စေတီတွေပိတ်မယ်ဆိုရင်အဘက်ဘက်က စဉ်းစားဖို့လိုပါတယ် အခုနောက်ပိုင်း ကုန်းတွေ ဖော်တာကို လက်ခံပါတယ် … အိုးထိန်းတောင်က ကြည့်တာကိုလည်း ဧည့်သည်တွေလက်ခံတယ် ဒါပေမယ့် စေတီအားလုံးကိုတော့ မပိတ်စေချင်ဘူး …

စေတီတွေပိတ်မယ်ဆိုရင်အဘက်ဘက်က စဉ်းစားဖို့လိုပါတယ် အခုနောက်ပိုင်း ကုန်းတွေ ဖော်တာကို လက်ခံပါတယ် … အိုးထိန်းတောင်က ကြည့်တာကိုလည်း ဧည့်သည်တွေလက်ခံတယ် ဒါပေမယ့် စေတီအားလုံးကိုတော့ မပိတ်စေချင်ဘူး …
April 5, 2017 Asian Fame

3:37 pm
စေတီတွေပိတ်မယ်ဆိုရင်အဘက်ဘက်က စဉ်းစားဖို့လိုပါတယ် အခုနောက်ပိုင်း ကုန်းတွေ ဖော်တာကို လက်ခံပါတယ် … အိုးထိန်းတောင်က ကြည့်တာကိုလည်း ဧည့်သည်တွေလက်ခံတယ် ဒါပေမယ့် စေတီအားလုံးကိုတော့ မပိတ်စေချင်ဘူး …

U Zaw Win Cho (Tour)

ပုဂံရှိ စေတီပုထိုးများပေါ်မှ နေဝင်နေထွက် ရှုခင်းကြည့်ခြင်းကို ယခုနှစ် စက်တင်ဘာလတွင် ပိတ်မည်ဟု သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခုနှစ် ဇန်နဝါရီလတွင် ပုဂံသို့ သွားရောက်ခဲ့စဉ်ကလည်း ပုဂံစေတီများပေါ်မှ နေဝင်နေထွက် ရှုခင်းကြည့်ခြင်းကို နောင်တွင် ပိတ်ပင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စေတီပုထိုးများတွင် နေဝင်ရှုခင်းကြည့်ခွင့်ပိတ်ပါက အစားထိုးပေးနိုင်ရန် နေရာငါးခုကို သတ်မှတ်ဖော်ဆောင်လျက်ရှိရာ လက်ရှိတွင် နေရာ ၂ ခု နေဝင်ရှုခင်း ကြည့်နိုင်ပြီဖြစ်သည်။ သို့သော် စေတီများကို ပိတ်ပစ်လိုက်ပါက ခရီးသွားများ စိတ်ဝင်စားမှု လျော့ကျသွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် စေတီများပေါ်တက်ခွင့်ပိတ်မည့်အစီအစဉ် နှင့်ပတ်သက်၍ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေများကို နှစ်နှစ်ဆယ်ကျော် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးဇော်ဝင်းချိုကို မေးမြန်းဖော်ပြလိုက်ပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး ဗဟိုအလုပ်အမှုဆောင် ဦးဇော်ဝင်းချို နှင့် တွေ့ဆုံမေးမြန်းခြင်း

အခုလက်ရှိ ပုဂံမှာဘယ်စေတီတွေ ပေါ် တက်ခွင့်ပြုထားပါသလဲ။ အဲ ဒါလေးပထမဆုံးအနေနဲ့ သိပါရစေ။

လက်ရှိမှာ ကြည့်လို့ရနေသေးတာက ရွှေဆံတော်ဖွင့်ထားတယ်၊ ဗူးလယ်သီးဖွင့်ထားတယ်၊ စူဠာမဏိနားက တချို့နေရာလေးတွေ တက်လို့ ရတာရှိတယ်။ လောက ထိပ်ပန်တို့ ဘာတို့ပေါ့။ အဲဒါက တော့လူ ၂ဝ လောက်ပဲဆံ့တယ်။ပြီးတော့ အခု အသစ်လုပ်ထားတာ အိုးထိန်းတောင် ရှိတယ်။ အိုးခြမ်းပဲ့ကုန်းရှိတယ်။ ကိုမောက်ကန်ရှိ တယ်။ အဲဒါပဲကြည့်လို့ရတော့တယ်။

စေတီတွေပေါ်တက်ခွင့် ပိတ်လိုက်ရင် ခရီးသွားလုပ်ငန်းအတွက် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲဆိုတာလည်း ပြောပြပေးပါဦး။

ဘုရားတွေကို စက်တင်ဘာမှာ ပိတ်မယ်လို့ပြောတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်လာတုန်းကလည်း ပိတ်သင့်တယ်လို့ ပြောသွားတာရှိတယ်။ လူ ထုခေါင်းဆောင်တို့ ဝန်ကြီးတို့ကို ကျွန်တော်တို့ ဒေသခံတွေက နား လည်အောင် ပြောပြချင်ပါတယ်။ ပုဂံကိုလာတဲ့ နိုင်ငံခြားသားဧည့်သည်တွေက ရွှေဆံတော်ဘုရားက နေ ပုဂံရှုခင်းကိုမြင်လိုက်တာနဲ့ သူတို့အတွက် ပုဂံကိုလာရတာပြည့်စုံ သွားပြီ။ ရွှေဆံတော်ကနေ ရှုခင်းက ပတ်ပတ်လည် မြင်နေရတာ။ ဘယ်ရှုခင်းနဲ့မှမတူဘူး။ ငါးထပ်က ကြည့်တာနဲ့ သုံးထပ်က ကြည့်တာ နဲ့မတူဘူး။ ဥပမာ-အိုးထိန်းတောင် တို့၊ ကိုမောက်ကုန်းတို့က ကြည့်ရင် ရှုခင်းကတစ်ဖက်ပဲမြင်ရမယ်။ ရသ မတူဘူး။ှSunset က ၁၂ လရာသီ မှာမတူဘူး။ နေက အပြောင်းအရွှေ့ရှိနေတယ်။ ရွှေဆံတော်ဘုရား ကျတော့ ဘယ်ရာသီကြည့်ကြည့် အမှားမရှိဘူး ။ ကျွန်တော်တို့ ပုဂံ ဒေသခံတွေလည်း ပုဂံဘုရားတွေ ဘယ်ပျက်စီးစေချင်ပါ့မလဲ။ ပုဂံ လူထုစားဝတ်နေရေးက ပုဂံဘုရား တွေပေါ်မူတည်နေတယ်။ ဒေသခံတွေက ပုဂံရှုခင်းပြစားရတာ။ ဒါ တွေကိုပိတ်ရင် ဧည့်သည်တွေ အ လာနည်းမှာစိုးတယ်။ ရွှေဆံတော် မှာဆို ဘုရားနဲ့မှီခိုပြီး ဆက်စပ် နေတဲ့ မိသားစု ၅ဝ ကျော်ရှိတယ်။ ဒါကိုပိတ်လိုက်ရင် မိသားစုတွေ စားဝတ်နေရေး ထိခိုက်နိုင်တယ်။ ပြသာဒ်ကြီးဆို လောလောဆယ် ပိတ်ထားတယ်။ အဲဒီဘေးနားကဆိုင်လေးတွေ မရောင်းရတော့ဘူး။ အားလုံးကို ပိတ်ပစ်လိုက်ရင်တော့ စဉ်းစားစရာဖြစ်သွားမယ်။ ဧည့်သည်တွေလည်း Complaint (စောဒက) တက်နိုင်တယ်။ ခရီးမိုင်ပေါင်းများစွာကလာတဲ့ဧည့်သည်တွေကို ကိုယ့်ဆီကအင်မတန်လှပတဲ့ ရှုခင်းလေးတွေကို မပြဘဲ ပြန်မသွားစေချင်ပါဘူး။

လက်ရှိမှာဧည့်သည်တွေကို ပုဂံ ရှုခင်းပြတဲ့အခါ ဘယ်လိုပုံစံမျိုး ပြနေပါသလဲ။

အရင်ကတော့ ရွှေဆံတော်မှာက Sunset ပြတာပေါ့။ အခုတော့ ရွှေဆံတော်မှာ ပြည်တွင်းရော၊ ပြည်ပရော ပြည့်နေတယ်။ သူတို့က Sunset ကိုအေးဆေးကြည့်ချင် ကြတာလေ။ အဲဒီတော့ရွှေဆံတော်ကို မနက်ပိုင်းပဲပြလိုက်တယ်။ ညနေကျမှ Sunset ကို အိုးထိန်းတောင်မှာပြတယ်။

အဲဒီလိုကျတော့ရော ဧည့်သည်တွေက စိတ်ကျေနပ်မှုရှိလား။ သူတို့ဘယ်လိုမှတ်ချက်ပြုကြပါသလဲ။

အိုးခြမ်းပဲ့ကုန်းတို့၊ အိုးထိန်းတောင်တို့ကပြရင် complaint မရှိပါဘူး။ ဘာလို့လဲဆိုတော့ မနက် သူတို့ ရောက်ကတည်းက ရွှေဆံ တော်ကို အရင်ခေါ်သွားလိုက်တာကိုး။ ရွှေဆံတော်မှာသူတို့ ကြည့်ခဲ့ရပြီလေ။ ဒါပေမယ့် နောက်ပိုင်းကျရင် စေတီတွေပေါ်တက်ခွင့် ပိတ်လိုက်ရင်တော့ သူတို့စောဒက တက်နိုင်တယ်။

စေတီတွေပေါ် တက်ခွင့်ပိတ်မယ်လို့ အရင်အစိုးရလက်ထက်တုန်း ကသတင်းထွက်ခဲ့ပေမယ့် မပိတ်ခဲ့ ဘဲ ဆက်တက်ခွင့် ပေးခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း စေ တီပုထိုးတွေ ရေရှည်တည်တံ့ရေး အတွက်ဆိုပြီး စဉ်းစားတဲ့အခါ ကျတော့ ဒီကိစ္စအဆင်ပြေသွားအောင် ဘယ်လိုပုံစံမျိုး လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

တကယ်တမ်းဆိုရင် ခရီးသွားလုပ်ငန်းဘက်ကလည်း ကြည့်ရမယ်။ ရှေးဟောင်းဘက်ကလည်း ကြည့်ရမယ်။ အိမ်တစ်အိမ်ကို တံခါးပိတ်ပြီးပစ်သွားရင် အဲဒီအိမ် ခြ တက်မှာပေါ့။ ပျက်စီးမှာပေါ့။ ဥပမာပြောရရင် ရွာဟောင်းကြီးဆို အရမ်းလှတယ်။ ဒါပေမယ့် အဲဒီ ပေါ်တက်ခွင့်ပိတ်ထားတယ်။ လွန်ခဲ့တဲ့ငါးနှစ်က ကျောပိုးအိတ်ခရီး သွားအချို့က ပိတ်ထားတဲ့သော့ကို ရိုက်ချိုးပြီး အပေါ်ကို တက်သွားတယ်။ အဲဒါကို ကျွန်တော်တို့ကမြင်တော့ လိုက်စူးစမ်းကြည့်တဲ့အခါ တံခါးပွင့်နေတော့တက် ကြည့်လိုက်တာပေါ့။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ အုတ်ခဲကျိုးတွေ တွေ့တယ်။ မိုးရွာပြီးစိမ့်နေတာ၊ြေ>ွမအရေခွံတွေ တွေ့တယ်၊ သန့်ရှင်းနေရာကနေ ပျက်စီးတာကို သွားတွေ့တယ်။ အဲဒီတော့ စေတီတွေပိတ်မယ်ဆိုရင် အဘက်ဘက်က စဉ်းစားဖို့လိုပါတယ်။ အခုနောက်ပိုင်းကုန်းတွေ ဖော်တာကို လက်ခံပါတယ်။ အိုးထိန်းတောင်က ကြည့်တာကိုလည်း ဧည့်သည်တွေ လက်ခံတယ်။ ဒါပေမယ့် စေတီ အားလုံးကိုတော့မပိတ်စေချင်ဘူး။ ရွာဟောင်းကြီးဆိုရင် လွန်ခဲ့တဲ့ အနှစ် ၉ဝဝ ကျော်ကတည်းက အစဉ်အဆက် ဘုရားဖူးတွေတက်လာတာ။ ဒေသခံတွေက နှစ်ပေါင်းကိုးရာကျော် ထိန်းသိမ်းလာခဲ့တာပဲ။ သဗ္ဗညုလိုထုကြီးတဲ့ ဘုရားတွေ သပ်သပ်ရပ်ရပ်လေးပြင်ပြီး ပထမထပ်ပစ္စယံအထိ တက်ခွင့်ပေးလိုက်ရင်ကို တော်တော်မြင့်နေပြီ။ လူ ၃ဝဝ၊ ၄ဝဝ လောက်တော့ အေးဆေးတက်လို့ရတယ်။ ထီးလိုမင်း လို၊ စူဠာမဏိတို့ဆိုလည်း ပထမပစ္စယံလောက်အထိ တက်ခွင့်ပေးလိုက်ရင် ရွှေဆံတော်တစ်ဆူတည်း စုပြုံနေတာတွေ လျော့သွားမှာ။ တက်ခွင့်ပေးတဲ့အခါ လူဦးရေကို ကန့်သတ်၊ စေတီတွေကြံ့ခိုင်ရေးအတွက် ဦးစားပေးပြီး လုံခြုံရေးဝန်ထမ်းတွေနဲ့ စနစ်တကျလုပ်ရင် win-win situation ဖြစ်တာပေါ့။

ဒေသခံတစ်ဦးအနေနဲ့ တခြားဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပေးပါဦး။

ရေရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းအနေနဲ့ သွားတဲ့အခါမှာ ဒေသခံတွေရဲ့အသံတွေ နားထောင် ဖို့ကလည်း အရေးကြီးတယ်။ ကျွန် တော့်အနေနဲ့လည်း မြို့မိမြို့ဖတစ် ဦးဖြစ်သလို ဒေသခံတွေရဲ့စကားတွေ အမြဲကြားတဲ့အတွက် ကျွန်တော့် အသံကလည်း ဒေသခံအသံပါပဲ။ တကယ်တမ်းပိတ်ဖို့ လုပ်ပြီဆိုရင်လည်း ပုဂံက မြို့မိမြို့ဖတွေ၊ အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး ဒီ ကိစ္စက မဖြစ်သင့်ဘူးဆိုတာကို အပြုသဘောဆောင်ပြီး ဆွေးနွေးမှာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း စေတီတွေမပိတ်ခင် ကျွန်တော်တို့ ဒေသခံတွေနဲ့ တွေ့ပါဦးလို့ ပြောချင်ပါတယ်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*