ယခုလိုအဖြစ်ဆိုး ဘယ်လိုမျိုးမှ မမြင်ချင်တော့ပါ

ယခုလိုအဖြစ်ဆိုး ဘယ်လိုမျိုးမှ မမြင်ချင်တော့ပါ
October 19, 2016 Asian Fame

5:31 am
ယခုလိုအဖြစ်ဆိုး ဘယ်လိုမျိုးမှ မမြင်ချင်တော့ပါ
In Articles

ယခုလိုအဖြစ်ဆိုး ဘယ်လိုမျိုးမှ မမြင်ချင်တော့ပါ

photo : Win Zaw Khaing

ရဲလွင်

မြန်မာတို့ အထွတ်အမြတ်ထား ရာ သီတင်းကျွတ်ရာသီပွဲတော် ကြီးကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ တာဝန်ကျရာ နယ်စွန်နယ်ဖျားနေ ရာ ဒေသပေါင်းစုံမှ မိမိတို့ အဖိုးအဖွား၊ မိဘညီအစ်ကိုမောင်ဘွားများထံ သို့ နေရပ်ပြန်ကြ၊ မိသားစုနှင့်ဆုံ တွေ့ကြ၊ သီတင်းကျွတ်ပွဲတော် ကို ဆင်နွှဲကြဖြင့်  ပွဲတော်အပြီး မိမိတို့ တာဝန်ကျရာနေရာသို့ ပြန်၍ ပေး အပ်ထားသော တာဝန်များကို ထမ်းဆောင်ကြဖြင့် ၄င်းတို့ဘဝ သာယာချမ်းမြေ့လှစွာပင်။

သို့သော် အိမ်အပြန်ခရီး မလှ ခဲ့သည့်သူများကလည်း ရှိနေသည်။ မိဘမောင်ဘွားများနှင့်အတူ ပွဲ တော်နွှဲပျော်မည့် စိတ်ကူးယဉ် အိပ်မက်များနှင့် ပြန်ခဲ့ပါသော် လည်း အပြန်ခရီးက အများနည်း တူမလှပခဲ့ရ။ ¤င်းတို့၏ အိမ်အ ပြန်ခရီးက လောကကြီးမှ နှုတ် ဆက် လက်ပြထွက်ခွာမည့် ခရီးဖြစ် ခဲ့ရသည်။ ယခုလိုဖြစ်လိမ့်မည် ဟုလည်း မည်သူမျှ ထင်မှတ်ခဲ့ မည်မဟုတ်။ သို့သော် အမှန်တ ကယ် ပင် ဖြစ်ပျက်ခဲ့လေသတည်း။

သီတင်းကျွတ်လပြည့်ညကျ ရောက်ရန် တစ်ရက်အလိုက ဖြစ် ပွားခဲ့ခြင်းပင်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီခန့်…။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့မှ မုံရွာမြို့သို့ ခရီးသည် ၃ဝဝ ကျော်ကို တင်ဆောင်လာခဲ့သည့် အောင်စိုးမိုးကျော်(၂) အမြန်ရေ ယာဉ်သည် ကနီမြို့နယ် မိချောင်း တွင်း ကျေးရွာအနီး ချင်းတွင်းမြစ် အတွင်း တိမ်းမှောက်နစ်မြုပ်ခဲ့သည်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

နောက်ဆုံး ရရှိထားသည့် သတင်းများအရ တိမ်းမှောက်သွား သည့် ရေယာဉ်နှင့်အတူ ခရီးသည် တစ်ရာခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး အလောင်း ၄ဝ ခန့်ဆယ်ယူရရှိထား ကြောင်း သိရသည်။ ကျန်သူများ ကိုမူ သက်ဆိုင်ရာ အာဏာပိုင် များနှင့် ကယ်ဆယ်ရေးအဖွဲ့အ စည်းများက ကယ်ဆယ်နိုင်ခဲ့သည်။ သို့သော် မိသားစုပေါင်းများစွာမှ လူဦးရေပေါင်းများစွာကို သေမင်း က အခေါ်စောသွားခဲ့သည်။

သီတင်းကျွတ်ပွဲတော် နွှဲပျော်ခွင့်မရ လိုက်ကြ။ ထို့အတူ သီတင်းကျွတ် နေရပ်ပြန်သည့် ကျောင်းဆရာ/ ဆရာမ သုံးဆယ်ကျော်ကလည်း ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ် သည်။

ပျောက်ဆုံးနေသည့် အ လောင်းများမှာလည်း ယနေ့ထိ နေ့စဉ်တွေ့ရှိနေရပြီး အကုန်အစုံ အလင် မဆယ်ယူနိုင်သေး။ အခင်း ဖြစ်နေ ရာသို့ရောက်ရှိနေသူအချို့ကမူ ရေယာဉ်အတွင်းခန်းများအ တွင်း ပါဝင် နစ်မြုပ်သွားခြင်း ဖြစ် ကြောင်းဆိုသည်။ လက်ရှိတွင် နစ် မြုပ် သွားသည့် ရေယာဉ်ကိုမူ ဆယ်ယူရန် ကြိုးစားနေလျက်ရှိ သည်။ အမြန်ရေယာဉ်ဆယ်ယူရာ သို့ ကာယကံရှင်များ၏ မိသားစု အသီးသီး သွားရောက်စောင့်ဆိုင်း ကြလျက်ရှိသည်။ ၄င်းတို့၏ မျှော် လင့်ချက်က မိမိတို့ သွေးချင်းသား ချင်း၏ အသက်ဝိညာဉ်ကင်းမဲ့နေ သည့် ခန္ဓာကိုယ်အလောင်းကို ပြန်လည်ရရှိ ရေးပင်။

ရေယာဉ် နစ်မြုပ်ရခြင်းအ ကြောင်းအရင်းနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက မည်သို့မှ ပြောဆိုခြင်း မရှိသေးသော်လည်း တာဝန်ရှိ သူအချို့ကမူ သတ်မှတ် တင်ဆောင်နိုင်သည့်ဝန်ထက် ပိုမို တင်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုကြသည်။

ဒေသခံများက လည်း ယခုကဲ့သို့ပင် ဝေဖန်ကြ သည်။ ရေယာဉ်၏ ခံနိုင်ဝန်ထက် ခရီးသည်ပိုတင်ခြင်း၊ အဆမတန် ကုန်ပစ္စည်းတင်ခြင်း၊ မဆံ့ပါက သင်္ဘောအမိုးပေါ်ထိ တင်ခြင်း စ သည့် အကြောင်းအရာများကြောင်း သင်္ဘောကမ်းအကပ်၊ အကွေ့စ သည့်အချိန်များတွင်
အန္တရာယ်ဖြစ် ပြီး ယခုကဲ့သို့ နစ်မြုပ်ရခြင်းဖြစ် ကြောင်း ဆိုကြသည်။ ထိုသို့သတ် မှတ်ဝန်ထက် ပိုမိုတင်ဆောင်ခြင်း ကြောင့်   ရေယာဉ်နစ်မြုပ် ကာ ပြည်သူများအသက်ဆုံးရှုံးခဲ့ရသည့် ကိစ္စ ကား ယခု တစ်ကြိမ်တည်းမဟုတ်။

ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ် မတ် လ ၁၃ ရက်နေ့ ညကလည်း ရခိုင် ပြည်နယ်၊ မြေပုံမြို့နယ်မှ အရှေ့ တောင်ဘက် မိုင် ၆ဝ ခန့်အကွာ ငပသုန်ကျွန်းနှင့် မြောက်ကြိမ် ကျွန်းကြားတွင် အောင်တံခွန် (၃)ရေယာဉ်သင်္ဘောနစ်မြုပ်ခဲ့ပြီး ပြည် သူလူထုစုစုပေါင်း တစ်ရာခန့်
ရေ အောက်တွင် အသက်ပျောက်ခဲ့ရ သည်။

ယင်းသင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသာပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များက အောင်တံခွန်သင်္ဘော သည် နှစ်ပေါင်း၂ဝ ကျော် သက် တမ်းရှိကာ ပင်လယ်ပြင်သို့ ထွက် ရန်ကြံ့ခိုင်မှုမရှိကြောင်း၊ ခရီးသည် နှင့် ကုန်များကို သတ်မှတ်ထား သည်ထက် ပိုမိုတင်ဆောင်ထားပြီး အရေးပေါ်အသက်ကယ်ဆယ်ရေး ပစ္စည်းကိရိယာများလည်း ပြည့်စုံ လုံလောက်မှု မရှိကြောင်း လွှတ် တော်တွင် ထောက်ပြ ဆွေးနွေးခဲ့ ကြသည်။ နောက်ဆုံးတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့ စည်းကာ သက်ဆိုင်ရာ   ပြည်နယ် အဆင့် ပို့ဆောင်ရေးမှ တာဝန်ရှိသူ အချို့ကို အစိုးရက အရေးယူ ဆောင်ရွက်ခဲ့သည်။ သို့သော် ပေါ့ ဆမှုနှင့် စည်းကမ်းမဲ့ မှုကြောင့် အလဟဿ သေဆုံးသွားခဲ့ရသည့် ပြည်သူလူထု၏ အသက်များအ တွက်မူ ငွေကြေးထောက်ပံ့ပေးရုံမှ အပ အခြားပြုလု ပ်ပေးနိုင်ခြင်းမရှိ ခဲ့။ ဤတွင် အောင်တံခွန်သင်္ဘော နစ်မြုပ်မှုကိစ္စ တစ်ခန်းရပ်ခဲ့သည်။

ယခုဖြစ်ပွားသည့် အောင်စိုး မိုးကျော်(၂) အမြန်ရေယာဉ်နှင့် အောင်တံခွန် သင်္ဘောနစ်မြုပ်မှု ကား အစိုးရနှစ်ဆက် လက်ထက် အတွင်း တစ်နှစ်သာခြားပြီး ဖြစ် ပွားခဲ့သည့် အဆိုးရွားဆုံး တိမ်း မှောက်မှုများအဖြစ် စံချိန်တင်ခဲ့ ပြီဖြစ်သည်။ ဖြစ်ရပ်နှစ်ခုလုံးမှာ လည်း သတ်မှတ်စည်းကမ်းများကို မလိုက်နာ၍၊ သတ်မှတ်ခံနိုင်ဝန် ထက် ပိုမို တင်ဆောင်ခြင်းစသည့် အကြောင်းအရာ တစ်ခုတည်း အောက် တွင်သာ  ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ အောင်တံခွန်(၃)ကိစ္စတွင် စုံစမ်းစစ်ဆေးရေးနှင့် အခြားကိစ္စ ရပ်များကို အစိုးရက လုပ်ပြခဲ့
သည်။ ယခုတစ်ကြိမ်တွင်မူ မည် ကဲ့သို့ ဆောင်ရွက်ချက်မျိုးနှင့် ဆောင်ရွက်ပေးမည်ကို မသိရသေး သော်လည်း ယနေ့တိုင် အလောင်း   ပြန်မရရှိသေးသည့် မိသားစုများက ရှိသေးသည်။ ¤င်းတို့အနေဖြင့် ဖြေသိမ့်နိုင်မည်လားဟူသော မေး ခွန်းတစ်ခုသာ မေးစရာရှိသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြား ရေးမှူး ဦးကျော်ဘမောင်ကို   ပေါ် ပြူလာနယူးစ်က ဆက်သွယ်မေး မြန်းခဲ့ရာတွင် ¤င်းက ယခုကဲ့သို့ဖြေ ကြားခဲ့သည်။

”အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအ ဖွဲ့ ဖွဲ့စည်းထားပါပြီ။ ကျွန်တော်တို့ ညွှန်ကြားမှု ဦးစီးဌာနက အခုနစ်   မြုပ်သွားတဲ့ ရေယာဉ်က အန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်ပြီး ဘာ ကြောင့်ဆိုတာကို သိရဖို့ပါ။ သင်္ဘော မောင်းတဲ့သူကြောင့်လား၊ သင်္ဘော ပေါ်မှာ ကယ်ဆယ်ရေးပစ္စည်းတွေ  သတ်မှတ်ထားတဲ့အတိုင်းပါရဲ့ လားဆိုတာကိုစစ်ဆေးမှာ။ ဒါပေမဲ့ ဘာကြောင့်ဖြစ်ရတယ် ဆိုတဲ့ အ သေးစိတ်မှုခင်းကိုတော့ သက်ဆိုင် ရာပြည်နယ်အစိုးရကအဖွဲ့ဖွဲ့ပြီး စစ် လိမ့်မယ်။ ကျွန်တော်တို့နဲ့ မသက် ဆိုင်လို့ပါ။ကျွန်တော် တို့ လုပ်ခွင့် ရတဲ့အပိုင်းကိုပဲ စစ်တာပါ။ အရင် ကလည်း အောင်တံခွန် သင်္ဘော မြုပ်ဖူးတယ်။ ဒီလိုကိစ္စတွေကြောင့် ပဲဖြစ်တာဆိုတော့ ဒါတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရဲ့ အားနည်းချက် အများကြီးပါတယ်” ဟုဆိုသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေဇယား ၂တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ပြဋ္ဌာန်းနိုင် သော ဥပဒေများကို သတ်မှတ်ပြ ဋ္ဌာန်းထားသည်။ အဆိုပါဥပဒေထဲ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး အတွင်း မောင်းနှင်သွားလာလျက် ရှိသော ပုဂ္ဂလိကယာဉ်များ စနစ် တကျ သွားလာရေးနှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ပါရှိသည်။

အဆိုပါဥပဒေကိုလည်း တိုင်း နှင့်ပြည်နယ်အလိုက် ပြဋ္ဌာန်းထား ပြီးဖြစ်သည်။ လိုအပ်သော နည်း ဥပဒေများနှင့် အဖွဲ့အစည်းများ ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည်။ အ ဖွဲ့အစည်းများကလည်း ရေယာဉ် သင်္ဘောများ လိုက်နာရမည့် သတ် မှတ်တန်ချိန်၊ လူဦးရေ၊
ထားရှိရ မည့် ကယ်ဆယ်ရေးပစ္စည်းများ စ သည်တို့ကို အတိအကျပြဋ္ဌာန်းထား ပြီးဖြစ်သည်။ သို့သော် လိုက်နာမှု မရှိခဲ့။ ထို့ကြောင့် ယခု မှောက်ခဲ့ သည်။ သေကျေကြသည်။ ယင်း ကြောင့် ယခုဖြစ်စဉ်နှင့် ပတ်သက် ၍ အဓိက တာဝန်ယူဆောင်ရွက် ရမည်မှာ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ပင်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ အခင်း ဖြစ်နေရာသို့ရောက်ရှိနေသည့် စစ် ကိုင်းတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့် ဝင်းက ယခုဖြစ်စဉ်သည် သတ်မှတ် ဝန်ထက် ပိုမို တင်ဆောင်ခြင်း ကြောင့်ဖြစ်ပြီး ရေယာဉ်များကို အုပ်ချုပ်ထိန်းသိမ်းရန် ဖွဲ့စည်းပေး ထားသော အဖွဲ့အစည်း၏ အား နည်းချက်ကြောင့်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်သို့ပြောသည်။

”အိုဗာဝိတ်တင်လာတယ်။ ဆိုင်ကယ်တွေပါ တင်လာတယ်။ လောဘပေါ့။ ပြီးတော့ အခါကြီး ရက်ကြီးဆိုတော့ နေရပ်ပြန်တဲ့ ကျန်းမာရေး ဝန်ထမ်း၊ ပညာရေး ဝန်ထမ်းတွေ ပါလာတယ်။ လော လောဆယ်ကတော့ ၁၅၉ ယောက် ကယ်ထားနိုင်ပြီ။ အလောင်းက
တော့ ၃ဝ ကျော်သွားပါပြီ။ ဒီအတွက်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပြီး အရေးယူဆောင်ရွက် မှာပါ ။ အမှန်တကယ်ရှိတဲ့ တန် ချိန်က သင်္ဘောနှစ်စီးလောက် စီ စဉ်ပေးရမှာ ဂိတ်က။ ဒါပေမယ့် တစ်စီးတည်းဖြစ်သွားတော့ မှောက် တဲ့နေရာကလည်း ရေစီးသန်တော့
အခုလိုဖြစ်သွားတာပဲ” ဟု ၄င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ .. မည်ကဲ့ သို့သောသူကိုပင် စစ်ဆေးအရေး ယူဦးတော့။ သေဆုံးသွားခဲ့သူ များနှင့် အိမ်အပြန်ခရီးကို မျှော် လင့်နေမည့် မိသားစုများ၏ နစ်နာ မှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ။ အဆိုးရွားဆုံးအနေဖြင့် အောင်တံခွန်(၃)သင်္ဘော
မှောက် သည်။ အားနည်းချက်ကြောင့်ဟု ခေါင်းစဉ်တပ်ခဲ့သည်။ ယခုအောင် စိုးမိုးကျော်ရေယာဉ် ထပ်မံတိမ်း မှောက်သည်။ အားနည်း ချက်ကြောင့် ဟု ခေါင်းစဉ်တပ်၍ မရတော့ လောက်အောင်ပင် လွန်စွာပေါ့ လျော့လွန်းသည်ဟု ဆိုရမည်ဖြစ် သည်။

စစ်ဆေးသွားမည်၊ အရေးယူ သွားမည်ဟူသော စကားလုံးအက္ခ ရာများကို လက်ဖွာဖွာနှင့်ဖောဖော သီသီသုံးနေရုံမျှနှင့်တော့ ယခုကဲ့ သို့သော ပြဿနာများ ပြေလည် သွားလိမ့်မည်မဟုတ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းအသီးသီးက ထိ ရောက် တိကျသည့်အရေးယူမှုနှင့် အဓိက နောက်နောင် ထပ်မံမဖြစ် ပွားစေရန် စသည့်ကာကွယ်မှုများ ကို ဆောင်ရွက်ကို ဆောင်ရွက်ရ တော့မည်ဖြစ်သည်။

ယခုမူ သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်သည်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး အားနည်း ချက်ဖြစ်သည်၊ တာဝန်ယူရမည် ဟူသော စကားသံပေါင်းမြောက် မြားစွာအောက်တွင် ချင်းတွင်းမြစ် ဆိပ်ကမ်းတစ်နေရာကား လူသေ အလောင်းကောက်ရာ
နေရာတစ် ခု ဖြစ်နေလေပြီ။

မိမိတို့မိသားစုဝင်၏အလောင်း ပြန်လည်ရရှိရေးဟူသော မျက်ရည် ရွှဲရွှဲနှင့် မျှော်လင့်ချက်မျက်နှာများ က သက်ဆိုင်ရာအဖွဲ့အစည်း အသီး သီး၏ စည်းကမ်းစောင့်ထိန်းလိုက် နာမှုအပေါ် ပြောင်ပြနေသယောင် ယောင်ပင်ဖြစ်နေသည်။

ယင်းကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့၏ အားနည်းချက်ဟူ သော အပြစ်တင်စကားမျိုးထပ်မံ မကြားရေး၊ နောက်နောင်တွင်လည်း အိမ်အပြန်ခရီးမှ လူ့လောက နှုတ် ဆက်ခရီးဖြစ်ခဲ့ရသည့် ယခုရေ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မျိုးထပ် မံမကြုံရစေရေးအတွက် ဆောင် ရွက်သင့်ပြီဖြစ်ကြောင်း ထောက်ပြ လိုပါသည်။

ထိုသို့လိုအပ်နေပြီဖြစ်ကြောင်း ကိုလည်း အောင်စိုးမိုးကျော် ရေ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်က ထပ် မံ၍ သတိပေး ခေါင်းလောင်းတီး လိုက်ပြီဖြစ်ကြောင်း ယခုတစ်ပတ် Popular Choice ကဏ္ဍမှ တိုက် တွန်းဖော်ပြလိုက်ရပါတော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*