6:38 pm
ရန်ကုန်၊ ဇူလိုင် ၃၀
ပုဒ်မ ၅၀၅(ဂ)ဖြင့် ဖမ်းဆီးခြင်းခံထားရသော အမျိုးသားရေးလှုပ်ရှားသူ ၁၀ဦးအားအမြန်ဆုံးလွှတ်ပေးရန် အမျိုးသားရေးဖိနှိပ်မှုအတွက်တောင်းဆိုဆန္ဒဖော်ထုတ်ပွဲအား ရန်ကုန်အမျိုးသားရေးညွန့်ပေါင်းအဖွဲ့မှ ဇူလိုင်၃၀ရက်နေ့က မြို့တော်ခန်းမရှေ့ကားပါကင်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားရေးဆရာတော် ဦးပဏ္ဏိတကပြောသည်။
ယင်းပွဲသို့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ကျောင်းမှ ဆရာတော်ဦးဝီရသူမှ အမျိုးသားရေးလှုပ်ရှားသူ ၁၀ဦးအားအမြန်ဆုံးလွှတ်ပေးရန်သဝဏ်လွှာပေးပို့ခဲ့ကြောင်းအမျိုးသားရေးဆရာတော် ဦးပဏ္ဏိတကပြောသည်။
ယင်းပွဲတွင် အစိုးရမှဥပဒေလက်တလုံးခြားပြု၍ဖမ်းဆီးခြင်းများအားရပ်တန့်ပေးရန်၊အခြေံဥပဒေတွင်ပြဌာန်းပြီးပြီဖြစ်သည့်အဓိကဘာသာဖြစ်သည့် ဗုဒ္ဓဘာသာအားအစိုးရမှတန်ဖိုးထားဆောင်ရွက်ရန်၊တရားသူကြီးများအနေဖြင့် မှန်ကန်သောတရားစီရင်ရေးလုပ်ဆောင်စေရန်၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းအစိုးရမှကြေညာပေးရန်နှင့် ပုဒ်မ၅၀၅(ဂ)ဖြင့်မတရားဖမ်းဆီးခံရသောအမျိုးသားရေးလုပ်ဆောင်သူ ၁၀ဦးအားအမြန်ဆုံးလွှတ်ပေးရန်အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ရဟန်းရှင်လူများကတောင်းဆိုခဲ့သည်။
ပုဒ်မ ၅၀၅(ဂ)ဖြင့်ဖမ်းဆီးခံရသော အမျိုးသားရေးလှုပ်ရှားသူ ၁၀ဦးအား လုပ်ထုံးလုပ်နည်းမှားယွင်းခဲ့ခြင်းကြောင့်သော်လည်းကောင်း သို့မဟုတ် လိုအပ်ချက်ရှိ၍တရားစွဲဆိုတာမျိုးဖြစ်ခဲ့လျှင် အစိုးရအနေဖြင့် တရားဥပဒေအရ ပြန်လည်ဆန်းစစ်ဆောင်ရွက်သင့်သည်ဟု မျိုးချစ်သွေးဓမ္မကွန်ရက် ဥက္ကဠ ကိုအောင်သွေးဇော်ကပြောသည်။
“လက်ရှိအစိုးရမှာ ရန်သူမရှိဘူး။ကျွန်တော်တို့လဲ ရန်သူမထားဘူး။ယခင်သမိုင်းကြောင်းကိုပြန်ကြည့်ပါ နိုင်ငံတော်အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေမှာ ရန်သူထားခဲ့မိလို့အဲ့ရန်သူတွေနဲ့ ထိပ်တိုက်တွေ့ရတာမျိုးတွေရှိခဲ့တယ်။ကျွန်တော်တို့က အစိုးရရဲ့ ရန်သူမဟုတ်ဘူးအမျိုးသားရေးလှုပ်ရှားတဲ့ ပြည်သူသက်သက်သာဖြစ်တယ်။”ဟု ကိုအောင်သွေးဇော်ကပြောသည်။
ယနေ့ပွဲတွင် အမျိုးသားရေးဖိနှိပ်မှုများလုပ်ဆောင်ခြင်းမပြုရန် အမျိုးသားရေးလှုပ်ရှားသူများအဖွဲ့မှ ဦးဇင်းတစ်ပါးနှင့် လူလေးဦးစင်ပေါ်တက်ဟောပြောခဲ့ပြီး လူ၁၀၀၀ဦးတက်ရောက်ခွင့်ပြုရန် အစိုးရထံမှ ခွင့်ပြုမိန့်ကျပြီးဖြစ်သည်ဟု ၎င်းကပြောသည်။
“ကျွန်တော်တို့က အမျိုးသားရေးလှုပ်ရှားသူတွေပါ။ကိုယ့်မြေကိုယ်ရေကို ကာကွယ်ချင်လို့ ကိုယ့်ထမင်းကိုယ်စားပြီးလုပ်တာပါ။ဒါကို နိုင်ငံရေးသမား၊လခစားဆိုပြီးပုတ်ခက်သံတွေကြားနေရတဲ့အတွက် နိုင်ငံရေးသမားလုံးဝလုံးဝမဟုတ်တဲ့ရန်ကုန်အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ဆိုတာသိစေချင်ပါတယ်။ “ဟု မျိုးချစ်သွေးဓမ္မကွန်ရက် ဥက္ကဠ ကိုအောင်သွေးဇော်ကပြောသည်။
သီဟ