နိုင်ဂျီးရီးယားမှာ မိုးသည်းထန်မှုကြောင့် အကျဉ်းထောင်တစ်ခု ပျက်စီးမှုဖြစ်ခဲ့ပြီး အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်

0
59

နိုင်ဂျီးနိုင်ငံ မြို့တော်အနီး ဆူလေဂျာမြို့ရှိ အကျဉ်းထောင်အဆောက်အအုံဟာ ဗုဒ္ဓဟူးနေ့ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပျက်စီးမှုဖြစ်ခဲ့ပြီး အကျဉ်းသား ၁၁၈ ဦး ထွက်ပြေးလွှတ်မြောက်သွားခဲ့တယ်လို့ အကျဉ်းဦးစီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

နာရီအတော်ကြာ မိုးရွာသွန်းခဲ့မှုကြောင့် အကျဉ်းထောင်နံရံနဲ့ အနီးဝန်းကျင်ရှိ အဆောက်အအုံတွေအပါအဝင် လုံခြုံရေး အလယ်အလတ်အဆင့်ရှိ အကျဉ်းထောင်အစိတ်အပိုင်းတွေ ပျက်စီးခဲ့တယ်လို့ ပြောရေး ဆိုခွင့်ရှိသူ အဒန်မူ ဒူဇာက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

အကျဉ်းဦးစီးဋ္ဌာန အေးဂျင့်တွေက တရားခံပြေးတွေကို လိုက်လံရှာဖွေလျက်ရှိပြီး အခြား လုံခြုံရေးအေဂျင်စီတွေရဲ့ အကူအညီနဲ့ ၎င်းတို့ထဲက ၁၀ ဦးကိုတော့ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီလို့ ဆိုပါတယ်။

“ကျန်သူတွေကို ဖမ်းမိဖို့ရာ ကျွန်တော်တို့ အပူတပြင်း လိုက်နေပါတယ်” လို့ ဒူဇာက ပြောဆိုပါတယ်။

လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို စောင့်ကြည့်ပေးဖို့နဲ့ မသင်္ကာဖွယ် လှုပ်ရှားမှုတွေ တွေ့ခဲ့ပါက နီးစပ်ရာ လုံခြုံရေးအေဂျင်စီတွေထံ သတင်းပို့ကြဖို့ ပြည်သူတွေကို ထပ်လောင်းတိုက်တွန်းကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေ ဘယ်သူဘယ်ဝါတွေ ဆိုတာနဲ့ ဆက်စပ်မှုတွေကို ဒူဇာက ထုတ်ဖော်ပြောဆိုခြင်း မပြုပေမယ့် ဆူလေဂျာ အကျဉ်းထောင်မှာ ယခင်ကတော့ ဘိုကိုဟာရမ် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုအဖွဲ့ဝင်တွေ ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here