MNL League Cup 2024 ယနေ့ ဒုတိယအကျော့ အုပ်စုအ ဖွင့်ပွဲစဉ် ရှမ်းယူနိုက်တက်နှင့် Rainbow FC တို့ ယှဉ်ပြိုင်မည်

0
198

MNL League Cup 2024 ပြိုင်ပွဲ ဒုတိယအကျော့ အုပ်စုအ ဖွင့်ပွဲစဉ်များကို ယမန်နေ့ က စတင်ကျင်းပပြုလုပ်ခဲ့ရာ ယ နေ့တွင် ဒုတိယအကျော့ အုပ်စုအဖွင့်ပွဲစဉ်အဖြင့် ရှမ်းယူနိုက်တက်နှင့် Rainbow FC တို့ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ် သည်။

အဆိုပါ ပွဲစဉ်အား ယနေ့ ဧပြီ(၂၆)ရက် ညနေ(၄)နာရီ၌ ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပထမ‌အကျော့ အုပ်စုပွဲစဉ်အတွင်းက ရှမ်းယူနိုက်တက်အသင်းသည် Rainbow FC အား (၄)ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရရှိထားသည်။

ထို့ပြင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် မေ (၂ )ရက်တွင် Glory Goal အသင်းနှင့်လည်းကောင်း၊ မေ(၁၄)ရက်တွင် က ချင်ယူနိုက်တက်အသင်းနှင့်လည်းကောင်း ၊ မေ(၂၀)ရက်တွ င် ရခိုင်ယူနိုက်တက်အသင်းနှင့် လည်းကောင်းအသီးသီးယှ ဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက် အ‌သင်းအနေဖြင့် ဒုတိ ယအကျော့ ယှဉ် ပြိုင်မှုများအား ပွဲတိုင်း ဂိုးပြတ် အနိုင်ရရေးမူဝါဒဖြင့် လေ့ ကျင့်ပြင်ဆင်ထားကြောင်း အသိပေးထား သည်။

ပထမအကျော့ အုပ်စုအဆင့်ယှဉ်ပြိုင်ကစားအပြီး အမှတ် ပေး ဇယားရပ်တည်မှု ရလဒ်စာရင်းများအရ ရှမ်းယူနိုက်တ က်အသင်းနှင့် ရခိုင်ယူနိုက်တက်မှာ ရမှတ်(၉)မှတ်တူ သော် လည်း ဂိုးကွာခြားချက်ဖြင့် ရှမ်းယူနိုက်တက်က အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here