အကျပ်အတည်း အားလုံးသည် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ပြော

အကျပ်အတည်း အားလုံးသည် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ပြော
October 19, 2016 Asian Fame

5:58 am
အကျပ်အတည်း အားလုံးသည် လက်ရှိ အစိုးရတွင် တာဝန် အရှိဆုံး ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ပြော
In Cover News, Local, Politics
u-than-htay-usdp-president

(နေပြည်တော်၊ အောက်တိုဘာ ၁၈)

တိုင်းပြည် တည်ငြိမ် အေးချမ်း ရေးကိစ္စနှင့် ပတ်သက်၍ ပြည်ခိုင် ဖြိုးပါတီက တာဝန်ယူကြောင်း ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးက သူ၏ ပါတီဝင်များနှင့် တွေ့ဆုံရာ တွင် ပြောဆိုခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပဲခူးတိုင်း ကျောက်တံခါး မြို့နယ် ပဲနွယ်ကုန်းမြို့၌ ပြုလုပ်သည့် ပြည်ခိုင်ဖြိုး ပါတီ၏ ရပ်ကျေး စည်း ရုံးရေးမှူးများနှင့် တွေ့ဆုံပွဲတွင် ဦးသန်းဌေးက ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။

လက်ရှိ အစိုးရသစ် လက်ထက် တွင် ပြည်တွင်း မတည်ငြိမ်မှုများ တဖြည်းဖြည်း တိုးလာနေပြီး ကုန် ဈေးနှုန်း ထိုးတက်လာမှု များကို ပြည်သူများ ရင်ဆိုင်နေကြ ရကြောင်း နှင့် နယ်စပ်ဒေသ တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ ကြောင်း သူက ဆက်ပြောသည်။

ထိုအကျပ်အတည်း အားလုံး သည် လက်ရှိအစိုးရတွင် တာဝန် အရှိဆုံးဖြစ်ကြောင်း ဦးသန်းဌေး က ထောက်ပြသည်။

”တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးနဲ့ပတ်သက်လို့ ကျွန်တော် တို့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ တည် ငြိမ်အေးချမ်းရေး အတွက် တာဝန် ယူတယ်။ အရင်ကတည်း ကလည်း တည်ငြိမ် အေးချမ်းရေးကို တစိုက် မတ်မတ် လုပ်လာတာ ဖြစ်တဲ့အတွက် အတွေ့အကြုံ ရှိပြီးသား ဖြစ်တယ်” ဟု ဦးသန်းဌေးက ပြောသည်။

ဦးသန်းဌေးသည် ယင်းပါတီ ဥက္ကဋ္ဌဖြစ်ပြီး နောက်ပိုင်း တည်ဆဲ အစိုးရ အပေါ် ဆက်တိုက် ဆိုသလို ဝေဖန်နေသူ တစ်ဦးဖြစ်သည်။ ပြီးခဲ့ သည့် ရက်ပိုင်း ကလည်း ပြည်သူ လူထု လုံခြုံမှု ကင်းမဲ့နေပြီဟုလည်း ပြောဆိုခဲ့သေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ”အစိုးရက တိုင်း ပြည် တည်ငြိမ်အေးချမ်းရန် ဆောင် ရွက်နေပါတယ်။ နိုင်ငံရေးက လုပ် တတ်ဖို့လိုတယ်”ဟု ပြောသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*