ဒူတာတေ၏ တရုတ် ခရီးစဉ် အတွင်း တရုတ်- ဖိလစ်ပိုင် ကုန်သွယ်မှု များကို တိုးမြှင့်မည်

ဒူတာတေ၏ တရုတ် ခရီးစဉ် အတွင်း တရုတ်- ဖိလစ်ပိုင် ကုန်သွယ်မှု များကို တိုးမြှင့်မည်
October 19, 2016 Asian Fame

9:22 am
ဒူတာတေ၏ တရုတ် ခရီးစဉ် အတွင်း တရုတ်- ဖိလစ်ပိုင် ကုန်သွယ်မှု များကို တိုးမြှင့်မည်
In International News

ဒူတာတေ ၏ တရုတ် ခရီးစဉ် အတွင်း တရုတ်- ဖိလစ်ပိုင် ကုန်သွယ်မှု များကို တိုးမြှင့်မည်

china

(ပေကျင်း၊ အောက်တိုဘာ ၁၈)

ဖိလစ်ပိုင် သမ္မတ ဒူတာတေ၏ တရုတ် ခရီးစဉ် အတွင်း တရုတ်- ဖိလစ်ပိုင် ကုန်သွယ်မှု များကို တိုးမြှင့်ရန် အစီအစဉ် များ ချမှတ် ထားကြောင်း တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေသည် သူ ၏ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်သည့် တရုတ်နိုင်ငံသို့ ၄ ရက်ကြာ အလည်အ ပတ် ခရီးမှာ ယနေ့ စတင်ပြီ ဖြစ်သည်။ သူနှင့် အတူ စီးပွားရေး လုပ်ငန်းရှင် ၂ဝဝ မျှ ပါရှိသည်။

ယခု ခရီးစဉ်က တရုတ်-ဖိလစ် ပိုင် ရေပိုင်နက် အငြင်းပွား မှုနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော တင်းမာမှုများ လျော့ပါး ခြင်း၏ သင်္ကေတ ဖြစ်သည်။

”တရုတ်နိုင်ငံ အနေ နဲ့ ဖိလစ်ပိုင် သမ္မတရဲ့ အလည်အပတ် ခရီးကို မျှော် လင့်နေတာပါ။ နှစ်နိုင်ငံ ရင်းနှီးမှု ပိုမိုခိုင် မာစေဖို့နဲ့ နှစ်နိုင်ငံ အပြန်အလှန် ကုန် သွယ်မှု ပိုမို တောင့်တင်းရေး ရယ်၊ နှစ် နိုင်ငံပြည်သူတွေ အတွက် အမှန်တကယ် အကျိုးရှိတာတွေ ပိုမို ဖြစ်ပေါ်လာစေ ဖို့ အ တွက် အပြန်အလှန် ပူးပေါင်း ဆောင်ရွက် မှုတွေ လုပ်ကြဖို့ကို ရည်ရွယ်ပါတယ်” ဟု တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ရှန်ဒန်ယန်း က ပြောပါသည်။

PN002
ref: China looks to expand trade ties during Duterte visit

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*