ရန်ကုန် ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြုဆု ရရှိသူထက် အရေးယူ ခံရသူ ပိုများ

ရန်ကုန် ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြုဆု ရရှိသူထက် အရေးယူ ခံရသူ ပိုများ
October 13, 2016 Asian Fame

9:05 am
ရန်ကုန် ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြုဆု ရရှိသူထက် အရေးယူ ခံရသူ ပိုများ
In Cover News, Politics

ရန်ကုန် ရဲတပ်ဖွဲ့ဝင်များ ဂုဏ်ပြုဆု ရရှိသူထက် အရေးယူ ခံရသူ ပိုများ

police

(ရန်ကုန်၊ အောက်တိုဘာ ၁၁ )

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များကို ဆု ပေးဒဏ်ပေး စနစ် ကျင့်သုံးခဲ့ရာ ဂုဏ်ပြုဆု ရရှိသူ ထက် တာဝန် ပျက်ကွက်မှုကြောင့် အရေးယူ ခံရသည့် အရေအတွက် က ပိုများနေ ခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ သိရသည်။

ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့) တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)လွှတ် တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် ၏ ရန်ကုန် တိုင်းဒေသကြီး အတွင်း တရားဥပဒေ စိုးမိုးရေးကို မည် သို့စီမံချက်များ ချမှတ် ဆောင်ရွက်နေပါသနည်း မေး ခွန်း အပါ အဝင် ရဲလုပ်ငန်းစဉ် များကို မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ၂ဝ၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အရာရှိနှင့် အခြား အဖွဲ့ဝင် ၁၂၅ ဦး ဂုဏ်ပြုခံခဲ့ရကာ ၃၆၂ ဦးအရေး ယူခံခဲ့ရကြောင်း ဖြေကြားသည်။

လက်ရှိ ရှိနေသော ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်း အရည်အသွေး တိုးတက်ရေး အတွက် ဆုပေးဒဏ် ပေးစနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အရာရှိ ၅၂ ဦးနှင့် အခြား အဖွဲ့ဝင် ၇၃ ဦးကို ဂုဏ်ပြုဆု များ ချီးမြှင့်ပေးခဲ့ပြီး အရာရှိ ၁၁၃ ဦး နှင့် အခြားအဖွဲ့ဝင် ၂၄၉ ဦးကို ရဲစည်းကမ်းဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရဲတပ်ဖွဲ့ အင်အား ကို ၇၉ ဒသမ ၂ ရာခိုင်နှုန်း အထိ
တိုးမြှင့် ပေးထားကြောင်း၊ တပ်သားသစ် စုဆောင်း ရရှိရေးကိုလည်း စီမံချက်ဖြင့် ဆောင်ရွက် နေကြောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းအလိုက် ရဲတပ် ဖွဲ့ဝင် အင်အားများ လိုအပ်လျက် ရှိနေရာ ရန်ကုန် တိုင်းဒေသကြီး က ရဲတပ်ဖွဲ့ဝင် အင်အား ၇၉ ဒသမ ၂ ရာခိုင်နှုန်း၊ မန္တလေး တိုင်းဒေသကြီး က ၆၅ ရာခိုင် နှုန်း၊ အခြား တိုင်းဒေသကြီး များတွင် ၅ဝ ရာခိုင်နှုန်း၊ ကရင်၊ ကယား၊ ချင်း၊ မွန်ပြည်နယ် တို့တွင်မူ ၄ဝ ရာခိုင်နှုန်းနီးပါး သာ ရှိနေကြောင်း သိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*