ဘူတန်လိဂ်တွင် ကစားနေသော မြန်မာတိုက်စစ်မှူး အောင်ကျော်နိုင်အား ဒဂုံစတား ယူနိုက်တက်အသင်းက ခေါ်ယူအားဖြည့် 

0
181

MNL League Cup 2024 ဒုတိယ အကျော့ ပွဲစဉ်အတွက် ဘူတန်လိဂ်တွင် ကစားနေသော မြန်မာတိုက်စစ်မှူး အောင်ကျော်နိုင်အား ဒဂုံစတားယူနိုက်တက်အသင်းက ခေါ်ယူအားဖြည့်ထားပြီဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

မြန်မာတိုက်စစ် ကစားသမားဖြစ်သူ အောင်ကျော်နိုင်သည်  ၂၀၂၃ ရာသီ ဘူတန်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒါရွတ်လာရှ်ယူးအသင်းအတွက် (၂) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အကော င်းဆုံးကစားသမားဆု (Man of the Match) လည်း ရရှိထားသူဖြစ်သည်။

အဆိုပါ ပွဲတွင် မြန်မာတိုက်စစ်မှူး အောင်ကျော်နိုင်သည် ပွဲကစားချိန်(၁၇) မိနစ်တွင် အဖွင့်ဂိုးနှင့် ပွဲချိန် (၆၂) မိနစ်တွင် စတုတ္ထဂိုးတို့ကို ဒါရွတ်လာရှ်ယူးအသင်းအတွက် သွင်းယူပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ယခု အောင်ကျော်နိုင် ဝင်ရောက်ကစားမည့် ဒဂုံစတားယူနိုက်တက်အသင်းအနေဖြင့်လည်း MNL လိဂ် ပထမအကျော့ အုပ်စုပွဲစဉ်များအပြီးတွင် ရမှတ် (၁၂) မှတ်ဖြင့် အုပ်စု (C ) တွင် ထိပ်ဆုံး၌  ဦးဆောင်နေသည့် အသင်းတစ်သင်းဖြစ်သည်။

ယနေ့စတင် ကျင်းပပြီဖြစ်သည့် ဒုတိယအကျော့ အုပ်စုပွဲစဉ်တွင် ဒဂုံယူနိုက်တက်အသင်းသည် Dagon Port FC အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

MNL League Cup 2024 ပထမအကျော့ အုပ်စုပွဲစဥ်များအပြီး အမှတ်ပေးဇယား ရပ်တည်မှုအရ အုပ်စု(A) တွင် ရန်ကုန်ယူနိုက်တက်က ရမှတ် (၁၂) မှတ်ဖြင့် အုပ်စုပထမ၊ အုပ် စု(B) တွင် ရှမ်းယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

အလားတူ ဒဂုံစတားယူနိုက်တက်က ရမှတ် (၁၂) မှတ်ဖြင့် အုပ်စု (C ) ကို ဦးဆောင်ထားပြီး အုပ်စု (D) တွင် အား/ကာသိပ္ပံအသင်းက ရမှတ် (၁၀)မှတ်ဖြင့် အုပ်စုပထမနေရာကို ရယူထားနိုင်သည်။

MNL League Cup 2024 အုပ်စုဒုတိယအကျော့ကို မဟာသက်ြန်ကာလအပြီး ယနေ့ ဧပြီ (၂၅ )ရက်တွင် ပြန်လည်ကျင်း ပသွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here