မန္တလေး -ပြင်ဦးလွင် ကားလမ်းသစ် စီမံကိန်း ဆိုင်းငံ့ လိုက်သည့် အကြောင်းရင်း တိုင်းအစိုးရ အဖွဲ့ ပြောပြီ

မန္တလေး -ပြင်ဦးလွင် ကားလမ်းသစ် စီမံကိန်း ဆိုင်းငံ့ လိုက်သည့် အကြောင်းရင်း တိုင်းအစိုးရ အဖွဲ့ ပြောပြီ
October 20, 2016 Asian Fame

9:16 am
မန္တလေး -ပြင်ဦးလွင် ကားလမ်းသစ် စီမံကိန်း ဆိုင်းငံ့ လိုက်သည့် အကြောင်းရင်း တိုင်းအစိုးရ အဖွဲ့ ပြောပြီ
In Local

မန္တလေး -ပြင်ဦးလွင် ကားလမ်းသစ် စီမံကိန်း ဆိုင်းငံ့ လိုက်သည့် အကြောင်းရင်း တိုင်း အစိုးရ အဖွဲ့ ပြောပြီ

(မန္တလေး၊ အောက်တိုဘာ ၁၈)

ယခင်အစိုးရ သက်တမ်းကုန်ခါ နီးတွင် ဖောက်လုပ် ခွင့်ပြုခဲ့သည့် မန္တ လေး-ပြင်ဦးလွင် ကားလမ်းသစ် စီမံ ကိန်းသည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက် ဒီဇိုင်း ပါမလာခြင်း၊ သစ်တော ကြိုးဝိုင်းနှစ်ခုအား ဖြတ်ဖောက် ထားခြင်း တို့ကြောင့် လုပ်ငန်းလုပ်ကိုင် ခွင့် ဆိုင်း ငံ့စေလိုက်ခြင်း ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊
လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် က ပြောသည်။

”အဲဒီလမ်းက သစ်တော ကြိုးဝိုင်း နှစ်ခုကိုဖြတ်သွားတယ်။ နောက်တစ်ခု က ဆောက်လုပ်ရေး ဝန်ကြီး ဌာနက လည်း ဒီလမ်းက ဆောက်လုပ်ရေး ဝန် ကြီးဌာနက မသိတဲ့လမ်းပါလို့ ဆိုလာ တယ်။ မသိဘူးဆိုတာထက် ဆောက် လုပ်ရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ဒီ ဇိုင်း ပါမလာဘူးပေါ့။ ဒါကြောင့်ဆိုင်းငံ့ ထားရမယ် ဆိုပြီး ပြည်ထောင်စု အစိုးရ က ပြောလာတယ်” ဟု ဝန်ကြီးက ဆိုသည်။

မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ ဆက်သွယ် ထားသည့် ယခင်လမ်း ဟောင်းသည် နေ့စဉ်ယာဉ်ကြောကျပ် တည်းမှုများစွာ ဖြစ်ပေါ်လျက် ရှိနေသ ဖြင့် ယခင်အစိုးရ လက်ထက်က လမ်း သစ်ဖောက်လုပ်ရန် စီစဉ်ခဲ့ရာ မန္တလေး တိုင်းဒေသကြီးမန္တလေးမြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်မှတစ်ဆင့်ဆက် သွယ်ဖောက်လုပ်ရန် စီမံကိန်းတစ်ခု ဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။

လမ်းသစ်ဖောက် လုပ်စဉ်က မြေ ယာ အငြင်းပွားမှု ပြဿနာတချို့ရှိခဲ့ ဖူးသော်လည်း စီမံကိန်းအား ဆက် လက် လုပ်ကိုင်ခဲ့ရာ သစ်ပင် ခုနစ် သောင်းကျော် ခုတ်လှဲ ခံလိုက်ရသည် အထိ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

”သစ်ပင် ခုနစ်သောင်းကျော် ခုတ်လှဲ ခံလိုက်ရတယ်။ အဲဒီတော့ စဉ်းစားကြ ရမှာပေါ့ဗျာ။ ကျွန်တော် တို့ သစ်ပင်တွေပါ သွားတယ်။ တန် သလား၊ မတန်သလား၊ ကျွန်တော် ကတော့ တွေ့ရှိချက်တွေ အားလုံးကို ကက်ဘိနက်ကို တင်မှာပါ။ ဆက်လုပ် သင့်၊ မလုပ်သင့်ကတော့ ပြည်ထောင် စုအဆင့်က ဆုံးဖြတ်ပေါ့။ တကယ်လို့ ဒီလမ်း ကိုဖောက်ရင်လည်း ဆောက် လုပ်ရေး ရဲ့ ကြီးကြပ်မှုအောက်မှာ ပဲ ရှိ ရမယ်” ဟု ဝန်ကြီး က ပြောသည်။

သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့၏ ကန့်ကွက်ချက် များကြောင့် ဆိုင်းငံ့ ထားရန် အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည့် အတွက် ဆက်လုပ်သင့် မ လုပ်သင့် ကိုလည်း ပြည်ထောင်စု အ ဆင့်ကသာ ဆုံးဖြတ် သွားမှာဖြစ် ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို အစိုးရအ ကူးအပြောင်း ကာလ၌ ယခင်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဟောင်းက ကုမ္ပဏီတစ်ခုအား BOT စနစ်ဖြင့် ချထားပေး ခဲ့ခြင်း ဖြစ်သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*