YBS စနစ် ၇၀ ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ဟု တစ်နှစ်ပြည့်မှာ YRTA ပြော

YBS စနစ် ၇၀ ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ဟု တစ်နှစ်ပြည့်မှာ YRTA ပြော
January 16, 2018 Fame Asian

4:33 pm
YBS စနစ် ၇၀ ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ဟု တစ်နှစ်ပြည့်မှာ YRTA ပြော

26734145_938188412994809_77448527303019441_n

ရန်ကုန် ၊ ဇန်န၀ါရီ ၁၆

YBS ယာဉ်လိုင်းစနစ်ကို ၇၀ ရာခိုင်နှန်းကျော်အောင်မြင်အောင် ပြောင်းလဲနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီိး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  (YRTA) တည်ထောင်ခြင်းနဲ့ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (YBS) စနစ်စတင်ပြောင်းလဲခဲ့တဲ့ တစ်နှစ်ပြည့်အနေနဲ့ နှစ်ပတ်လည်အခမ်းအနားကို တာမွေမြို့ နယ်ရှိ Sky Star ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် မှ သတင်းထောက်တွေကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

26239620_938193196327664_2229783828347187589_n

” တစ်ဦးချင်းပိုင်တွေကို ဖျက်ပြီးတော့ ကုမ္ပဏီိပိုင်ဆိုတာလည်း ကျွန်တော်ထင်တယ် ကားရဲ့သုံးပုံပုံ နှစ်ပုံက ကုမ္ပဏီပိုင်စနစ်ဖြစ်သွားပြီ။ကျန်တာကို ဆက်ပြီးတော့ ပြောင်းမှာဖြစ်ပါတယ်။ ကားဟောင်းကို ကားသစ်နဲ့ လာတာကလည်း ရှိတဲ့ကားရဲ့တစ်ဝက်ကျော်က brand new တွေဖြစ်နေပြီိ။ ဖြစ်တဲ့အပြင် ကျွန်တော်တို့ ရဲ့လက်ထဲမှာ လိုင်းထဲကိုမထည့်ရသေးတဲ့ ကားသစ်တွေအများကြီးရှိပါသေးတယ်။ ပြောချင်တာက အားလုံးကိုခြုံကြည့်မယ်ဆိုရင်တော့ ၇၀ ရာခိုင်နှုန်းကျော်ကတော့ အောင်မြင်တယ် ” လို့ သူကပြောပါတယ်။

ဒ့ါအပြင် လက်ရှိမှာ ယာဉ်လိုင်းကုမ္ပဏီတိုင်း ကားရပ်ကွင်းတွေ ထားရှိနိုင်ဖို့ယခုနှစ်မှာ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်းသူကဆက်ပြောပါတယ် ” အခုလည်း သုံးလေးခုတော့ရှိပါတယ်။

ဒါပေမယ့် ကုမ္ပဏီတိုင်း ကုမ္ပဏီတိုင်းက ကားရပ်ကွင်းရှိရမယ်။ အဲဒီဟာကိုဆက်ပြီးဆောင်ရွက်သွားမယ်။ ” လို့ ဒေါက်တာမောင်အောင်ကဆိုပါတယ်။

” အခုကားလမ်းပေါ်ကို ကြည့်လိုက်လေ။ ဘာပြောင်းလဲမှုတွေရှိလဲ ။ အရင်ကလို ရရာကား ရှိရာကား ကားအိုကားဟောင်းတွေ တစ်ဖြည်းဖြည်းကားသစ်တွေနဲ့ အစားထိုးနေတယ်။ အခု ငွေပေးချေမှုကိုကဒ်စနစ်နဲ့သွားမယ် တစ်ဆင့်ချင်းတစ်ဆင့်ချင်းကို အန်တီိတို့ ဆောင်ရွက်သွားမယ်” လို့  ရန်ကုန်တိုင်းဒေသကြီိး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  (YRTA) ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ က ယခင် သယ်ယူပို့ဆောင်ရေး မထသ စနစ်ကိုဖြုတ်ချပြီး ယခုပြေးဆွဲနေတဲ့ YBS စနစ်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*