“ဘန်ကောက်တွင် ဗုံးအန္တရာယ် ကြိုတင် ကာကွယ်သော အားဖြင့် လုံခြုံရေး တိုးမြှင့်ချထား”

“ဘန်ကောက်တွင် ဗုံးအန္တရာယ် ကြိုတင် ကာကွယ်သော အားဖြင့် လုံခြုံရေး တိုးမြှင့်ချထား”
October 14, 2016 Asian Fame

3:58 am
“ဘန်ကောက်တွင် ဗုံးအန္တရာယ် ကြိုတင် ကာကွယ်သော အားဖြင့် လုံခြုံရေး တိုးမြှင့်ချထား”
In Articles

bangkok-2

ဘန်ကောက်မြို့တွင်း၊ သုဝဏ္ဏ ဘုမ္မိလေဆိပ် နှင့် နီးစပ်ရာ မြို့နယ် များတွင် ထိုင်းရဲတပ်ဖွဲ့က လုံခြုံ ရေးအဆင့် တိုးမြှင့် ထားကြောင်း သိရသည်။

လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က ဘန်ကောက်မြို့နှင့်နီးသော ခရိုင် တစ်ခုတွင် ကား ဗုံးဖောက်ခွဲရန် ကြံ စည်မှု တစ်ခုရှိနေကြောင်း သတင်း ရရှိပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ လုံခြုံရေး အဆင့် တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ထိုင်းအမျိုးသား လုံခြုံ
ရေး တပ်ဖွဲ့ခေါင်းဆောင်က ပြော ပါသည်။

”ကားတွေ နဲ့ တခြားနေရာ တွေမှာ ဗုံးဖောက်ခွဲဖို့ ပြင်ဆင်တာမျိုးတွေ အပါအဝင် ပုံမှန်မဟုတ်တဲ့ မသင်္ကာစရာ အပြုအမူ တစ်ခုခုကို စောင့်ကြည့် ခြေရာခံဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို ဒုတိယ ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်” ဟု ထိုင်း အမျိုးသား လုံခြုံရေး
တပ်ဖွဲ့ခေါင်း ဆောင်ကပြောသည်။

”ဘာလို့ ဘန်ကောက်ကို ပစ် မှတ်ထားကြတယ် ဆိုတာ ကိုတော့ အသေးစိတ်မပြောနိုင်သေးပါဘူး”ဟု သူကပြောပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အ နည်းငယ် မှစတင်၍ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ များတွင် ဗုံးကွဲမှု များဖြစ်ပွား လာခဲ့သည်။ သြဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်များက ဖြစ် ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု များကြောင့် လူလေးဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ရာ
နိုင်ငံခြားသား များ လည်း ပါရှိသည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လအ တွင်းကလည်း ဘန်ကောက်မြို့ လယ်ကောင်ရှိ အေရာဝဏ်နတ် နန်းအနီးဝယ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ ၂ဝ မျှ သေဆုံးခဲ့ပြီး အ များစုမှာ ကမ္ဘာလှည့် ခရီးသွားများ ဖြစ်ကြသည်။

”ရဲတွေ အားလုံးကို ဘန် ကောက်မြို့နဲ့ ပတ်သက်တဲ့ ထူးခြား သတင်းတွေ နားစွင့်ကြဖို့၊ စုံစမ်း ထောက်လှမ်းကြဖို့နဲ့ ကျွန်တော့်ရဲ့ အမိန့်ပေး ညွှန်ကြားမှု အောက်မှာ ရှိနေကြဖို့ အမိန့်ထုတ် ထားပါတယ်” ဟု ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုတိယ ရဲချုပ်က ပြောပါသည်။

PN002
Ref: Thai police warn of Bangkok bomb plot, step up security

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*