ထိုင်း – မြန်မာနယ် စပ်ဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ ဖြေရှင်းနိုင်ရန်နှင့် အကူအညီများ ထပ်မံပေးအပ်နိုင်ရေး နည်းလမ်းရှာဖွေလျက်ရှိကြောင်း ထိုင်းဖက်ကပြော

0
113

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ဖြေရှင်းရာတွင် အဆင်ပြေနိုင်စေရန်နှင့် အကူအညီများ ထပ်မံပေးအပ်နိုင်ရန် နည်းလမ်းရှာ ဖွေလျက်ရှိကြောင်း EU ဆိုင်ရာထိုင်းသံအမတ်ကြီးအသစ် H.E. Mrs. Kanchana Patarachoke ၏ ပြောဆိုချက်အရ သိရသည်။

ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီးသည် ဘယ်လ်ဂျီယံနှင့် အီးယူဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် အသစ်ခန့်အပ်ခံရသည့် H.E. Mrs. Kanchana Patarachoke ကို လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သံအမတ်ကြီး ဦးစိုးလင်းဟန်မှ  ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဘယ်လ်ဂျီယံနှင့် အီးယူဆိုင်ရာ ထိုင်းသံအမတ်ကြီးဖြစ်လာသည့် (Ambassador Designate) H.E. Mrs. Kanchana Patarachoke ကို ဧပြီ (၂၄)ရက်က မြန်မာသံရုံး၌ လက်ခံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

တွေ့ဆုံစဥ် H.E. Mrs. Kanchana Patarachoke က မြန်မာ – ထိုင်း နယ်စပ်၌ လတ်တလောဖြစ်ပေါ်တိုးတက်နေသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကြက်ခြေနီအဖွဲ့အစည်းများ နှင့် The ASEAN Coordinating Centre for Human itarian Assis tance on Disaster Management (AHA Centre) တို့မှ နှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် အကူအညီပေးအပ်ခဲ့မှုတို့နှင့် စပ်လျဉ်းပြီး ၎င်း ၏ အမြင်ကို ဆွေး နွေးခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအား ဖြေရှင်းအဆင်ပြေနိုင်စေရန် မျှော်လင့်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထပ်မံပေးအပ်နိုင်ရန်အတွက် နည်းလမ်းရှာဖွေလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ရေး ရာနှင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းဝင်ရောက်လာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ဖူးကြောင်းလည်း သိရသည်။

H.E. Mrs. Kanchana Patarachoke သည် ၂၀၂၂ ခုနှစ်မှ ဘယ်လ်ဂျီယံနှင့် အီးယူဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီအထိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြော ရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here