အိန္ဒိယသို့ သွားရာလမ်း

အိန္ဒိယသို့ သွားရာလမ်း
June 1, 2017 Asian Fame

11:38 am
အိန္ဒိယသို့ သွားရာလမ်း

Kyue-Nick၁၉၇၅ ခုနှစ်တုန်းက စာရေး သူသည် မန္တလေးသို့ အလည်အ ပတ် ခရီးထွက်ရာက စစ်ကိုင်းတိုင်း ထဲသို့ ခြေဆန့်ပြီး မိခင်ဘက် မှ ဆွေမျိုးများရှိရာ မုံရွာတွင် နာမည် ကျော် မုံရွာဝက်အူချောင်း အစား လွန်ကာ ဝမ်းကိုက်နာ ရသဖြင့် မန္တ လေးသို့ ပြန်ပြေးလာခဲ့ရသည်။ လယ်တီ ကျောက်စာတော်များကို ကမန်းကတန်း ဖူးတွေ့ဖတ်ရှုခဲ့ရ ခြင်းသာ အမြတ်ဟုဆိုရတော့ မည်။ သည့်နောက် ယခု အသက် ၆၅ နှစ်အရွယ်ထိ စစ်ကိုင်းတိုင်း ထဲသို့ ခြေဦးလှည့်ခွင့် မကြုံတော့။ မုံရွာသား စာပေသမားတွေ နှင့်မူ ရန်ကုန်မှာ မကြာခဏ တွေ့ဆုံဖြစ် နေသည်။ မုံရွာသို့ သွားချင်သေး သည်။ သို့သော် မသွားရဲပါ။ သတင်းစာမှာပါသော မုံရွာ၏ နေမင်းသူရိန် အပူချိန်ကို ကြည့် ကာ မုံရွာသို့ သွားရန် နောက်တွန့် ကြောက်ရွံ့နေမိပါသည်။

သို့သော် ကံစီမံရာအတိုင်း မကြာမီက ‘မရွယ်ဘဲနှင့် စော်ကဲ မင်းဖြစ်’ ကိန်းကြုံခဲ့ရသည်။ မကွေး တိုင်း အနောက်မြောက်ဖျားစွန်းမှာ ရှိသော ဟံသာဝတီအမည်ရှိ ကျေး ရွာကြီးသို့ အလည်အပတ် သွားခွင့် ကြုံသည်။ ဟံသာဝတီရွာသည် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထဲမှာ ပါဝင်ပြီး ရွာ၏မြောက်ဘက်အဖျား သည် စစ်ကိုင်းတိုင်း နယ်နိမိတ် မျဉ်းပေါ်မှာ အဆုံးသတ် သွားသည်။ ဆွေမျိုးများ ရှိရာ မုံရွာနှင့်တော့ နီးစပ်သွားပြီ။ သို့ပေမယ့် စာရေး သူမှာ မုံရွာသွားဖို့ အစီအစဉ်မရှိပါ။ စာရေးသူက စာပေသမားအစုအ ဝေးကလေး ရှိနေသည့် ‘ကလေးမြို့’ သို့ သွားရောက်မည် ဖြစ်သည်။ ခေတ္တ တည်းခိုရန်လည်း အခက် အခဲများစွာ မရှိလှပါ။

စာရေးသူ ရောက်ရှိနေရာ ဟံ သာဝတီရွာကြီးသည် ဂန့်ဂေါနှင့် ကလေးကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးကို ခွလျက် တည် ရှိသော အိမ်ခြေ ၁၅ဝဝ ကျော်ရှိ တိုက်နယ်အဆင့် သတ်မှတ်ခံထား ရသော ရွာကြီးဖြစ်သည်။ ကလေး မြို့သို့ ဈေးဝယ် ထွက်လို သူများအ တွက် နဝလီဆွဲသော လိုက်ထရပ် ယာဉ် သုံးလေးစီးလည်း ရှိသည်။ စာရေးသူက သက်သောင့်သက်သာ သွားနိုင်အောင် ဟံသာဝတီရွာ လူ မှုရေးအသင်းပိုင် စတေရှင်ဝက်ဂွန်း (သို့ မဟုတ်) ယခုခေတ်အခေါ် တိုယိုတာစူပါဆလွန်းကားတစ်စီး ကို ငှားလိုက်သည်။

ဟံသာဝတီ ရွာမှ ထွက်ခွာလာ ခဲ့စဉ် ကားလမ်းနှင့် အပြိုင်တည်ရှိ သော မီးရထားသံလမ်းကို တွေ့ရ သည်။ ဂန့်ဂေါမှ ကလေးသို့ ဆက် သွယ်ထားသည့် မီးရထားလမ်း ဖြစ်သည်။ ပေမီဒေါက်မီ မီးရထား မျိုး ပြေးဆွဲသည်တော့မဟုတ်။ လူ စီးတွဲနှစ်တွဲ လောက်သာ ပါရှိသော မီးရထားတိုကလေးဖြစ်သည်။ ဝန် စည်စလယ် ပါကြသည့် ကုန်သည် များ အများဆုံး အသုံးပြုကြသည်။ မီးရထားကို ကြည့်လိုက်တော့ ခရီး သည်တွေက အပြည့်။

ဟံသာဝတီရွာ မြောက်ဘက် ၁ဝ မိုင်ခန့် အကွာသို့ ရောက်လျှင် မြန်မာနိုင်ငံရှိ အကြီးမားဆုံး ဆည် ကြီးများတွင် တစ်ခု အပါအဝင်ဖြစ် သည့် ‘ရာဇဂြိုဟ်’ ဆည်ကြီး၏ တစ်စွန်း တစ်စကို တောင်များကြား မှ တွေ့ရသည်။ ရာဇဂြိုဟ်ဆည်မှ ရေအား လျှပ်စစ် ထုတ်လုပ်နေပြီ လား၊ ဘာလား စာရေးသူ မပြော တတ်ပါ။ ရာဇဂြိုဟ်အမည်ရှိ ကျေး ရွာတစ်ရွာ အနီးမှာ တည်ဆောက် ထား၍ ရာဇဂြိုဟ်ဆည်ဟု အမည် တွင်ခြင်းမျှလောက်သာ စာရေးသူ သိပါသည်။

မကွေးတိုင်း အတွင်းရှိ ဂန့်ဂေါ မြို့မှ စစ်ကိုင်းတိုင်း အတွင်းရှိ ကလေးမြို့သို့ ၄၅ မိုင်ဝေးသည်ဟု ဒေသခံ တစ်ဦးက ပြောပြသည်။ လမ်းကောင်းသောကြောင့် မိုင်အ ကွာအဝေးမှာ စဉ်းစားစရာမဟုတ် တော့ဟု ထင်ပါသည်။ ပတ်ဝန်း ကျင် တောတောင် အလှအပမှာ စာဖွဲ့ပြစရာ သိပ်မရှိလှတော့ပါ။ စာရေးသူကလည်း သြကာသ လောကကို ရှုမြင် ခံစားတတ်သူ မဟုတ်။ ဟိုငေးသည်မော နှင့်… မြန်မာနိုင်ငံ အနောက်မြောက် ဒေသ၏ ရွှေမြို့တော်ဟု ခေါ်နိုင် သော ‘ကလေးမြို့’ သို့ ချောချော မောမော ဆိုက်ရောက်သွားသည်။ ဦးစွာ ဒေသခံ ကဗျာဆရာ ‘ဓီရာ လင်း’ (ရဟန်းဘွဲ့ ဦးဥာဏဝရ) ထံ သွားရောက် နှုတ်ဆက် ပြီးနောက် မြို့လယ်သို့လာခဲ့ကြသည်။ ကလေး မြို့မှ ခေတ်ပေါ် ကဗျာဆရာ ‘ကိုဇော်(ကလေး)’ က လှိုက်လှဲစွာ ကြိုဆိုသည်။ လွန်ခဲ့သော ၁ဝ နှစ် ကျော်က ရန်ကုန်တွင် ထိုကဗျာ ဆရာနှင့် တွေ့ဖူးဆုံဖူးသည်။ ယခု ကလေးမှာ ပြန်ဆုံသောအခါ ကိုဇော် သည် ကိုယ်ပိုင် ဆလွန်းကားကို ကိုယ်တိုင်မောင်း၊ ဘောင်းဘီရှည် ဝတ်ကာ လူပေါ်ကြော့ သူဌေးသား ပုံဖမ်းနေသည်။ သူ၏ ‘လူစီ’ကဗျာ လုံးချင်းစာအုပ် ကလေးမှာ မကြာ မီက နာမည်ကြီးခဲ့သော ‘ခေါက် ထီးကလေးမလုံ့တလုံ’ ရုပ်ရှင်နှင့် ဆင်တူမျိုးကွဲ message  ကို ဆောင် ကြဉ်းထားနိုင်သည်ဟု ခံစားရ သည်။

ကလေးမြို့လယ်မှာ အဆင့် မြင့် ထမင်းဆိုင်တစ်ဆိုင် ဖွင့်ထား သော ကလောင်ရှင်လူငယ်က မိမိ တို့ကို နံနက်စာ တည်ခင်းဧည့်ခံ သည်။ ထိုလူငယ်သည် စစ်အစိုးရ ခေတ်က ပြင်ဦးလွင် စစ်တက္က သိုလ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ် ကို ကိုယ်တွေ့ကြုံခဲ့ ရပြီး တပ်တွင်း ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချခံရပြီး နောက် ယခုအခါ ထမင်း ဆိုင်ရှင် ဖြစ်နေသည်။ သူ၏ အတွေ့အကြုံ ကို ‘ကောလိပ်သူပုန်’ အမည်ရှိ စာ အုပ်တစ်အုပ် ရေးသားထုတ်ဝေ ထားသည်။ သူ့စာအုပ်ကလေးမှာ ခေတ်သစ်မြန်မာ့ သမိုင်းတွင် အရေး ပါသော်လည်း အခြားနိုင်/ကျဉ်း ဟောင်း စာရေးဆရာ များစွာ၏ ကိုယ်တွေ့ရင်ဖွင့်သံ စာအုပ်လှိုင်း လုံးကြီးအောက်မှာ မြုပ်ကွယ်နေ သည်ဟု ထင်သည်။

မွန်းတည့်ချိန် ကျော်လွန်ပြီး နောက် စာရေးသူတို့ ဧည့်သည် နှစ်ဦး (စာရေးသူနှင့် ဦးရာဇဓမ္မ-ယောမြေ) ကို မြို့ခံစာပေသမား များက မြို့လယ်ကောင် လက်ဖက် ရည်ဆိုင်ကြီး တစ်ဆိုင်မှာတွေ့ဆုံ ကြသည်။ လက်ဖက်ရည် ဆိုင်ကြီး က ကျယ်ဝန်းပြီး နေရထိုင်ရ အ လွန် သက်သောင့် သက်သာ ရှိလှ သည်။ စာရေးသူသည် လေးနက် သော စာပေရေးရာများ ပြောဖို့ စိတ်မကူးပါ။ ရောက်တတ်ရာရာ စကားများကိုသာ မိတ်ဖက်စကား အဖြစ် ပြောခဲ့ပါသည်။ ဘယ်လို မဆို စာပေသမားများနှင့် တွေ့ဆုံ ရသည်မှာ ယခုမှ တွေ့ဖူး မြင်ဖူး သော်လည်း နှစ်ပေါင်းများစွာ ကွဲ ကွာနေခဲ့သော အဆွေအမျိုးတို့နှင့် ပြန်လည် ဆုံဆည်း ရဘိသကဲ့သို့ ရင်နှလုံးမှာ နွေးထွေး ရှိန်းမြ ပီတိ လှိုင်း ထမိပါသည်။

ထိုညတွင် ကဗျာဆရာ ဓီရာ လင်းထံမှာ အနားယူ အိပ်စက်ကြ သည်။ နောက်နေ့ နံနက်စောစော ကျတော့ အိန္ဒိယ နယ်စပ်ရှိ ‘တမူး’ မြို့သို့ ခရီးဆက်ခဲ့ကြသည်။ ကလေး- တမူးလမ်းက ပို၍သာတောင့်သာ ယာရှိမလားမသိ။ လမ်းတွင် ကဗျာ ဆရာ ဓီရာလင်းက တစ်နေရာကို မိမိရရ လက်ညှိုးညွှန်ပြသည်။

”အဲသည်နေရာဟာ ဆရာမြ သန်းတင့်ရဲ့ (မာယာဘုံ) ဝတ္ထုကြီး ထဲမှာ ပါတဲ့ အထင်ကရဇာတ်ဝင် ခန်း နောက်ခံနေရာပဲ”

ထိုဝတ္ထုကို ဖတ်ဖူးခဲ့ပါသည်။ နှစ် ၃ဝ ကျော်လာခဲ့ပြီဖြစ်ရာ စာ ရေးသူ၏ မှတ်Óဏ်တွင် ဝါးတား တားသာ စွဲထင်နေသည်။ ကုန်လွန် ခဲ့သော(မဆလ)ခေတ်က အိန္ဒိယ-မြန်မာ မှောင်ခို စီးပွားရေးလမ်း ကြောင်း နောက်ခံဇာတ်လမ်း ဖြစ် သည်။ မှောင်ခိုခေတ်ကြီးက ဝေး လံလှစွာ နောက်မှာ ကျန်ရစ်ခဲ့ပြီ။ ယခုခေတ်က ဗြောင်ရောင်း ဗြောင် ဝယ်ကြသော ဈေးကွက် စီးပွားရေး ခေတ် မဟုတ်လား။

တမူးမြို့မှာ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်စည်းခြားသော်လည်း မြေပထဝီချင်း ဆက်စပ်နေသည်။ မြန်မာဘက်မှာ နာမည်ထင်ရှား သည့် ‘နန့်ဖာလုံ’ ဈေးကြီးရှိသည်။ ကုန်စည်မျိုးစုံ ရောင်းဝယ်ဖောက် ကားရာနေရာ၊ တရုတ်ထုတ်ကုန် တွေကသာ ကြီးစိုးနေသည်။ မြန် မာဘက်မှ အိန္ဒိယဘက်သို့ ကူးဝင် ရန် အခက်အခဲ များစွာ မရှိလှ။ မြန်မာ့မြေကနေ ခြေလှမ်း ၁ဝဝ လောက် လျှောက်လိုက်လျှင် နယ် စပ်မြို့ ‘မိုရေး’ မြေပေါ်သို့ ရောက် သွားမည် ဖြစ်သည်။

‘မိုရေး’ က အိန္ဒိယနယ်စပ် ဈေးမြို့ကလေးဟု ထင်ရပါသည်။ မြန်မာနိုင်ငံထဲသို့ အိန္ဒိယ ကုန်စည် တွေ စတင်စီးဆင်းရာ ထွက်ပေါက် ဖြစ်သည်။ လုံခြုံရေး စိတ်မချရပါ။

”မဏိပူရ ခွဲထွက်ရေးသမား တွေက လစ်ရင် လစ်သလို ဗုံး ဖောက်တတ်တယ်” ဟု တမူးမြို့ခံ ကဗျာဆရာ ‘ရင်ဂိုး’ က ပြောပြ သည်။ မှန်သည်။ မိုရေးရှိ ဈေး တန်းထဲမှာ ပတ္တရောင်လှည့်နေ ကြသော အိန္ဒိယ စစ်သားကြီး သုံး ယောက်ကို မြင်တွေ့ခဲ့ရသည်။

စစ်သားကြီးတွေက နှုတ်ခမ်း မွေးကားကားကြီးတွေနှင့်၊ မောင်း ပြန် သေနတ်ကြီးတွေကို လွယ်လို့။ အော…သူတို့ဆီ မှာလည်း တွဲ ဖက်ရေးကို မလိုလားဘဲ ကွဲအက် ရေးသို့ ဦးတည်သော ခွဲထွက်ရေး ကို လိုလားသည့် ပုဂ္ဂိုလ်တွေရှိပေ သကိုး…ဟု တွေးရင်း စာရေးသူ ပင့်သက်ရှူမိသည်။

‘မိုရေး’ က အညတရ လက် ဖက်ရည် ဆိုင်ကလေးမှာ သောက်ခဲ့ ရသော ဂျင်း (ချင်း) နံ့သင်းသည့် အိန္ဒိယ လက်ဖက်ရည် စစ်စစ်အ ကြောင်းကိုတော့ ကြုံမှ စာတစ် စောင် ပေတစ်ဖွဲ့ ရေးရဦးမည်။

အင်္ဂလိပ်စာရေးဆရာ  E.M. Foster u A Passage to India  ဝတ္ထုကြီးကို ရေးရင်း အိန္ဒိယသား တို့၏ အယူအစွဲထုံး ဓလေ့တို့ ခိုင်မြဲ ပုံကို လှပစွာ သရုပ်ဖော်သွားခဲ့ သည်။ စာရေးသူကား…အိန္ဒိယ နယ်စပ်မြို့ကလေးမှာ တစ်နာရီခန့် ခြေဆန့် လမ်းသလားခဲ့ရင်း…ဘာရေးရ အံ့နည်းဟု တွေးနေဆဲ ဖြစ်ပါသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*