထိုဒေသ၌ တရား မဝင်သစ်စုစုပေါင်း ၁၉၃၉ ဒသမ ၈၆၁၃ တန်ကို တရားခံနိုင်ငံသား ၁၁၇ ဦး၊ ယာဉ်ယန္တရား ၁ဝ၄ စီး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းသုံးစွဲမှု ဖူ လုံစေရေးအတွက် သစ်ခွဲသားနှင့် သစ်အချောထည်အချို့ကို လာ မည့် ၂ဝ၁၇ ခုနှစ် မေလက စတင် ပြီး ပြည်ပပို့ခွင့်မပြုတော့ဟု လည်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ် တောဦးစီးဌာနက အမိန့်ကြေညာ စာအမှတ် ၈၂၂/၂ဝ၁၆ ဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့က ကြေညာထားသည်ကိုလည်း တွေ့ နေရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*