အာကာသအတွင်း  နျူကလီးယားလက်နက် ပြိုင်ဆိုင်မှု ဟန့်တားရေး ကုလဆုံးဖြတ်ချက် ရုရှား ဗီတိုသုံး ပယ်ချ

0
84

အမေရိကနဲ့ ဂျပန်နိုင်ငံတို့က ကမကထပြုတင်သွင်းသော အာကာသအတွင်း အန္တရာယ်ရှိသော နျူကလီးယားလက်နက်များပြိုင်ဆိုင်မှုကို တားဆီးဟန့်တားရေး အတွက် နိုင်ငံအားလုံးကို တောင်းဆိုသော ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့၌ ရုရှားနိုင်ငံက ဗီတို အာဏာသုံး ကာပယ်ချခဲ့ကြောင်း သိရသည်။

အာကာသအတွင်း၌ အဖျက် စွမ်းအားပြင်းသောလက်နက်များကို ဖြန့်ကျက်ခြင်းမလုပ်ဖို့ နိုင်ငံများကို တောင်းဆိုရမည်ဖြစ်ကြောင်းနှင့်လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် မျက်မှန်မည်းတပ်ထားခြင်းဖြစ်ကြောင်း ရုရှားက တုန့်ပြန်ခဲ့သည်။

အဖွဲ့ဝင် ၁၅ နိုင်ငံရှိသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ယင်းဆုံးဖြတ်ချက်ကို ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ရုရှားက ကန့်ကွက်မဲပေးခဲ့ကာ တရုတ်က ကြားနေခဲ့သည်။

ယင်းဆုံးဖြတ်ချက်အရ အမေရိက၊ ရုရှားတို့ပါဝင်သော ၁၉၆၇ နိုင်ငံတကာသဘောတူစာချုပ်က တားမြစ်ထားသည့်အတိုင်း အာကာသအတွင်း နျူကလီးယားလက်နက်များ သို့မဟုတ် အခြား ေသာ အဖျက် စွမ်းအားပြင်းေသာ လက်နက်များကို  ထုတ်လုပ်ခြင်း၊ ဖြန့်ကျက်ခြင်း မလုပ်ဖို့ နိုင်ငံအားလုံးကို တောင်းဆိုမည်ဖြစ်ပြီး၊ လိုက်နာမှုရှိ မရှိ သေ ခြာစေရန်အတွက် သဘောတူရမည် ဖြစ်ကြောင်း သိရသည်။

အာကာသအတွင်း နျူကလီးယားလက်နက်ဖြန့်ကျက်ဖို့ရာ မော်စကိုမှာ ရည်ရွယ်ချက်မရှိဘူးဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုထားကြောင်း မဲခွဲမှုအပြီးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ် လင်ဒါသောမတ်စ် ဂရင်းဖီးလ်က ပြောသည်။

ရုရှားတွင် ဂြိုဟ်တုဖျက်လက်နက်စွမ်းရည်ရှိကြောင်း သို့ သော်လည်း အဆိုပါလက်နက်များကို ဖြန့်ကျက်အသုံးပြုခြင်းမျိုး မရှိသေးကြောင်း  ပူတင်က အိမ်ဖြူတော်၏  ေပြာကြားချက်ကို တုန့်ပြန်ခဲ့သည်။

“ဒီနေ့ ဗီတိုသုံးအာဏာသုံးတာ ဘာကြောင့်ပါလဲ၊ တကယ်လို့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ဒါတွေကို ပြန်အတည်ပြုတဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့် မထောက်ခံရတာပါလဲ၊ ဘာတွေဖုံးကွယ်ထားလို့လဲ” ဟုသူက မေးခွန်းထုတ်ခဲ့ပြီး ဤသို့ေသာလုပ်ရပ်သည် အံ့သြစရာကောင်းသ ကဲ့သို့ ရှက်ဖွယ်လည်း ကောင်းသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား အမြဲတမ်း ကိုယ်စားလှယ် ဗက်ဆီလီ နီဘန်ဇီယာကမူ အဆိုပါ ဆုံးဖြတ်ချက်သည် လုံး၀ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးပြသနာ အဖြစ်ဖန်တီးခြင်းသာဖြစ်သည်ဟု ပြောဆိုကာ ပယ်ချခဲ့ပြီး အာကာသအတွင်း လက်နက်အမျိုးအစားအားလုံးကို ပိတ်ပင်ဖို့ရာကို လုံလောက်စွာ မလုပ်ဆောင်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

Ref: အေဘီစီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here