ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဈေးမြင့်တက်မှုများရှိသည့်အပြင် ပစ္စည်းပြတ်လပ်မှုများရှိ

0
257

ဈေးကွက်အတွင်း၌ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းအများစုသည်ဈေးနှုန်းများ မြင့်တက်နေပြီး နာတာရှည်ရောဂါသမားအများစုသုံးစွဲနေရသည့် ဆေးဝါးများသည်လည်း ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဈေးကွက်အတွင်း အဆင်သင့်ဝယ်ယူ၍ရနိုင်သည့် အင်နာဗွန်စီ တစ်လုံးလျှင် ၁၀၀၀ ကျပ်၊ အော်ရာမင် ဂျီ-အက်ဖ် တစ် လုံး ၈၀၀ ကျပ် ၊ ဖယ်ရိုဗစ် ၃၀၀ ကျပ် ထိမြင့်တက်နေသည့်အပြင် သန္ဓေတားဆေး အချို့၊ ပန်းနာရင်ကြပ်သမားများသုံးသည့် ရှူဆေးများဆေးဝါးပြတ်လပ်ခြင်းမျိုး ဖြစ်ပေါ်နေပြီး သွေးပေါင်ကျဆေး၊ ဆီးချို ရောဂါသောက်ဆေး စသည့်ဆေးဝါးများ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

” တချို့ဆေးတွေတော်တော်များများက ဝယ်မရဘူး။ ပစ္စည်းပြတ်နေတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာတောင် ပစ္စည်းကပြတ်နေတာ ဝယ်မရဘူး။ ဈေးကလည်း အရင်ထက် ပိုမြင့်လာတယ်”ဟု ဆေးဝါးဝယ်ယူသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အင်္ဂလိပ်ဆေးသာမက မြန်မာဆေးများပါဈေး နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး ဆေးအမျိုးအစားပေါ်မူတည်ကာ ကျပ်ရာဂဏန်းမှ သောင်းဂဏန်းအထိမြင့်တက်နေခြင်းဖြစ်သည်။

” ကျွန်တော့်အမေ သုံးနေကျ မျက်စင်းဆိုရင် အရင်က ၂၀၀၀ ကျော်ကနေ နောက်ပိုင်း တဖြေးဖြေး တက်လိုက်တာ ပြီးခဲ့တဲ့ (၂)လလောက်က တစ်ဘူးကို (၂၀၀၀၀)ကျပ်နဲ့ နောက်ဆုံးဝယ်လိုက်ရတယ်။ အခု (၃၃၀၀၀)ကျပ် ဖြစ်သွားပြီ ၊ ဒါတော င် ဘယ်မှာမှဝယ်လို့မရတော့ဘူး။ပစ္စည်းပြတ်နေတာ” ဟုရွှေ ပြည်သာမြို့နယ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက ပြော သည်။ 

ပြည်တွင်း၌ အသုံးပြုနေသည့် ဆေးဝါးများ၏ (၇၀) ရာခိုင် နှုန်းကို နိုင်ငံခြားမှ တင်သွင်းနေရခြင်းဖြစ်ပြီး ဒေါ်လာ ဈေးမြင့်တက်မှုကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here