ဖားကန့်တွင် တွေ့ရှိခဲ့ရသော တန်ချိန် ၂ဝဝ ကျော် ကျောက်စိမ်းတုံးကြီးကို ကျပ် သိန်းပေါင်း ၇ သောင်းကျော် တန်ဖိုးဖြတ်

ဖားကန့်တွင် တွေ့ရှိခဲ့ရသော တန်ချိန် ၂ဝဝ ကျော် ကျောက်စိမ်းတုံးကြီးကို ကျပ် သိန်းပေါင်း ၇ သောင်းကျော် တန်ဖိုးဖြတ်
October 26, 2016 Asian Fame

7:42 am
ဖားကန့်တွင် တွေ့ရှိခဲ့ရသော တန်ချိန် ၂ဝဝ ကျော် ကျောက်စိမ်းတုံးကြီးကို ကျပ် သိန်းပေါင်း ၇ သောင်းကျော် တန်ဖိုးဖြတ်
In Cover News

ဖားကန့်တွင် တွေ့ရှိခဲ့ရသော တန်ချိန် ၂ဝဝ ကျော် ကျောက်စိမ်းတုံးကြီးကို ကျပ် သိန်းပေါင်း ၇ သောင်းကျော် တန်ဖိုးဖြတ်

PNews
ဖားကန့်၊ အောက်တိုဘာ ၂၅

ပြီးခဲ့သည့် ရက်ပိုင်းက  ဖား ကန့်တွင် တွေ့ရှိခဲ့ရသောတန်ချိန် ၂၁ဝ ကျော်ရှိကျောက်စိမ်းတုံးကြီး ကို ကျပ်သိန်းပေါင်း ၇ သောင်း ကျော် တန်ဖိုးရှိကြောင်း သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန ကျောက်စိမ်း တူးဖော်ရေးဌာန တန်ဖိုးဖြတ်အဖွဲ့ က ဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။

ဖားကန့် သမိုင်းတစ်လျှောက် အကြီးမားဆုံး တွေ့ရှိမှုဟု ဆိုနိုင် သည့် ယင်းကျောက်စိမ်းတုံးကြီးကို အောက်တိုဘာ ၁၂ ရက်က တွေ့ရှိ ခဲ့ရပြီးနောက် တန်ဖိုးဖြတ်အဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့တွင် လာကြည့်ပြီး ထိုတန်ဖိုး သတ်မှတ် ပေးခဲ့သည်ဟု ဖားကန့်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ယခု ကျောက်စိမ်းတုံးကို ရတနာတောင် တန်းကုမ္ပဏီက တူးဖော်တွေ့ရှိခြင်း ဖြစ်ပြီး၊ ထုခွဲရောင်းချပြီးပါက နိုင်ငံ တော်က ၄ဝ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၆ဝ ရာခိုင်နှုန်း ခွဲဝေရယူကြမည်ဟု ပြောသည်။

”အခု တန်ဖိုးဖြတ်လိုက်တဲ့ ၂ဝ ရာခိုင်နှုန်း ကျပ်သိန်းပေါင်း တစ် သောင်းလေးထောင်ကျော်ကို ရတ နာတောင်တန်းကုမ္ပဏီက တွင်းဝ ခွန်အဖြစ်  နိုင်ငံတော်ကို ဥပဒေအရ ပေးဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

လတ်တလောတွင် ယင်း ကျောက်စိမ်းတုံးကြီးကို အရွယ် အစားကြီးမားလွန်းသည့်အတွက် နေပြည်တော်သို့ သယ်ယူသွားခြင်း ထက်၊ ဖားကန့်တွင်ပင် ထုခွဲ ဖြစ်ဖို့ က များမည်ဟု ၄င်းက ဆက်ပြော သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*