“ဂန္ထဝင်အဆိုတော်ကြီး မာမာအေး ကွယ်လွန်”

0
1209

ဂန္ထဝင်အဆိုတော်ကြီး မာမာအေးဟာ ဇန်နဝါရီ ၈ ရက်နေ့ အမေရိကန်စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အခုလိုဆုံးပါးသွားတာနဲ့ပတ်သက်ပြီးဆရာဦးဝင်းငြိမ်းက” ချစ်တဲ့သူတစ်ယောက် ကမ္ဘာလောကကြီးထဲကထွက်ခွါသွားပြီတဲ့။ဆရာဝန် confirm လုပ်တာကိုစောင့်နေကြတယ်။ကြေကွဲရပါတယ်။သေချာလို့ VOA ကကြေငြာလိုက်ပါပြီ။ဒေါ်မာမာအေးဆုံးသွားပါပြီတဲ့။သွားနှင့်တော့မမအေးရေ။” လို့ရေးသားခဲ့ပြီး ဂီတရပ်ဝန်းမှအနုပညာရှင်များမှလည်းဝမ်းနည်းကြောင်းရေးသားခဲ့ပါတယ်။

မာမာအေးကိုဖခင် နှဲဆရာကြီး ဦးအေး မိခင် အဆိုတော် မြောင်းမြသန်း ခေါ် ဒေါ်သန်းနှစ်တို့က ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာမွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက် ရှိခဲ့ကာ ငယ်စဥ်ကတည်းက မိဘနှစ်ပါးနဲ့အတူ ဇာတ်ခုံတွေပေါ် ကြီးပြင်းခဲ့သူတစ်ဦးဖြစ်ကာ မာမာအေးနာမည်နဲ့ ၁၉၅၈ ခုနှစ်မှာ တေးညွန့်မင်္ဂလာ သီချင်းနဲ့ စတင်ဓါတ်ပြား သွင်းခဲ့ပါတယ်။

ဒေါ်မာမာအေးဟာမြန်မာနိုင်ငံရဲ့ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)၊ ၁၉၉၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနဲ့ ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး စတဲ့တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များအတွင်း ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲများတွင် အဆိုအဖွဲ့ (မဟာဂီတ) အတွင်းရေးမှူး ဖြစ်ခဲ့ကြောင်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here