၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး

၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး
October 20, 2016 Asian Fame

9:27 am
၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး
In Labour

၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ဝန်ကြီးဌာနတို့ ဆွေးနွေး

ရဲလွင်
ရန်ကုန်၊ အောက်တိုဘာ ၁၇

လက်ရှိအလုပ်ရုံနှင့် အလုပ်သ မားဥပဒေ စစ်ဆေးရေးဦးစီးဌာန တွင် ပြုလုပ်လျက်ရှိသော ပြင်ဆင် ခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်း များ ပြုလုပ်ပြီးစီးသည့် ဥပဒေသုံးခု နှင့် ပတ်သက်၍ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေး ပြန်လည်ဆွေးနွေး ပွဲတွင် ပြင်ဆင်ရမည့် အချက် များ ထပ်မံ ပေါ်ပေါက်ခဲ့သည့်အတွက် ပြင်ဆင်ပေးရန် ပြန်လည်တောင်း ဆိုခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၁၂ ရက်နေ့တွင် ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့်ပတ်သက်၍ အ လုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သ မားကိုယ်စားလှယ်နှင့် ဝန်ကြီးဌာန တို့ ဆွေးနွေးကြကြောင်း၊ အောက် တိုဘာ ၁၃ ရက်နေ့တွင် ၂ဝ၁၆ ခု နှစ်ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ အောက်တိုဘာ ၁၄ ရက် နေ့တွင် ၂ဝ၁၆ ခုနှစ်အခကြေးငွေ ပေးချေရေးဥပဒေတို့ ကို ဆွေးနွေး ခဲ့ကြောင်း၊ ဆွေးနွေးခဲ့သည့် ဥပဒေ သုံးခုလုံးတွင် စကားလုံးအထားအ သိုနှင့် အသုံးအနှုန်းများကို အဓိက ပြန်လည်ပြင် ဆင်ရန် လိုအပ်ကြောင်း တွေ့ရှိခဲ့သည်ဟု အလုပ်သမားဝန် ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”ပြင်ဆင်စရာတွေကိုတော့ တင်ပြကြတယ်။ စကားလုံးအသုံး အနှုန်းဆိုတာကလည်း အဓိပ္ပာယ် ခွဲလို့မရဘူးလေ။ ဒါတွေကိုအထက် က ပညာရှင်တွေကို ပြင်ပြီးတင်ပြ ရမှာဖြစ်ပါတယ်” ဟု အဆိုပါ တာ ဝန်ရှိသူက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အ လုပ်သမား ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးဇာနည်သွေးက ယခုကဲ့ သို့ဆိုသည်။

၎င်းက  ”ပြင်ဆင်စရာရှိတာ တွေ အများကြီးသွားတွေ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်ရှိ ကြုံနေရတာက ဥပဒေထဲ မှာ မပါဘူးဆိုတဲ့အချက်၊ ဥပဒေထဲ မှာမပါတော့ တစ်ခုခုဖြစ်လာရင် ဘာလုပ်လို့ ဘာကိုင်ရမလဲဆိုတာ သူတို့မသိတော့ဘူး။ ဥပမာ
ခွင့် ရက်နဲ့ အလုပ်ပိတ်ရက်ဥပဒေမှာ အစိုးရရုံးပိတ်ရက်တွေ ပိတ်ရင် နိုင်ငံဝန်ထမ်းတွေပဲ ပိတ်ရမှာလား စက်ရုံဝန်ထမ်းတွေကရော အဲ့ဒီအ ခွင့်အရေး မရတော့ဘူးလား။ ဒီ လိုကွဲလွဲနေတာတွေ။ အလုပ်သမား ချင်းတူပြီး အခွင့်အရေးမတူကြဘူး။ ဒီလိုပြောတော့လည်း
အလုပ်ရှင် တွေဘက်က ရုံးပိတ်ရက်တိုင်းပိတ် ပေးနေရရင် သူတို့စက်ရုံတွေ ရပ် လိုက်ဖို့ပဲရှိတယ်ဆိုတာမျိုးပြောပြီ။ ဒီတော့ အဲ့ဒီ ရက်တွေ အလုပ်ဆင်း တဲ့အတွက် ဘယ်လိုခံစားခွင့်တွေ ပြန်ရမလဲဆိုတာတွေကို ကျွန်တော် ထောက်ပြခဲ့တယ်။ ဒါတွေနဲ့ပတ် သက်ပြီးလည်း ပြင်ဆင်ပေးရင် တော့ကောင်းတာပေါ့” ဟု ပြော သည်။

ယခု ဆွေးနွေးခဲ့သော ဥပ ဒေမူကြမ်းမှ ပြင်ဆင်စရာရှိသည် များကို ပြင်ဆင်ပြီးပါက လွှတ် တော်သို့ တင်သွင်းရမည်ဖြစ်ပြီး လို အပ် သည့် နည်းဥပဒေများကို ထုတ် ပြန်ရမည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*