အ ချိန် ရဲ့ ရွေ့လျားမှု နဲ့ အတူ ရိုးရာယုံကြည်မှုများရဲ့ အရောင်အဆင်း အနံ့များ

အ ချိန် ရဲ့ ရွေ့လျားမှု နဲ့ အတူ ရိုးရာယုံကြည်မှုများရဲ့ အရောင်အဆင်း အနံ့များ
September 2, 2016 Asian Fame

1:52 pm
အ ချိန် ရဲ့ ရွေ့လျားမှု နဲ့ အတူ ရိုးရာယုံကြည်မှုများရဲ့ အရောင်အဆင်း အနံ့များ

gh

တောင်ပြုန်းပွဲကိုသွားဖို့ အိမ်က နေ မနက်စောစောထွက်ခဲ့ပြီး သီရိမင်္ဂလာကားကြီးကွင်းရှေ့က လမ်းဘေးထမင်းဆိုင်လေးမှာ ထမင်းဝင်စားတယ်။ တောင်ပြုန်း…တောင်ပြုန်း … လို့ ခရီးသည်ခေါ်နေသံကိုတော့ ကြားပါရဲ့။ တိုက်ရိုက်ပို့ပေးမှာလား၊ ကားချင်းပြောင်းပေးမှာလား တော့မသိ။ ကျုံးဘေးအတိုင်း နန်းတွင်းမြောက်ပေါက်ကနေ ချိုးခဲ့တော့ မြင်းပြိုင်ကွင်း၊ ရွှေကျင်ဂိတ်အထိ အလှူခံမဏ္ဍပ်တွေက အိပ်မောကျနေ ဆဲ။ ရှေ့ခရီးကိုတော့ သီချင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ သွားရုံရယ်။ ယာဉ်ကြောကျပ်တာကိုရှောင်ဖို့ ရွာတွေကို ဖြတ်သွားရမယ့် ကန်ပိုင်လမ်းခွဲကို ရွေးလိုက်တယ်။

တောင်ပြုန်းနဲ့ နီးလာလေလေ ယာဉ်တွေပိုကျပ်လာလေလေ။ ဒေသအနှံ့ ရေကြီးနေသလိုပဲ။ ဧရာဝတီက တောင်ပြုန်းပွဲကို အနီးကပ်ကြည့်နေ တာပါ။ တောင်ပြုန်းရွာအရှေ့ဘက် ခြမ်းက ဆိုင်ကယ်အပ်ခ ၁ဝဝဝ ကျပ်၊ ကျွန်တော်လာတဲ့ အနောက် ခြမ်းကတော့ ၅ဝဝ ကျပ်ပဲ ပေးရတယ်။ရွာအနောက်ပိုင်းကနေအဝင် မနက် ၆ နာရီပဲ ရှိသေးတာမို့ ရွှေပွဲ လာတွေက ဖြီးလိမ်းပြင်ဆင်ကြတုန်း၊ သူတို့အနီးမှာတော့ ပွဲပြင်တဲ့ဇလုံကြီး နဲ့အမောက် အုန်းထမင်း၊ ဒံပေါက် တွေ၊ တချို့ကတော့ ဖော့ဘူးနဲ့ ခွဲ ထည့်ပြင်ထားတာပေါ့။ ကြက်ကြော် နှစ်ကောင်က ဒေါင်းလန်းကြီးပေါ်မှာ အခန့်သား၊ တချို့ကနားခန်းကတော့ ကြက်ကြော်ချင်းအတူတူကိုမှ လင် ပန်းထဲမှာ ခပ်ဝပ်ဝပ်၊ ဘယ်လိုပဲရှိ နေနေ ကြက်ခေါင်းတွေကတော့ မော်နေကြတယ်။ ဒီနေ့က ဝါခေါင်လဆန်း ၁၁ ရက် ချိုးရေတော်သုံးမယ့် နေ့မို့ “ဖောင်စားတော်စာ” ဆက်ကြတာကိုး။

ချိုးရေတော်ဆက် ရိုးရာရှိသူ များက မနက်စောကတည်းက နံ့သာရည်လာ ပို့ပြီးကြပါပြီ။ တောင်ပြုန်း ရွာသူ၊ ရွာသားများပါတဲ့။ အိပ်ဖန် စောင့်ရိုးရာ ရှိသူများကတော့ နယ် အစုံကပါပဲ။ အထည်အလိပ်နဲ့ ပတ်သက်သူများက မရွှေဥ၊ ကုန် သည်ပွဲစားများက မစောခင်ကို လာ ဆက်ကြတယ်။မနက် ၁ဝ နာရီဝန်းကျင်မှာ ချိုးရေတော်သုံးဖို့ နီးပြီမို့ နှစ်တိုင်းကျွန်တော် ဓာတ်ပုံရိုက်နေကျနေရာကို သွားကြည့်တော့ ခဲလေသမျှပဲရေ ပွပေါ့။ သံဆူးကြိုးတွေ ထူထူထပ်ထပ် ကာထားတာကိုး။ အရင်နှစ်တွေကလို ကျော်ခွဝင်လို့ မရနိုင်တော့။ ဒါနဲ့ ကျွန်တော်လည်း ရွှေတောင်ပြုန်း ဓာတ်ပုံဗီဒီယိုက ဦးခင်မောင်ရင်ဆီ ကို ပြေးရတယ်။ ဦးခင်မောင်ရင်က ပုဆိုးကိုတင်းတင်းဝတ်၊ သေချာ အောင်လို့ ကြိုးထပ်စည်းလိုက်ပါ သေး၊ သူ့နောက်ကနေ ဖဝါးခြေ ထပ်လိုက်သွားတော့မှ နန်းကြီးပေါ် ကို ရောက်ပါရဲ့။ မကြာခင်ပဲ မင်း ညီနောင်က အချီတော်တွေနဲ့ ဝေါ ပေါ်ကို တစ်ပါးချင်းစီြ<ွကတယ်။

ဆိုင်းသံကလည်း စည်တိုရိုက် ချက်ပြင်းပြင်းတွေနဲ့ အမြူြး<ွကဆုံး။ နန်းကြီးပေါ်နဲ့ ပွဲတော်တစ်ကွင်းလုံး က ပရိသတ်တွေရဲ့ သြဘာသံက ဘဝဂ်ကို ဆိုက်လောက်ပေရဲ့။ ဝေါရဲ့ ရှေ့ကနေ ဓာတ်ပုံရိုက်ဖို့ စဉ်းစားနေ ဆဲ လူအုပ်ကြားထဲမှာညပ်ရင်း ရှေ့ ကိုအလိုလိုရွေ့သွားတယ်။ ကျွန်တော် လည်း လေပေါ်ကို လမ်းလျှောက်ရင်း လူပင်လယ်ကြီးထဲမှာ ပတ်ချာလည် လှည့်ပါရင်း ကင်မရာကိုလည်း လက်တစ်ဖက်က မြှောက်၊ ၃၆ဝ ဒီဂရီ ဓာတ်ပုံရိုက်ရင်း နန်းကြီးအောက်ကို ရောက်၊ လူလှိုင်းကြီးထဲမှာ မျောပါပြီး ချိုးရေတော်သုံးမယ့် ဗောင်းခံရုံထဲကို မတိမ်းမစောင်း ဗိန်းဗောင်းနဲ့ ရောက်သွားတာပါ။ ရွှေဝေါတော်က နန်းကြီး ပေါ်က ဆင်းလာပြီ။ ကျွန်တော့်ခေါင်းပေါ်ကို ပိုက်ဆံအသစ်တွေ အစုလိုက် အထပ်လိုက် အဆက်မပြတ်ကျလာ နေတယ်။ ဗောင်းခံရုံရှေ့မှာ ဝေါကိုချပြီး ချိုးရေတော်သုံးမယ့် နေရာအထိ လက်ဆင့်ကမ်းလို့ မင်းတစ်ပါးစီြ<ွကလာတယ်။ ချိုးရေတော်သုံးမယ့် စင်ပေါ်မှာ လူအပြည့်မို့ ကောင်း ကောင်းမမြင်ရ။ မြူြး<ွကတဲ့ ဆိုင်းချက် နဲ့အတူ ဝေါပေါ်ကိုလည်း ပြန်ြ<ွကသွားရော ချိုးရေတော်နံ့သာပန်းပေါင်းတွေကို ရေသန့်ဘူးတွေနဲ့ အလုအယက် တောင်းကြ၊ ချိုးရေတော်တွေနဲ့ ကိုယ့် ဆံပင်ကို သပ်၊ မျက်နှာပေါ် လိမ်းကျံ ကြနဲ့ ကျေနပ်ပီတိဖြစ်နေကြတာများလမင်းထက် နှစ်လေးသာပေရဲ့။ အပြင်ဘက်မှာတော့ ရွှေဝေါက ဗောင်းခံရုံကနေ နန်းကြီးပေါ်ကို ပြန်တက်သွားပါပြီ။

ပွဲခင်းလမ်းမအတိုင်း ငါးဖယ်တိုးလေးလျှောက်ခဲ့တော့ အချဉ် ပေါင်းလှည်းတွေ ၁ဝ စင်းထက် မနည်း ဝိုင်းပတ်အုပ်ဖွဲ့ပြီး လက်မလည်အောင် ရောင်းနေပါရဲ့။ ဝါခေါင်လပြည့်နေ့မှာ သံဃဒါန ဆွမ်းလောင်းပွဲကိုလည်း ကျွန်တော် ရောက်ဖြစ်တယ်။ အနော်ရထာမင်းကြီးရဲ့ ကောင်းမှု ဆုတောင်းပြည့် ဘုရားနဲ့ မင်းတုန်းမင်းလက်ထက် မြို့ဝန်ဦးသာအိုး တည်ထားခဲ့တဲ့ ဆုတောင်းရဘုရားနှစ်ဆူတို့ရဲ့ ဗုဒ္ဓ ပူဇနိယပွဲတော်ပါပဲ။ အုတ်နှစ်ချပ်လပ် နေတဲ့ ဆုတောင်းပြည့်ဘုရား ဂန္ဓကုဋီ တိုက်ရှေ့ရင်ပြင်တော်ပေါ်မှာ ဆရာ တော်ကြီးများထံကနေ သီလခံယူ ဆောက်တည်၊ တရားတော်နာယူ ကြည်ညို၊ လှူဒါန်းမှုအစုစုကို ရေစက် သွန်းချအမျှဝေ၊ သာဓုနုမော်ခေါ်ဆို ကြပြီး ဆွမ်းလောင်းလှူပါတယ်။ ဆွမ်းလောင်းပွဲအတွက် နန်းကြီး မိသားစုတွေနဲ့ ကနားဦးစီးတွေက စုပေါင်းလှူဒါန်းကြတဲ့ ဆွမ်းသပိတ် လုံးတွေကို နန်းကြီးဆိုင်းအဖွဲ့က ဗျောစည်မောင်းနဲ့ ကြည်ညိုဖွယ် လှည့်လည်ပြီးမှ ပို့ဆောင်တာပါ။ နံကရိုင်းမယ်တော်နန်းကလည်း ဆွမ်းသပိတ်လုံးများ၊ ငွေပဒေသာပင် ဝေါယာဉ်တို့ကို ဆိုင်းနဲ့ဝိုင်းနဲ့ လာပို့ ကြတယ်။ ပင့်သံဃာ ၂၅ဝ ပါးတို့ကို တောင်ပြုန်းနယ်သူနယ်သားများနဲ့ နယ်အစုံက ပရိသတ်များက လောင်း လှူကြတာပါ။ ၂ဝ၁၆ ခုနှစ်၊ တောင်ပြုန်းပွဲ တော်ကြီးကတော့ နှစ်စဉ်ကျင်းပမြဲ အတိုင်း အချိန်ရဲ့ရွေ့လျားမှုနဲ့အတူ ရိုးရာယုံကြည်မှုတွေရဲ့ အရောင်၊ အဆင်း၊ ရနံ့တွေလည်း စီးမျောလိုက် ပါမြဲပါပဲ။ တောင်ပြုန်းပွဲတော်လည်း စည်ကားဆဲ၊ စည်ကားမြဲပေါ့။

ကိုညိုလုံး