တက္ကစီအရေအတွက်လျှော့ချမည်ဆိုသည့် သတင်းများကြောင့် ဈေးကွက်အတွင်းရှိ ရာသက်ပန်တက္ကစီများ သိန်း(၂၀)ကျော်အထိ ဈေးခုန်တတ်လာ

တက္ကစီအရေအတွက်လျှော့ချမည်ဆိုသည့် သတင်းများကြောင့် ဈေးကွက်အတွင်းရှိ ရာသက်ပန်တက္ကစီများ သိန်း(၂၀)ကျော်အထိ ဈေးခုန်တတ်လာ
September 27, 2017 Fame Asian

12:16 pm
တက္ကစီအရေအတွက်လျှော့ချမည်ဆိုသည့် သတင်းများကြောင့် ဈေးကွက်အတွင်းရှိ ရာသက်ပန်တက္ကစီများ သိန်း(၂၀)ကျော်အထိ ဈေးခုန်တတ်လာ

22049861_1824535091140798_1177823112418457299_n

နေပြည်တော် စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းအတွင်းပြေးစွဲနေသည့် တက္ကစီ အစီးရေ အရေအတွက်ကိုလျှော့ချရန် စီစဉ်နေသည်ဆိုသည့် သတင်းများကြောင့် ဈေးကွက်အတွင်းရှိ ရာသက်ပန် တက္ကစီများ သိန်း(၂၀)ကျော်အထိ ဈေးမြင့်တတ်လာကြောင်း ရန်ကုန်ကားရောင်းဝယ်ရေးစခန်းများမှသိရသည်။

ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ဝါရင့်ကားဝယ်ရောင်း ဦးစိုးလွင်က”ခုက ရာသက်ပန် တက္ကစီတွေဘဲချန်ပြီး နံပါတ်အနက်ကနေအနီပြောင်းထားတာတွေကို အနက်ပြန်ပြောင်းရမယ်ဆိုပြီးအသံတွေထွက်လာတော့ ဒီ(AA/BB)ကားတွေက ဈေးတွေတအားခေါ်လာပါတယ်၊အေဒီဗင်နွားကြီးတစ်စီးကို သိန်း(၂၀)လောက်တတ်လာတာတော့ မကောင်းဘူးပေါ့”ဟု ဆိုသည်။

လတ်တလောထွက်ပေါ်နေသည့် ရန်ကုန်တက္ကစီ လျှော့ချမည့် သတင်းအပေါ် ကားဈေးကွက်က လှုပ်လှုပ်ရှားရှားဖြစ်ပေါ်နေပြီး နယ်လိုင်စင် တက္ကစီများကိုလည်း ကန့်သတ်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ကားမူဝါဒကျွမ်းကျင်သူများကမူ တရားဝင်မူဝါဒများနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုပေးထားသည့် တက္ကစီများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့သဘောတစ်ခုထဲနှင့် ပြီးစလွယ်ပြောင်းလဲရန် မဖြစ်နိုင်ဘဲ ပြည်ထောင်စုအဆင့်သို့တင်ပြပြီးမှသာ မူဝါဒ သတ်မှတ်ချက်များအတိုင်း ပြင်ဆင်နိုင်မည်ဖြစ်သည်ဟု ဆိုကြသည်။

ယခုအခါ ယာဉ်ကြောကြပ်တည်းမှုနှင့် စည်းကမ်းမဲ့ရပ်နားမှုများကြောင့် ရန်ကုန်တိုင်းအတွင်းရှိတက္ကစီ အစီးရေကို လိုအပ်သလောက်သာ ပြေးစွဲခွင့်ပြုရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုကြောင့် အက္ခရာ တက္ကစီယာဉ်ပိုင်ရှင်များအနေနှင့် မိမိတို့၏ ကားများကို ပေါက်ဈေးထက်လျော့ရောင်းနေကြပြီး ရာသက်ပန်တက္ကစီများကိုပြန်လည်ဝယ်ယူရန် ဆောင်ရွက်နေသောကြောင့် ဈေးကွက်အတွင်း ရာသပန်တက္ကစီဈေးနှုန်းများ မြင့်တတ်လာခြင်းဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*