ထိုင်း၊စင်ကာပူ နှင့် ဟောင်ကောင် များသို့ မြန်မာ အိမ်အကူများ တရားဝင်စေလွှတ်နိုင်ရန် စီစဉ်နေ

ထိုင်း၊စင်ကာပူ နှင့် ဟောင်ကောင် များသို့ မြန်မာ အိမ်အကူများ တရားဝင်စေလွှတ်နိုင်ရန် စီစဉ်နေ
June 21, 2017 Asian Fame

11:41 am
ထိုင်း၊စင်ကာပူ နှင့် ဟောင်ကောင် များသို့ မြန်မာ အိမ်အကူများ တရားဝင်စေလွှတ်နိုင်ရန် စီစဉ်နေ

pn

နေပြည်တော် ၊ ဇွန် ၂၁

ထိုင်း ၊ စင်ကာပူ ၊ ဟောင်ကောင် စသည့်နိုင်ငံ များသို့ အိမ်ကူလုပ်သားများ တရားဝင် စေလွှတ်သွား ရန် စီစဉ်နေကြောင်းအလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“ကျွမ်းကျင်လုပ်သားတွေ ဖြစ်အောင် သင်တန်းတွေပေးနေတယ် ၊ပြီးရင်အစိုးရအဖွဲ့ကိုတင်ပြမယ် ၊ တရားဝင် စေလွှတ်ဖို့စီစဉ်နေတယ်”ဟုသူကပြောသည်။ဇွန်လ ၂၁ရက်နေ့က ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေး အပြီး သတင်းမီဒီယာတွေကိုဖြေကြားခဲ့ခြင်းဖြစ်သည်။ထို့အပြင် ယင်းနေရာတွေတွင်ရောက်နေသည့်တရားမဝင် အိမ်ကူလုပ်သားများကို တရားဝင်ဖြစ်အောင် ဝန်ကြီးဌာနက လုပ်ဆောင်နေကြောင်းလည်း ဝန်ကြီးကပြောသည်။တရားမဝင်စေလွှတ်နေသည့် ကုမ္ပဏီများကိုလည်း ဝန်ကြီးဌာနက ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရန် စီစဉ်နေကြောင်း ဝန်ကြီးက ဆက်ပြောသည်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*