BBC Burmese သို့ ဦးဝင်းထိန် ၏ ပြောကြားမှု နှင့် ပတ်သက်၍ တရားဥပဒေ အတိုင်း ဆောင်ရွက် သွားမည်ဟု The Daily Eleven တာဝန်ရှိသူများ ပြောကြား

BBC Burmese သို့ ဦးဝင်းထိန် ၏ ပြောကြားမှု နှင့် ပတ်သက်၍ တရားဥပဒေ အတိုင်း ဆောင်ရွက် သွားမည်ဟု The Daily Eleven တာဝန်ရှိသူများ ပြောကြား
November 9, 2016 Asian Fame

4:46 am
BBC Burmese သို့ ဦးဝင်းထိန် ၏ ပြောကြားမှု နှင့် ပတ်သက်၍ တရားဥပဒေ အတိုင်း ဆောင်ရွက် သွားမည်ဟု The Daily Eleven တာဝန်ရှိသူများ ပြောကြား
In Cover News, Local

eleven(ရန်ကုန်၊ နိုဝင်ဘာ ၈)

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက် နေ့က ထုတ်ဝေခဲ့သော The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့ သည့် ”ရွေးကောက်ပွဲ တစ်နှစ်ကြာ သော်” အယ်ဒီတာ့ အာဘော်ဝယ် ”လစာ ဒေါ်လာ ၂၅ဝဝ ခန့်သာရရှိ သော ဝန်ကြီးချုပ် တစ်ဦး ဒေါ်လာ တစ်သိန်းခန့် တန်သည့် Patek Philippe နာရီ ဝတ်ဆင်သည် ဆိုသည့် သတင်းက တစ်နေ့ အနည်းဆုံး လုပ်ခ ၂ ဒေါ်လာခွဲ သာရသည့် နိုင်ငံသား တော်တော်များများကို မကျေမနပ် ဖြစ်စေခဲ့သည်” ဟူ၍ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်း ထိန်က နိုဝင်ဘာ ၈ ရက် နံနက် ပိုင်းဝယ် BBC Burmese သတင်း ဌာနသို့ ဖြေကြားရာ တွင် ”ကိုဖြိုး မင်းသိန်း နာရီက နာမည်နဲ့တကွ (Patek Philippe) ဆိုပြီး ပါလာတာ ကတစ်ချက်၊ အဲဒါ ဒေါ်လာတစ် သန်းတန်တယ်၊ ပတ်နေတယ် ဆိုတဲ့ စကားက စာက အချက်အလက် မှား နေတယ်။ ကိုဖြိုးမင်းသိန်း ပတ်နေ တဲ့ နာရီက သူ့မိန်းမ လက်ဆောင် ပေးထားတာ။ ROLEX နာရီ၊ သိန်းသုံးဆယ်လောက် တန်တယ်။ သူတတ်နိုင်လို့ ဝတ်တာ။ အဲဒါကို ဒေါ်လာ တစ်သန်းတန်တယ်၊ ဝတ် တယ် ဆိုကတည်းက သူမှားသွားပြီ။ နှစ်အချက်က မူးယစ်ဆေးဝါးနဲ့ပတ် သက်တဲ့ လုပ်ငန်းရှင်ကြီး တစ်ယောက် နဲ့ ပတ်သက်တယ် ဘာညာရေးတဲ့ အခါကျတော့ ဒါကလည်း မှားနေ တယ်။ ဆိုတော့ ဒါက မီဒီယာ ကျင့် ဝတ်နဲ့မဟုတ်တော့ဘူး။ တမင်သက် သက် အပုပ်ချတာ။ ဆိုတော့ ဥပဒေ ကြောင်းအရသူက ခိုင်မာမှုမရှိဘူး။ ကိုဖြိုးမင်းသိန်းက လုပ်စရာရှိတာ ဆက်လုပ်လိမ့်မယ်။ ကျွန်တော်တို့ ပါတီ အနေနဲ့ စောင့်ကြည့်နေဦး မယ်။ တရားစွဲဖို့ အခြေအနေရှိလာ နိုင်တယ်”ဟု ပြောကြားခဲ့သည်။

ယင်းအပေါ်တွင် The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးက နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်း တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ၍ ဥပဒေကြောင်း အရဆောင်ရွက် သွားမည် ဖြစ်ကြောင်း တန်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ”ကျွန်တော်တို့ အယ်ဒီတာ့ အာဘော်က ရွေးကောက်ပွဲ အပြီး မှာ တစ်နှစ် အကြာမှာ နိုင်ငံမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ဖော် ပြတဲ့အခါ ဒီလူမှု ကွန်ရက်တွေပေါ် မှာ ပျံ့နေတာကို ဥပမာ တစ်ခု အနေ နဲ့ထည့်သွင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ အညီဆောင်ရွက် သွားမှာဖြစ်ပါတယ်။ တကယ်လို့ လိုအပ် လာရင်တော့ ကျင့်ဝတ်နဲ့ အညီပဲ ထုတ်ဖော်ပြောဆို သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တို့ရဲ့ သတင်းရင်းမြစ် ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီနာရီနဲ့ပတ်သက်တဲ့ အချက်အလက် တွေအပြင် တခြား အချက်အလက် တွေကိုလည်း ကျင့်ဝတ် စည်းကမ်း တွေနဲ့အညီ ထုတ်ဖော် ပူးပေါင်းသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အယ်ဒီတာ့ အာဘော်ထဲမှာ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လို့နာမည်မပါပါဘူး။ ဦးမောင်ဝိတ် လို့လည်း မပါပါဘူး။ ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်လို့ တော့ပါတယ်”ဟု ၄င်းကဆိုသည်။

လက်ရှိ အယ်ဒီတာ့ အာဘော် ပါ လက်ပတ်နာရီ ကိစ္စနှင့်ပတ်သက် ၍ ဝန်ကြီးချုပ်၊ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦး ဟူသော အသုံးအနှုန်း သည် ဦးဖြိုးမင်းသိန်းနှင့် ဦးမောင် ဝိတ် တို့သာဖြစ်သည်ဟု သတ်မှတ် ၍ ရမလား(သို့မဟုတ်) မရဘူးလား၊ မည်သူ့ကို ရည်ညွှန်းတာလဲ ဟူသည့် ပေါ်ပြူလာ နယူးစ် ၏ မေးမြန်းမှု အပေါ်တွင်မူ အယ်ဒီတာချုပ် ဦးဝေ ဖြိုးက ”ကျွန်တော်တို့ လိုအပ်လာ ရင် ကျင့်ဝတ်အရ ဒီအချက်အလက် တွေရော တခြား ဒီထက်ပိုတဲ့ အချက် အလက်တွေရော ထုတ်ဖော်ပြောဆို သွားမှာပါ”ဟုသာ ပြန်လည်ဖြေကြား ခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့ က ထုတ်ဝေခဲ့သော The Daily Eleven သတင်းစာပါ အာဘော်နှင့် ပတ်သက် ၍ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမောင်ဝိတ် ကလည်း နိုဝင်ဘာ ၉ ရက်နေ့ မနက်တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဟု မီဒီယာများ ကို နိုဝင်ဘာ ၈ ရက်နေ့တွင် ဖိတ်ကြားခဲ့သည်။ ယင်းအပေါ်တွင် ဦးဝေဖြိုးက ”ကျွန်တော်တို့ အာ ဘော်မှာ ဦးမောင်ဝိတ် လို့ ဖော်ပြခဲ့ တာမရှိဘူး။ ဒါပေမယ့် ဦးမောင်ဝိတ် က ရှင်းလင်းမယ် လို့ ပြောဆိုလိုက် တာဟာ ဒီအကြောင်းအရာ နဲ့သော် လည်းကောင်း ရန်ကုန်တိုင်း ဝန်ကြီး ချုပ်နဲ့ သော်လည်းကောင်း တစ်စုံ တစ်ရာ ပတ်သက်ကောင်း ပတ်သက် တယ်၊ ဆိုင်တယ် လို့ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောပါ မယ်။ ဦးမောင်ဝိတ် ဟာ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ပုဒ်မ ၁၅/၁၆(င) နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခဲ့တာဖြစ်ပါတယ်။ ၁၅ က မူးယစ်ဆေးဝါးသုံး စွဲမှုနဲ့ပါ။ ၁၆ (င)က အရပ်စကား နဲ့ ပြောရရင်ဖြန့်တာ၊ လက်ဝယ်တွေ့ တာ တစ်ခုခုဖြစ်မယ်ဗျာ။ ဦးမောင် ဝိတ်က ဒီလိုနဲ့ထောင် ၁၅ နှစ်ကျခဲ့ တာပါ”ဟု ဆိုသည်။

Eleven မီဒီယာ CEO ဒေါက်တာသန်းထွဋ်အောင် အနေဖြင့် လည်း နှစ်ပေါင်း ၂၈ နှစ်တိုင် လေး စား ယုံကြည်ခဲ့သည့် နိုင်ငံတော် အ တိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပုဂ္ဂိုလ်ရေး အရ မေးမြန်း ခဲ့သော် ကျင့်ဝတ် အတိုင်းထုတ်ဖော် ပြောဆိုသွားမည့် သဘောထားရှိ ကြောင်း ဦးဝေဖြိုး က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း သတင်းစာ ရှင်းလင်း ပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ် သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးလုံ ခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပေါ်ပြူလာ နယူးစ်သို့ ပြောပါသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*