မန္တလေး အမျိုးသားဇာတ်ရုံ ပြန်လည် ငှားရမ်းခွင့် ပြုတော့မည်

မန္တလေး အမျိုးသားဇာတ်ရုံ ပြန်လည် ငှားရမ်းခွင့် ပြုတော့မည်
March 22, 2017 Asian Fame

4:26 pm
မန္တလေး အမျိုးသားဇာတ်ရုံ ပြန်လည် ငှားရမ်းခွင့် ပြုတော့မည်

National-(MDY)(မန္တလေး၊ မတ် ၂၁)

အဆင့်မြှင့်ကာ ပြန်လည် မွမ်း မံလျက်ရှိသည့် အမျိုးသား ဇာတ် ရုံ(မန္တလေး)ကို ယခုလ ကုန်ပိုင်း အပြီးဆောင်ရွက် သွားမည် ဖြစ် ပြီး ပြန်လည် ငှားရမ်း အသုံးပြုခွင့် ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

”ဒီလကုန် အပြီး လုပ်ရမှာ၊ ဖွင့်တာကတော့ (ပန်တျာ)ကျောင်း ဆင်းပွဲ လုပ်မယ့် ဧပြီ ၃ ရက်မှာ စမ်းသပ် သဘောမျိုး ဖွင့်သွားမယ်။ အဲဒီဖွင့်ပွဲမှာ ဘာတွေချို့ယွင်း ချက်ရှိမလဲ ရှိတာပြန်လုပ်မယ်။ ဘာမှပြဿနာ မရှိဘူးဆိုရင်တော့ အသေးစား လုပ်စရာ ရှိတာလေး တွေ ဆက်လုပ်ပြီး ငှားရမ်း ခွင့်ပြု သွားမှာပါ။ ဘယ်တော့ ဆိုတာတော့ ပြောလို့ မရသေးပါဘူး” ဟု အမျိုး သားဇာတ်ရုံ (မန္တလေး)မှ အဆင့် မြင့် အရာရှိ တစ်ဦးက ပေါ်ပြူလာ
နယူးစ် သို့ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ စတင်ခဲ့သည့် အမျိုးသား ဇာတ် ရုံ(မန္တလေး) အဆင့်မြင့်ပြန်လည် မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းတွင် စတိတ် ခုံနှင့် ထိုင်ခုံများအား ရန် ကုန် အမျိုးသားဇာတ်ရုံ ဒီဇိုင်းကဲ့သို့ ပြန်လည် မွမ်းမံပြင်ဆင်ခြင်း ဖြစ်ပြီး ခေါင်မိုး၊ မျက်နှာကြက်၊ အဆောက် အအုံအတွင်းအပြင်နှင့် ဇာတ်ရုံဝင်း အတွင်းမြေ နေရာများကိုလည်း အ ဆင့်မြင့် ပြန်လည် ပြုပြင်ခြင်းတို့ ပါ ဝင်သည်။

”အသံစနစ် ကိုလည်း အရင် ထက်ပို ကောင်းအောင် လုပ်လိုက် တယ်။ ဆေးသုတ် ခေါင်မိုးလဲတာ ကအစ တင်ဒါစနစ် နဲ့ပဲ လုပ်တာပါ။ ခုံအဟောင်းတွေ၊ သွပ်တွေ လေလံ တင်တဲ့ အခါမှာလည်း ပွင့်လင်းမြင် သာမှုနဲ့ ဆောင်ရွက်ခဲ့တယ်” ဟု လည်း ၄င်းက ပြောသည်။

အမျိုးသားဇာတ်ရုံ(မန္တလေး)အား အဆင့်မြှင့်တင် မွမ်းမံခြင်း လုပ်ငန်းများ ပြုလုပ်ရန်အတွက် ယခု နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှစကာ
ငှားရမ်းခြင်း လုပ်ငန်း ခေတ္တရပ် ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*