”ALPတပ်ဖွဲ့ ဌာနချုပ်ကို AA တပ်ဖွဲ့ က တိုက်ခိုက်သိမ်းယူထား”

”ALPတပ်ဖွဲ့ ဌာနချုပ်ကို AA တပ်ဖွဲ့ က တိုက်ခိုက်သိမ်းယူထား”
August 23, 2017 Fame Asian

12:16 pm
”ALPတပ်ဖွဲ့ ဌာနချုပ်ကို AA တပ်ဖွဲ့ က တိုက်ခိုက်သိမ်းယူထား”

20992669_1537201306342146_4628146385557711001_nရန်ကုန် ၊ သြဂုတ် ၂၃

“NCA မထိုးထားတဲ့ရခိုင်တပ်ဖွဲ့ AA ” က ” NCAထိုးထားတဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP ” ဌာနချုပ်ကို လက်ရှိမှာ စီးနင်းထားတယ်လို့ ALP ပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

မနေ့က နေ့လည် ၂ နာရီလောက်မှာ အစိုးရနဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေဆဲ ရခိုင်အဖွဲ့ AA ဟာ အိန္ဒိယ – မြန်မာ နယ်စပ်တစ်နေရာမှာရှိတဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP ဌာနချုပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ သူမက ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် လက်ရှိအချိန်ထိ ALP က ၁ဦးကျဆုံး ၊ ၂ ဦးပျောက်ဆုံးပြီး ၊ ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိထားတယ်လို့ ALP ပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပေါ်ပြူလာနယူးစ်ကို ဒီကနေ့ နေ့လည် ၁၁ နာရီ မိနစ် ၅၀ မှာပြောပါတယ်။

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တော့ အဲ့လက်နက်ကြီးတွေဒဏ်ကိုမခံနိုင်လို့ ရဲဘော်တွေက ဌာနချုပ်ကို စွန့်ခွာသွားရတယ်။ တိုက်ပွဲကတော့ အခုထိဖြစ်နေတုန်းလို့သိရပါတယ်” လို့ ဒေါ်စောမြရာဇာလင်းက ဆိုပါတယ်။

ဒါနဲ့ပတ်သတ်ပြီး AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကိုပေါ်ပြူလာနယူးစ်က ယခုနေ့လည်ပိုင်းမှာ ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားပါတယ်။

ALP အဖွဲ့ဟာဆိုရင် အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီး ၂၁ ရာစုပင်လုံညီလာခံတွေတက်ရောက်နေတဲ့အဖွဲ့တစ်ခုပါ။

AA ကတော့ အစိုးရက မတရားအသင်းကြေညာထားပြီး လက်ရှိအချိန်ထိ အစိုးရနဲ့တိုက်ပွဲဖြစ် နေဆဲ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*