အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းကို Face to Face နှင့် Onlin e နှစ်မျိုးစလုံးဖွင့်လှစ်မည်ဖြစ်

0
191

Diploma in English for Communication Skills သင်တ န်းကို Face to Face နှင့် Online နှစ်မျိုးစလုံးကို ဖွင့်လှစ်သ င်ကြားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အသိပေးကြေညာထားသည်။

အဆိုပါ သင်တန်းကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ CHRD အစီအစဥ်ဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

English Basic Level 1 သို့မဟုတ် Level 2 အထိ YUFL တွ င်တက်ရောက်ပြီးသူများသည် တစ်ဆင့်မြင့်အတန်းတွင်တို က်ရိုက်တက်ရောက်နိုင်ပြီး ၀င်ခွင့်ဖြေဆိုရန်မလိုအပ်ကြော င်း သိရသည်။

သို့သော် ကျောင်းသားသစ်များသည် English Basic Level 1 မှ စတင်တက်ရောက်ရမည်ဖြစ်ပြီး ၀င်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ကာ Face to Face တက်ရောက်ရန်လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲကို YUFL တွင်လာရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Online မှ တက်ရောက်ရန်လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲကို Online တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုချိန်ရောက်ပါက Email မှ တဆင့် Web link ပေးပို့မည်ဖြစ် ကြောင်း သိရသည်။

Online မှတက်ရောက်ရန်လျှောက်ထားသူများသည် မိမိ၏ ဖုန်းနံပါတ် နှင့် Email address ကို မှန်ကန်စွာပေးပို့ထားရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here