”အစားတွေ သေချာစားရမယ်။ အာဟာရပြည့်အောင် စားရမယ်။ မိခင်နဲ့ကလေး ကျန်းမာရေးအတွက်ဆိုရင် အစားအသောက်ပေါ်မှာလည်း အများကြီးမူတည် တယ်”

”အစားတွေ သေချာစားရမယ်။ အာဟာရပြည့်အောင် စားရမယ်။ မိခင်နဲ့ကလေး ကျန်းမာရေးအတွက်ဆိုရင် အစားအသောက်ပေါ်မှာလည်း အများကြီးမူတည် တယ်”
December 8, 2016 Asian Fame

7:15 am
”အစားတွေ သေချာစားရမယ်။ အာဟာရပြည့်အောင် စားရမယ်။ မိခင်နဲ့ကလေး ကျန်းမာရေးအတွက်ဆိုရင် အစားအသောက်ပေါ်မှာလည်း အများကြီးမူတည် တယ်”

dr

ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရီရီလှနှင့် တွေ့ဆုံမေးမြန်းခြင်း

လူသားတစ်ဦးအဖြစ် မွေးဖွား၍ ကျန်းမာသန်စွမ်းထက်မြက်သည့် သူများဖြစ်ရန်မှာ မိခင်၏ ဝမ်းအတွင်းသန္ဓေတည် ချိန်မှစ၍ အခြေခံကျပါသည်။ မွေးဖွားလာသည့်ကလေးတစ်ဦး ကျန်းမာသန်စွမ်းစေရန်မှာ ကိုယ်ဝန်ဆောင်စဉ် အတွင်းမှပင် စတင်ဂရုစိုက်ရမည်ကို သိရှိကြသော်လည်း လိုက်နာမှု နည်းလမ်းများ လွဲချော်နေကြ သည်လည်းရှိသည်။ ထိုသို့ကိုယ်ဝန်ဆောင်စဉ် ဂရုစိုက်မှုသည် မိခင်နှင့်ကလေးနှစ်ဦးစလုံး၏ကျန်းမာရေးအတွက်လည်း ဖြစ်သည်။ ထို့ ကြောင့်ပင် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ် မည်သို့ပြုမူနေထိုင်ရမည်ကို ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရီရီလှနှင့် တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ပါသည်။

ကလေးတွေကို ပြုစုစောင့်ရှောက် မှုအပိုင်းမှာ ကိုယ်ဝန်ဆောင်စဉ်က စပြီး ဘယ်လိုပြုစုစောင့်ရှောက်သင့် တယ်ဆိုတာကို မိခင်လောင်းများ ကို အကြံပြုပေးပါဦးရှင်။

ကလေးတွေ ကျန်းမာရေးက အရေးကြီးတာပေါ့။ ဘာကြောင့်လဲဆိုရင် ကလေးတွေပြုစုတဲ့ မိခင် တွေ ကိုယ်တိုင်က လက်ဆေးမှုက အစ ကောင်းကောင်း မတတ်ကြ ဘူး။ သူတို့နှာခေါင်းကိုင်လိုက်။ ဟိုကိုင် ဒီကိုင်လုပ်လိုက် ကလေး ချက်ကို ကိုင်လိုက်လုပ်ကြတယ်။ ကျန်းမာရေးဆိုတာ မိခင်ကစပြီး ကျန်းမာရေးတတ်ရမှာပါ။ သူတို့က ကိုယ်ဝန်ဆောင်တဲ့ အခါမှာ အစား ရှောင်ကြတယ်။ အဲ့ဒီတော့ ဟိုဟာရှောင် ဒီဟာရှောင်နဲ့ ကလေးက မကြီးထွားတော့ဘဲနဲ့ ကလေးသေး သေးလေးတွေဖြစ်တယ်။ ကလေး တွေ ပျက်ကျတယ်။ အဲ့ဒီလိုမျိုးတွေ ဖြစ်ရော။ အဲ့ဒါဘာကြောင့်လဲဆိုတော့ အမေတွေကိုပဲသင် ရမှာပေါ့နော်။

ဒီလိုတွေ မဖြစ်အောင်ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သင့်တဲ့အပိုင်းတွေကိုလည်း ပြောပြပေးပါဦးရှင်။

မိခင်နဲ့ကလေးစောင့်ရှောက် ရေးအသင်းတွေကလည်း ပညာ ပေးနေကြပါတယ်။ ရုပ်သံတွေမှာနဲ့ သတင်းစာတွေ ထဲမှာလည်း ဆောင်းပါးတွေ တွေ့ရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်သလဲဆို တော့ ကျေးရွာတွေမှာ အခုထက်ထိ သိပ်မသိသေးဘူး။ အဲ့ဒီတော့ ကျေးရွာတွေအနှံ့ တောင်သူလယ် သမားတွေဆီ အရောက် ကိုယ်တိုင် လိုက်ပြီး လက်တွေ့လုပ်ပြမှရမှာ။ ဒီလိုလေး ဟိုလိုလေးဆိုပြီး စင်ပေါ် မှာလိုက်ပြီး တရားဟောနေလို့ ဘယ်ဘက်ကနားကဝင် ညာဘက် နားက ထွက်မှာပါပဲ။ လက်တွေ့ လိုက်လုပ်ပေးရမယ်။ ဆရာမကြီး တို့ လက်ထက်တုန်းက ရွာတွေထဲ အထိဆင်းပြီး အမေတွေကို သေ ချာသင်ခဲ့တာ။ အဲ့ဒီလို လက်တွေ့ လုပ်ရမှာ။

ကလေးမီးဖွားစဉ် သေးဆုံးမှုနှုန်းကျဆင်းအောင် မိခင်လောင်းတွေအနေနဲ့ ဘယ်လိုပြုမူ နေထိုင်သင့်တယ်ဆိုတာကိုလည်း ကိုယ်ဝန်ဆောင်နေကြတဲ့ အမျိုးသမီးတွေအတွက် သတိပေးစကားပြောပေးပါဦးရှင်။

ဖွားသေမှုတွေ ဖြစ်မှာပေါ့။ သူတို့တွေက ကိုယ်ဝန်စဆောင် ပြီဆိုကတည်းက အစားရှောင်ပြီ။ နောက်တစ်ခါ ကလေးမွေးပြီးလည်း အစားကို ဆက်ရှောင်ကြပြန်ပြီ ဘာမှမစားရဲဘူး။ ငါးခြောက်ဖုတ်နဲ့ ဆီနဲ့၊ ဆားနဲ့ ဒါတွေနဲ့ ပဲပြီးနေ တယ်။ အဲ့ဒီတော့ ကလေးတွေက လည်း ခုခံအားမရှိ ကာကွယ်ဆေး ကိုလည်း ထိုးချင်မှထိုး အဲ့ဒီလိုတွေ လုပ်ကြတာ။ ဆရာမကြီးတို့ ခေတ် က ကာကွယ်ဆေး ထိုးမယ်ဆိုရင် အမေတွေကို အိမ်သာထဲအထိ လိုက်ရှာရတယ်။ အိမ်သာထဲမှာ ပုန်းနေကြတာလေ။ အဲ့ဒီလိုလုပ်ပြီး ဆရာမကြီးတို့ ကယ်တင်လာကြရတာ။

ဒီလိုတွေမဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်တွေရော ကလေးငယ်ရှိတဲ့အိမ်တွေမှာရော ဘယ်လိုတွေ ပြုမူနေထိုင်သင့်တယ်ဆိုတာကိုလည်း ဆရာမကြီးအနေနဲ့ အကြံပြု ပေးပါဦးရှင်။

အဲ့ဒါ ဘာကြောင့်လဲဆိုတော့ ဗဟုသုတပညာရေးလေ။ ကျန်းမာရေးအတွက် ဗဟုသုတပညာရေးလိုတယ်။ ကလေးတွေကလည်း လုံးထွေးကစားပြီးတာနဲ့ ထမင်းဝိုင်း မှာ တစ်ခါတည်း လက်ဆေးရေဇ လုံထဲမှာ နှိုက်ဆေးပြီး ထမင်းစား ကြတော့ သူတို့မှ လက်ဆေးမှုကို မသင်ရတာ။ အဲ့ဒီကနေစပြီးတော့ အခုမှာဝိုင်းဝန်းပြီး ကူညီလုပ်နေကြတာကိုလည်း တွေ့ရတော့ ဝမ်းသာပါတယ်။ ဆက်ပြီးတိုးတက်ပါစေ လို့ဆုတောင်းပါတယ်။ ပြောချင် တာကတော့ အစားတွေ သေချာ စားရမယ်။ အာဟာရပြည့်အောင်စားရမယ်။ မိခင်နဲ့ကလေး ကျန်းမာရေးအတွက်ဆိုရင် အစားအသောက်ပေါ်မှာလည်း အများကြီးမူတည်တယ်။ အသားငါးတွေစားရမယ်။ ဟင်းသီးဟင်းရွက်တွေစားရမယ်။ သစ်သီးဝလံတွေစားရမယ်။ ကာကွယ်ဆေးတွေ မှန်မှန်ထိုးရ မယ်။ အားဆေးတွေလည်း သောက် ရမယ်လို့ အကြံပြုချင်ပါတယ်။

အိမ်စည်စိုးစံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*