တရုတ် -မြန်မာ နှစ်နိုင်ငံ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုရန် လုပ်ဆောင်လိုကြောင်းတရုတ်ဖက်က​ပြောကြား

0
118

တရုတ်-မြန်မာ နှစ်နိုင်ငံနှင့် ဒေသလုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုရန် ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရှောင်ဟုန်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန် ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဧပြီ (၂၅) ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာ၌ တရုတ် – မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရာတွင် အထင်ကရ ရလဒ်များ ရရှိခဲ့ကြောင်း ဝမ်ရှောင်ဟုန်က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာ ဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးက ဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ 

ထို့ပြင် လူပုဂ္ဂိုလ်နှင့် စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေ စိုးမိုးရေး စွမ်းရည်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်းလည်း ထပ်မံပြောဆိုခဲ့သည်။ 

တရုတ် – မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့်ဒေသ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုဆော င်ရွက်သွားလိုကြောင်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်း အားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here