အိမ်ရှင်မလေးရှားကို သရေကစားရုံနဲ့ အုပ်စုဗိုလ်အဖြစ် အကြိုဗိုလ်လုပွဲကို တတ်ရောက်နိုင်မယ့် မြန်မာ

အိမ်ရှင်မလေးရှားကို သရေကစားရုံနဲ့ အုပ်စုဗိုလ်အဖြစ် အကြိုဗိုလ်လုပွဲကို တတ်ရောက်နိုင်မယ့် မြန်မာ
August 21, 2017 Asian Fame

12:11 pm
အိမ်ရှင်မလေးရှားကို သရေကစားရုံနဲ့ အုပ်စုဗိုလ်အဖြစ် အကြိုဗိုလ်လုပွဲကို တတ်ရောက်နိုင်မယ့် မြန်မာ

football(နေပြည်တော် သြဂုတ် ၂၁)

မလေးရှား ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု(က)မှာ မြန်မာအသင်း အတွက် နောက်ဆုံးပွဲစဉ် အဖြစ် အိမ်ရှင်မလေးရှားအသင်းနဲ့ ဒီနေ့ ညမြန်မာ စံတော်ချိန် (၇:၁၅)မှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ မြန်မာအသင်း အနေနဲ့ အုပ်စုတွင်း သုံးပွဲ ကစားခဲ့ပြီး သုံးပွဲနိုင် ရမှတ်(၉)မှတ် နဲ့အုပ်စုကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ယှဉ်ပြိုင် ကစားရမယ့် မလေးရှား အသင်းကို သရေ ကစားရုံနဲ့ အုပ်စုဗိုလ် အဖြစ် အကြိုဗိုလ်လုပွဲကို တတ်ရောက်နိုင်ပြီဖြစ်ပါတယ်။

မြန်မာအသင်းက အုပ်စုတွင်း ပွဲစဉ်သုံးပွဲမှာ (၁၁)ဂိုးအထိ ရထားပြီးပေးဂိုး (၁)ဂိုး ဘဲပေးထား ရတာဖြစ်ပါတယ်။ လက်ရှိမြန်မာ အသင်းရဲ့ တိုက်စစ်စုဖွဲ့မှုက မလေးရှား အသင်းထက် ပိုကောင်းမွန်တာကိုတွေ့ရပေမယ့် အသင်းလိုက် စုစည်းမှုမှာတော့ အားနည်းချက်တွေ ရှိနေဆဲပါဘဲ။ မလေးရှားအသင်းကတော့ ခံစစ်မှာ အနည်းငယ်အားနည်းချက်ရှိပေမယ့်လည်း အိမ်ရှင်ဆိုတဲ့အနေအထားကြောင့် မြန်မာ အသင်းကို ဖိအားပေး ကစားသွားမယ့် အခြေအနေ မှာရှိပါတယ်။ ဒါကြောင့် မြန်မာကစားသမားတွေ အနေနဲ့ အခုပွဲစဉ်ကို အနိုင်ရဖို့ ဆိုတာထက် ဆီမီးဖိုင်နယ် မှာ ပွဲပယ် ၊ဒါဏ်ရာရာ ကစားသမားတွေ မရှိရအောင် တည်တည်ငြိမ်ငြိမ် ကစားသွားဖို့ အရေးကြီးပါတယ်။

တဖက်အုပ်စု (ခ)မှာတော့ အုပ်စုဗိုလ် အဖြစ် ဗီယက်နမ်ကဦးဆောင်နေပြီး ထိုင်းနဲ့အင်ဒိုနီးရှား အသင်းတို့က အုပ်စုဒုတိယနေရာ အတွက် အကြိတ်အနယ် ကစားနေကြပါတယ်။ ဒီနှစ် ဆီးဂိမ်းပြိုင်ပွဲ မှာတော့ နာမည်ကြီး ထိုင်းအသင်းက အရင်နှစ်တွေလောက်ခြေ စွမ်းရော ကစားကွက်ပါ အခုထိ အကောင်းဆုံး အခြေအနေကို မမြင်တွေ့ရသေးပါဘူး။ အုပ်စုတွင်း မှာပါဝင်နေတဲ့ ဖိလစ်ပိုင်၊ တီမောနဲ့ ကမ္ဘောဒီးယား တို့က အိမ်ဖြည့် အသင်းတွေဖြစ်တာကြောင့် အုပ်စု(ခ)ရဲ့ ဆီမီးဖိုင်နယ် တတ်ရောက်ခွင့်ကို ဗီယက်နမ်၊အင်ဒိုနီးရှားနဲ့ထိုင်းအသင်းတို့ကဘဲ အပြိုင်အဆိုင် ကြိုးစားရမှာဖြစ်ပါတယ်။

မြန်မာအသင်း ကတော့ ဆီးမီးဖိုင်နယ်ကို အုပ်စုဗိုလ် အဖြစ် တတ်ရောက်တာဖြစ်စေ အုပ်စုဒုတိယ နဲ့တတ်ရောက်တာ ဖြစ်စေ တဖက် အုပ်စု ကတတ်လာမယ့် ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ထိုင်းအသင်း တို့ရဲ့ခြေစွမ်းတွေက မတိမ်းမယိမ်း ဖြစ်နေတာကြောင့် ကွာခြားချက် ထူးထူးခြားခြား မရှိနိုင်ပါဘူး ။ဒါပေမယ့်လည်း မြန်မာ ကစားသမားတွေရဲ့ အနိုင်ယူလိုစိတ် ပြင်းပြနေပြီး အုပ်စုတွင်းရှုံးပွဲ မရှိဆိုတဲ့ အခြေ အနေကို ရချင်နေတာကြောင့် မလေးရှားအသင်းနဲ့ ဆုံတွေ့မှုက စိတ်ဝင်စားစရာကောင်းနေပြီး ကြည့်ကောင်းမယ့် ပွဲတစ် ပွဲဖြစ်လာ မှာပါ။

မလေးရှား ဆီးဂိမ်းကျင်းပရေး ကော်မတီအနေနဲ့လည်း ဘောလုံးပြိုင်ပွဲ အပါအဝင် တခြား အားကစားနည်းတွေ မှာလည်း စီမံခန့်ခွဲပုံ နည်းစနစ် အားနည်းချက်တွေကြောင့် ပြိုင်ဖက် အသင်းတွေနဲ့ပရိတ်သတ်တွေရဲ့ဝေဖန်မှုကို ရင်ဆိုင်နေ ရပါတယ် ။မြန်မာ အသင်း ယှဉ်ပြိုင် ကစားတဲ့ပွဲစဉ်တွေကို လာရောက် အားပေးနေတဲ့ မလေးရှားရောက် မြန်မာအချို့ကို မလေးရှား ရဲတပ်ဖွဲ့ဝင်အချို့က အထောက် အထား စစ်မေးတာတွေ ရှိရှိနေတဲ့ အတွက် ဒီနေ့ညနေမှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်ကိုတော့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က အရင် ပွဲစဉ်တွေလို လက်မှတ်ဝေဌတာတွေ မပြုလုပ်တော့ဘဲ မြန်မာ ပရိတ်သတ်တွေ အနေနဲ့ အေးအေးချမ်းချမ်း နဲ့ သာအားပေးကြဖို့ တိုက်တွန်း ထားပါတယ်။

မြန်မာအသင်းနဲ့ မလေးရှားအသင်း တို့ပွဲစဉ်ကို ယနေ့ည မြန်မာ စံတော်ချိန်(၇:၁၅)မိနစ် မှာယှဉ်ပြိုင်ကစား ကြမှာဖြစ်ပြီး MRTV ရုပ်သံ လိုင်း မှ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*