ယူကရိန်းနိုင်ငံအတွက် ပြည်ပ ကြေးစားစစ်သား ၃,၁၀၀ ကျော်က ဝင်တိုက်ပေးခဲ့ပြီး အများစုမှာ အမေရိကန်မှဖြစ်

0
134

ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း ယူကရိန်းနိုင်ငံအတွက် ပြည်ပမှ ကြေးစားစစ်သား ၃,၁၀၀ ကျော် ပါဝင် တိုက်ခိုက်ပေးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် ကနေဒါတို့မှ ဖြစ်သည်ဟု ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ၏ သတင်းထုတ်ပြန်ရေးရုံးမှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

“ယူကရိန်းဘက်မှ တိုက်ခိုက်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် နိုင်ငံခြားသား ကြေးစား ၃,၁၀၀ ကျော်၏ ကိုယ်ရေးအချက်အလက်များကို စုံစမ်းစစ်ဆေးရေးမှူးများက ရရှိထားပြီး ယင်းတို့အနက် အများစုမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဂျော်ဂျီယာတို့မှ ဖြစ်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့နေထိုင်ရာနေရာကို ရှာဖွေဖော်ထုတ်ပြီး ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရန်ကိုလည်း ဆောင်ရွက်နေကြောင်း ကော်မတီက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here