ယောဂနဲ့ အနုပညာကို အတူတူ လုပ်သွားမယ်ဆိုတဲ့ ငွေဇင်လှိုင်း ယောဂနဲ့ အနုပညာကို အတူတူ လုပ်သွားမယ်ဆိုတဲ့ ငွေဇင်လှိုင်း December 12, 2018 Asian Fame Myanmar Idol Season 3 ကနေ တစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သူကတော့ အဆိုတော်ငွေဇင်လှိုင်းပါ။ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ဖန်တီးဖြစ်နေတာနဲ့ ပတ်သက်ပြီး ငွေဇင်လှိုင်းက ”အခုလတ်တလောက နယ်တွေဆက်တိုက်ရှိုးပွဲတွေ သွားဆိုနေရတယ်။ ပရိသတ်ကငွေဇင်ရဲ့သီချင်းအသစ်တွေကိုလည်း ကြားရတော့မှာပါ။ လောလောဆယ်I Need Your Love ဆိုတဲ့ သီချင်းလေးကတော့ ဆိုပြီးသွားပြီ။ ဒီဇင်ဘာလထဲ ထွက်နိုင်အောင်ကြိုးစားနေတယ်။ သီချင်းလေးက RIP ပုံစံမျိုးလေးပါ။ Featuring ဆိုထားတာဆိုတော့ ချစ်စရာကောင်းတဲ့ သီချင်းပုံစံမျိုးလေးပါ။ လူငယ်ဆန်ဆန်လေးရေးထားတာဆိုတော့ စာသားတွေကမိုက်တယ်။ ကိုယ့်ဟာကိုယ်တော့ အဲဒီသီချင်းလေးကို တအားကြိုက်တယ်။ နောက်ပြီး ရင်ကွဲလမ်းမဆိုတဲ့ မပိုး မီရေးပေးထားတဲ့ သီချင်းလေးလည်းထပ်ထွက်ဖို့ရှိတယ်။ ပရိသတ်ကြီးကို ဖြေးဖြေးချင်း နဲ့ချပြသွားမှာပါ။ အချိန်လေးတော့ နည်းနည်းစောင့်ပေးပါ”လို့ ပြောပြခဲ့ပါတယ်။ ငွေဇင်တစ်ကိုယ်တော်အခွေကတော့ နည်းနည်းလေးကြာဦးမယ်။ တစ်ကိုယ်တော်အခွေဆိုတာထက် ကိုယ်ဖန်တီးတဲ့ အနုပညာတွေကို ပရိသတ်တွေကို တစ်ခုချင်းစီချပြသွားမယ်။ Mini Album ပုံစံမျိုးလေး ငွေဇင်လုပ်ချင်တယ်။ တိမ်မြုပ်နေတဲ့ သီချင်းတွေကို ပြန်ဆိုတေး အနေနဲ့ Version လေးတွေပြောင်းပြီး သီဆိုချင်တယ်။ ဒါကတော့ စိတ်ကူးထားပြီးသားပါ။ အကောင်အထည်ကတော့ ဖော်ဖြစ်မှာပါ။ ဖြစ်လာအောင်လည်း ကြိုးစားနေတယ်”ဆိုပြီး ပြောပြခဲ့ပါတယ်။ သူငယ်ချင်းတွေဖြစ်ကြတဲ့ ပိုးမီ၊ နော်ဂျက်တို့နဲ့ပေါင်းပြီး သီချင်းအသစ်ဖန်တီးဖြစ်နေတာကိုလည်း ”ပိုးမီရယ်၊ နော်ဂျက်ရယ်၊ ငွေဇင်ရယ်Super Girl အနေနဲ့ Single Song ထွက်လာမယ်။ အစ်မတို့ ၃ ယောက်စလုံးမြင်နေကျ မဟုတ်တဲ့ ပုံစံလေးကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ ထူးထူးဆန်းဆန်း ပုံစံမျိုးလေးတွေကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ်။ ခွန်အားပေးတဲ့ သီချင်းပုံစံအမျိုး အစားလေးပါ။ ပရိသတ်ကြီးလည်း သီချင်းလေး ထွက်လာရင် အားပေးကြပါဦး” လို့ ငွေဇင်လှိုင်းက ပြောပြခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ယောဂဆရာမတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ဆက်လုပ်ဖြစ်သွားဦးမလဲဆိုတာကိုလည်း ငွေဇင်လှိုင်းက ”ယောဂကို ငွေဇင်အခုသိပ်မလုပ်ဖြစ်တော့ ကိုယ့်ကိုယ်ကိုယ်Strong လည်း မဖြစ်ဘူး။ ရောဂါတွေလည်း ခဏခဏဝင်နေတယ်။ ယောဂ မလုပ်ဖြစ်တော့ ကိုယ်ခံအားတွေလည်းကျပြီး အသားတွေလည်း ပျော့တွဲနေတယ်။ ဗိုက်တွေလည်းပူလို့။ အရင်တုန်းကဆို အသားအရေက တင်းတင်း ရင်းရင်းရှိသေးတယ်။ တချို့တွေက ပြောတယ်။ ယောဂဆရာမဖြစ်ပြီးတော့ ဝနေတယ်ဆိုပြီး။ ငွေဇင်က အခုယောဂမလုပ်ဖြစ်တော့ တော်တော်ကြာနေ ပြီဆိုတော့ အရင်ကထက်စာရင်နည်းနည်းပိုပြည့်လာတယ်။ Music နဲ့ပတ်သက်ပြီး ကိုယ့်ခွန်အားရှိသလောက်၊ လုပ်နိုင်သလောက်၊ အသက်ငယ်ရွယ်တုန်းမှာ ပေးဆပ်မယ်။ အားတဲ့အချိန်မှာ ယောဂနဲ့ပတ်သက်ပြီး ကိုယ်လေ့ လာနိုင်သလောက် ထပ်ပြီးလေ့လာသွားမယ်။ သင်တန်းဖွင့်ဖို့လည်း အစီအစဉ်တွေရှိတယ်။ အရင်ကဆို ၇ မိုင်ခွဲမှာ ငွေဇင်သူငယ်ချင်း ၂ ယောက်နဲ့ ဖွင့်တယ်။ အခုငွေဇင်မအားတော့ သွားမသင်ဖြစ်တော့ဘူး။ သီချင်းကို အခုအချိန်မှာ ပိုပြီးဦးစားပေးမယ်။ အဲဒီကြားထဲအားတဲ့အချိန်မှာ ယောဂကိုပိုလေ့လာမယ်။ နှစ်ခုတွဲလုပ်တော့ ပိုပြီးအဆင်ပြေတယ်။ နှစ်ခုစလုံးကို လုပ်သွားမယ်” လို့ ပြောပြခဲ့ပါသေးတယ်။ ခိုင်ဝါဝင်း Share000 0 0 Newer အခြားသောအရေးအသား(၃) Older Woods' ချောင်းဆိုးပျောက်ဆေးမှ စီစဉ်ကျင်းပမယ့် သရုပ်ဆောင်ပြိုင်ပွဲ Comments (0) Leave a reply Click here to cancel the reply Your email address will not be published. Required fields are marked *CommentName * Email * Website Save my name, email, and website in this browser for the next time I comment. Notify me of follow-up comments by email. Notify me of new posts by email.