အကယ်ဒမီ ဝတ်မှုံရွှေရည် ရဲ့ မင်္ဂလာဦး အလှူ…

0
1670

အကယ်ဒမီ ဝတ်မှုံရွှေရည် က သူမရဲ့ မင်္ဂလာဦး အလှူ အနေနဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ၊ စိတ်ကျန်းမာရေးဆေးရုံကြီး နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အစရှိတဲ့နေရာများအတွက် ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်းက နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာကျင်းပခဲ့ပါတယ်။

နိုဝင်ဘာလ ၁၆ရက်နေ့ မှာ လက်ထပ်ထိမ်းမြားခဲ့ကြတဲ့ ကိုနိုင်ဖြိုးကျော် နဲ့ ဝတ်မှုံရွှေရည် က နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ ဘိုးဘွားများအတွက် တစ်သက်တာ ဆွမ်းပဒေသာပင်၊စိတ်ကျန်းမာရေးဆေးရုံရှိ စိတ်ဝေဒနာရှင်များအတွက် တစ်သက်တာ အာဟာရအလှူ၊ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာအတွက် Diaper ၊ နို့မှုန် နဲ့ အစရှိတဲ့ ပစ္စည်းများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ စက်အဖွဲ့သားများ နဲ့ ဇာတ်ပို့ဇာတ်ရံများအတွက် ဆန် နှင့် ဆီများ ကို လှူဒါန်းပေးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here