”ဒါဟာ ကိုယ့်နိုင်ငံကိစ္စဖြစ်တယ်။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကိစ္စ၊ ကိုယ့်နိုင်ငံ တိုင်းရင်းသားတွေရဲ့ ကိစ္စဖြစ်တယ်။ ဒါကိုအစိုးရက အဖြေရှာပြီး မဖြေရှင်းလို့တော့ မရဘူး။ သို့သော် ဒီနေရာမှာ ငြိမ်းချမ်းစွာဖြေရှင်းရမယ် …”

”ဒါဟာ ကိုယ့်နိုင်ငံကိစ္စဖြစ်တယ်။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကိစ္စ၊ ကိုယ့်နိုင်ငံ တိုင်းရင်းသားတွေရဲ့ ကိစ္စဖြစ်တယ်။ ဒါကိုအစိုးရက အဖြေရှာပြီး မဖြေရှင်းလို့တော့ မရဘူး။ သို့သော် ဒီနေရာမှာ ငြိမ်းချမ်းစွာဖြေရှင်းရမယ် …”
December 21, 2016 Asian Fame

4:10 am
”ဒါဟာ ကိုယ့်နိုင်ငံကိစ္စဖြစ်တယ်။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကိစ္စ၊ ကိုယ့်နိုင်ငံ တိုင်းရင်းသားတွေရဲ့ ကိစ္စဖြစ်တယ်။ ဒါကိုအစိုးရက အဖြေရှာပြီး မဖြေရှင်းလို့တော့ မရဘူး။ သို့သော် ဒီနေရာမှာ ငြိမ်းချမ်းစွာဖြေရှင်းရမယ် …”

ny

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အာဏာရအစိုးရ၏ အဓိကအတိုက်အခံပါတီဖြစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့အား Popular News ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။ ပါတီဥက္ကဌဖြစ်သူ ဦးသန်းဌေး၊ နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာဝင်းအောင်ကျော်တို့အား မျက်နှာစုံညီ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းပင်။ထိုသို့ တွေ့ဆုံမေးမြန်းခွင့်ရသည်နှင့်အမျှ မိမိတို့သိလိုသည့်အချက်များ၊ ကိစ္စရပ်များကို စာဖတ်ပရိသတ်အား ပြန်လည်တင်ပြရန်အတွက် စုံလင်စွားမေးမြန်းခဲ့ပါသည်။ ထိုသို့ တွေ့ဆုံမေးမြန်းခဲ့ခြင်းများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဦးသန်းဌေး၏ ဖြေကြားချက်များကို ယခင်အပတ်က ဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအပတ်တွင်မူ နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ ဖြေကြားချက်များကို ဖော်ပြလိုက်ရပါကြောင်း။

ရခိုင်ပြည်နယ်မှာ ခုဖြစ်နေတဲ့ ပြဿနာတွေရဲ့ အစ။

အနောက်ဘက် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စကို ဒီကိစ္စက အခုမှဖြစ်တာမဟုတ်ပါဘူး။ ဒီအနောက်ဘက် ဘင်္ဂလားနယ်ကလူမျိုးတွေကို စသွင်းတာက ပထမ အင်္ဂလိပ် -မြန်မာစစ်ပွဲလောက်ကတည်းက ဗြိတိသျှက အိန္ဒိယ ကုမ္ပဏီကနေပြီးတော့ လယ်ယာလုပ်ငန်းတွေမှာ လယ်ယာလုပ်သားတွေအဖြစ် ဘင်္ဂလားနယ်က လူတွေကို ခေါ်လိုက်တယ်။ အဲဒီအချိန်ကစပြီးတော့ ဒီကိစ္စ စလာခဲ့တာ ဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ အခု အချိန်မှာ တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရာစုနှစ် နီးပါးလောက်ဖြစ်လာခဲ့တာ ဖြစ်ပါ တယ်။ ဒီကြားထဲမှာလည်းပဲ ဒေသခံတိုင်း ရင်းသား စစ်စစ်တွေဖြစ်တဲ့ ရခိုင်တိုင်းရင်း သားတွေနဲ့ အသစ်ရောက်ရှိလာတဲ့ မိမိနယ် မြေထဲကို ရောက်ရှိအခြေချလာတဲ့ ဒီလူမျိုး တွေနဲ့ ပြဿနာတက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်ကြီး မပြီးခင်လောက်တည်းက စလာ တယ်လို့ဆိုရမယ်။ ဒီနေရာမှာလည်း လူမျိုး တွေ တစ်ဖက်နဲ့တစ်ဖက် အထူးသဖြင့်တော့ ရခိုင်တိုင်းရင်းသားတွေဘက်လည်းပဲ နစ်နာ ခဲ့ရတာတွေ ခံစားခဲ့ရတာတွေ အများကြီးပဲ။ အလားတူပဲ တစ်ဖက်ကလည်း လူဦးရေ ပေါက်ကွဲနေတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ နယ်နိမိတ် ချင်းဆက်စပ်နေ ကုန်းမြေချင်းလည်းဆက် စပ်နေတယ်။မြစ်တစ်ခုလောက်ပဲ ခြားနားတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါမှာ တရားမဝင် ဝင်ရောက်မှုဆိုတာလည်း ခေတ်အဆက် ဆက်ဖြစ်ခဲ့ဖူးတယ်။

အစိုးရအဆက်ဆက် ဖြေရှင်းခဲ့မှုများအပေါ် နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့တွေ့ရှိချက်။

မြန်မာဟာ လူဦးရေအများဆုံး နိုင်ငံ ကြီးနှစ်ခုကြားထဲမှာ တည်ရှိနေတာဖြစ်တယ်။ အလားတူပဲ ကျွန်တော်တို့ အနောက်ဘက်မှာ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဆိုရင်လည်း လူဦးရေဟာ ပေါက်ဖွားမှုမြင့်မားနေတာ ဖြစ်တယ်။ နောက်ပြီး အိမ်နီးနားချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းလည်း ရှည်လျားစွာထိစပ်နေ တယ် ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့မူဝါဒတွေ ချမှတ်တဲ့အခါမှာ ဒီပေး ထားချက်တွေအပေါ်မှာ အမြဲမူတည်နေရပါ တယ်။ ပင်လယ်ပြင်ထဲမှာလည်း မိုင်ပေါင်း ၁၉ဝဝ ကျော် ရှိတယ်။ အဲဒီအထဲမှာလည်း ကျွန်တော်တို့ တကယ့်သမုဒ္ဒရာနှစ်ခုကြားကို ဖြတ်သန်းကာ ကူးသန်းရောင်းဝယ်နေတဲ့ ကမ္ဘာ့ကုန်သွယ်လမ်းကြောင်းတွေ။ ဒီနေရာ ဟာ ကမ္ဘာပေါ်မှာလည်း အရေးကြီးတာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံခြား ရေးမူဝါဒက နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးနဲ့ အချုပ်အခြာအာဏာ မိမိလက်ဝယ်မှာ ရှိရေးအတွက် အမြဲတမ်း လုပ်ဆောင်ရမယ်။ ရခိုင်ပြည်နယ်ပြဿနာကို အဲဒီအချိန်က အ စိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြဋ္ဌာန်း ပြီး ဖြေရှင်းမှုလုပ်ခဲ့တယ်။ ၁၉၈၂ ဥပဒေ ပြဋ္ဌာန်းတဲ့အထဲမှာ ဒီကိစ္စတစ်ခုတည်းနဲ့ မလုပ်ဘဲ စောစောက ကျွန်တော်ပြောခဲ့တဲ့ လူဦးရေများပြားတဲ့ နိုင်ငံကြီးတွေကြားထဲမှာ ရှိနေတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိရဲ့ (Iden-dity) မိမိရဲ့လူမျိုး မိမိရဲ့တိုင်းရင်းသားတွေကို ပပျောက်မသွားနိုင်ဖို့အတွက် ဒီ၈၂ ဥပဒေ နိုင်ငံသားဖြစ်မှုဥပဒေကို ပြဋ္ဌာန်းခဲ့တာကို တွေ့ရပါတယ်။

unsdp

ဖြေရှင်းနိုင်ခဲ့ပါသလား။

ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စမှာ ဒီတရားမဝင် ဝင်ရောက်မှုတွေ လူဦးရေ အဆမတန်တိုးပွား မှုတွေ ဒါတွေကို စိစစ်နိုင်ဖို့အတွက် ၈၂ နိုင် ငံသားဥပဒေနဲ့အညီ စစ်ဆေးပေးဖို့လိုပါတယ်။ အဲဒီမတိုင်မီ အခု ၂ဝ၁၂ ခုနှစ် ပြဿနာဖြစ် ပြီးတဲ့နောက်ပိုင်းမှာ ၈၂ ဥပဒေနဲ့ စိစစ်ဖို့ ယခင်အစိုးရက ကြိုးစားခဲ့တယ်။ သို့သော်လည်း တစ်ဖက်က ဒီအသိုင်းအဝိုင်းတွေ၊ လူမျိုးစုတွေ လူမျိုးတွေအနေနဲ့က ပူးပေါင်း ဆောင်ရွက်မှုတွေ နည်းခဲ့တာပေါ့။ မရှိသလောက်ပါ။

ဘာ့ကြောင့်လဲ။

ဒီနေရာမှာ သူတို့လူမျိုးကို ခေါ်တွင်ပုံ တစ်ခုနဲ့ ဒီနေရာမှာ သူတို့ကို သူတို့ခေါ်ထား တဲ့ ဒီနာမည်မှ မထည့်ရလို့ရှိရင် ပူးပေါင်း ဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့ ဆိုကြတယ်။ ပူးပေါင်းမှုလည်း မလုပ်ခဲ့ဘူး။ အစိုးရပိုင်းက လည်း မလိုက်လျောဘူး။ သူတို့က ဒါကို လက်မခံဘူး။ ဒီဟာမှာ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာပိုင်ဆိုင်မှုနဲ့ သက်ဆိုင်တယ်။ တိုင်းပြည်ထဲမှာ မရှိတဲ့၊ တိုင်းရင်းသားတွေ ထဲမှာ မရှိတဲ့လူမျိုး ဖြစ်နေတယ်။

ဒီကိစ္စကို အစိုးရသစ်ဘယ်လို ဖြေရှင်းသင့်လဲ။

ဒီနေရာမှာ အစိုးရပိုင်းမှာလည်း ရပ်တည်ချက် ပြတ်ပြတ်သားသားရှိဖို့ လိုတယ်။ အလားတူပဲ နယ်မြေခံတိုင်းရင်းသားတွေ အစိုးရက ဒီကိစ္စကို နိုင်ငံသား စစ်စစ်တွေနဲ့ ထဲထဲဝင်လုပ်ရမယ်။ မလုပ်နိုင်ရင် ပြဿနာ တွေ ဒီလိုပဲရှိနေလိမ့်မယ်။ ဒီကိစ္စက ပြည် တွင်းရေးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင် ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုထဲမှာ ကိုယ့်နိုင်ငံနယ်နိမိတ်အတွင်းထဲမှာဖြစ်လို့ ဒါ ဟာ ကိုယ်တိုင်ပဲဆောင်ရွက်ရမယ့် ကိစ္စပဲလို့ မြင်ပါတယ်။ ကိုယ့်အစိုးရပဲသာလျှင် ကိုယ့် ပြည်သူကပဲသာလျှင် ဆောင်ရွက်ရမယ့်ကိစ္စ ပဲလို့ မြင်ပါတယ်။ နိုင်ငံတကာက အဖွဲ့တွေ ဝင်လာရမယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါဆို ရင်တော့ မမှန်သေးဘူး သိပ်ပြီးတော့။ ဘာ ကြောင့်လဲဆိုတော့ ကိုယ့်ကိစ္စကိုယ်ရှင်းရ မယ်။ ဒါဟာ ကိုယ့်နိုင်ငံကိစ္စ ဖြစ်တယ်။ ကိုယ့်နိုင်ငံရဲ့အနာဂတ်ကိစ္စ၊ ကိုယ့်နိုင်ငံရဲ့ တည်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ကိစ္စဖြစ် တယ်။ ဒါကို အစိုးရကအဖြေရှာပြီး မဖြေ ရှင်းလို့တော့မရဘူး။ သို့သော် ဒီနေရာမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်။ ဘာသာ မတူတဲ့ အတွက်ကြောင့်မလို့ ဘာသာရေးဖိနှိပ်မှုဖြစ် တယ်ဆိုပြီး ခေါင်းစဉ်တပ်လို့တော့ မရဘူး။ အဲလိုတပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခဲ့တာပဲ ရှိ လည်းရှိတာပဲ။ ဒါဟာ မြန်မာဘုရင်တွေလက် ထက်မှာကတည်းက နန်းတော်တစ်ဝိုက်မှာ ဘာသာခြားတွေရဲ့ ဘုရားကျောင်းတွေ ဗလီ တွေ၊ ဝတ်ပြုဆောင်တွေ အမှုထမ်းတွေလည်း ရှိခဲ့တာပဲ။ ဆိုတော့ရှိခဲ့တော့ ဒီဟာဟာ မြန် မာနိုင်ငံမှာ မြန်မာတွေကနေပြီးတော့ ဗုဒ္ဓ ဘာသာတွေကနေပြီးတော့ ဘာသာရေးအရ ခွဲခြားမှုတွေ၊ ဖိနှိပ်မှုတွေလုပ်တယ် ဒါလည်း မမှန်ပါဘူး။ အခုဖြစ်နေတဲ့ ရခိုင်မှာဖြစ်နေတဲ့ ပြဿနာဟာ ဘာသာရေး အခြေမခံပါဘူး။ ဒီထဲမှာ ရောက်သွားပြီးတဲ့သူတွေကို ဥပဒေ နဲ့အညီ စိစစ်သွားပြီးတော့ အဆင့်အတန်း တစ်ခုသတ်မှတ်ဖို့ ဒီဟာစပြီး ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုဖြေရှင်းဖို့ နည်းလမ်းတွေ ရှာနေချိန်မှာ တကယ့်ကို Religious Harmony ပေါ့။ ဘာသာရေးအရသဟဇာတဖြစ်မှု။ ဒီအတွက်လည်း ဘာသာ ပေါင်းစုံ ညီညွတ်ရေးအဖွဲ့တွေနဲ့ ဘာသာ ပေါင်းစုံက ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး တော့လုပ်နေတဲ့ Process တွေလည်း ရှိထားပြီးသားပါ။

သတိထားရမယ့်အချက်တွေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်အချို့။

ဒီနေရာမှာ ထပ်ပြီးတော့ သက်ရောက် တာကတော့ အစွန်းရောက်တဲ့ ဘာသာရေး လှုံ့ဆော်မှုအပိုင်းပဲ။ ဒါတွေက နိုင်ငံတကာ မှာ ကျယ်ပြန့်နေတယ်။ ပြည်တွင်း လှုံ့ဆော်မှု တွေ ဖြစ်လာကြတယ်။ ဖြစ်တဲ့အတွက် အခု လောလော လတ်လတ် ရခိုင်ပြည်နယ်မှာဖြစ် သွားတဲ့ကိစ္စက ဒါတွေပါတာပေါ့။ အကြမ်း ဖက်မှုတွေပါမယ်၊ အကြမ်းဖက်မှုလို့ ဘာ ကြောင့်ပြောနိုင်လဲ လုပ်ရပ်တွေက အကြမ်း ဖက်လုပ်ရပ်ပဲ။ ဒီလုံခြုံရေးတာဝန်ထမ်းဆောင် နေတဲ့ စခန်းတစ်ခုကို ညအချိန်မှာ စီးနင်း တိုက်ခိုက်တယ်။ ဒီလိုလုပ်တဲ့အခါမှာ ကိုင်ဆောင်တဲ့လက်နက်တွေက ဓားတွေ၊ လှံတွေ ကိုင်ဆောင်တယ်။ သေနတ်တွေ မကိုင် ဆောင်လို့ ဒါကိုအကြမ်းဖက်မှုမဟုတ်ဘူးလို့ ပြောလို့မရဘူး။ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ ဝင်တွေကို အသေသတ်ပြီးတော့ စီးနင်း တိုက်ခိုက်သွားတဲ့ကိစ္စက ဒါကြိုတင်ကြံစည်မှု တစ်ခုပဲ။ ဒီလူတွေကို ကျွန်တော်တို့က အ ကြမ်းဖက်သမားလို့ ရဲရဲတင်းတင်း လက်ခံရ မယ်။ သူတို့တွေကို ရှုတ်ချရမယ်၊ အကြမ်း ဖက်လုပ်ရပ်တွေကို တိုက်ဖျက်ရမယ်။ ဘာ ကြောင့် ရှုတ်ချလဲဆိုလို့ရှိရင် ဘာသာရေးကို အခြေခံပြီး အကြမ်းဖက်မှုတွေကို အသက် သွင်းလာတာဖြစ်တယ်။ သွတ်သွင်းလာတာ ဖြစ်တဲ့အတွက် ဒီကျေးရွာတွေမှာ နေထိုင်တဲ့ သူတွေလည်းပါတယ်။ အပြင်ကနေ ဝင်လာ တဲ့လူတွေလည်း ပါတယ်။ ပြီးရင် စခန်းတွေ မှာ နေထိုင်တဲ့သူတွေလည်း ပါတယ်။ ဒီလူတွေ အကုန်လုံးကို ကျွန်တော်တို့က အရပ် သားလို့ သတ်မှတ်ဖို့ဆိုတာမျိုးက တော်တော် လေးကို ခွဲခြမ်းစိတ်ဖြာရမယ်။ အခုအချိန်မှာ တော့ ပြည်ထဲရေးက စနစ်တကျစိစစ်တာတွေ လုပ်နေတယ်ဆိုတဲ့ အနေအထားတွေကိုတွေ့ ရတယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီမှာဖြစ် နေတဲ့ကိစ္စတွေကို လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဆိုပြီးတော့ ပြင်ပကနေ ကျယ်ကျယ်လောင်လောင် အော်နေတာတွေကတော့ ကျွန်တော်တို့ကလုံးဝလက်ခံနိုင်စရာ မရှိဘူး။ ဘယ်သူက တော့လာရှင်းပေးပါ ဘယ်ခုံရုံးကတော့ လုပ် ပေးပါဆိုတာမျိုးကို ကျွန်တော်တို့က နိုင်ငံ အနေနဲ့ ဘယ်နည်းနဲ့မှ လက်မခံသင့်ဘူး။ လက်ခံနိုင်စရာလည်းမရှိဘူး။ ဒါကြောင့် ဒီ ကိစ္စကို ကျွန်တော်တို့ ပြည်တွင်းထဲမှာပင် ရှင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ်။ ဒါကတော့ ရခိုင်နဲ့ ပတ်သက်တာတွေပါ။

ရှမ်းမြောက်ဒေသမှာဖြစ်တဲ့ တိုက်ပွဲအချို့ အပေါ် မြင်တဲ့အမြင်။

ရှမ်းမြောက်ပိုင်းမှာ ဖြစ်နေတဲ့ဟာ အ လားတူပါပဲ။ ငြိမ်းချမ်းရေး Process သွားနေတယ်။ NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ တွေရှိတယ်။ ဒီကြားထဲကနေမှ ဒီငြိမ်းချမ်း ရေးဆွေးနွေးနေဆဲကာလမှာမှ အသစ်ပေါ် ပေါက်လာတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ KIA နဲ့ကနေပြီး တော့ ဒီအချိန်ဒီအခါမှာ တိုက်ပွဲတွေပေါ်လာ တယ်၊ ယခင်တုန်းက သူတို့တွေရဲ့ စစ်ဆင် ရေးတွေကို ပြည်သူလူထုနဲ့ မသက်ဆိုင်တဲ့နေ ရာတွေမှာသာ လုပ်ကြတယ်။ သူတို့ရဲ့ခြေ ကုပ်စခန်းတွေရှိတယ်။ ဒီလိုနေရာတွေမှာပဲ စစ်ပွဲတွေဖြစ်ကြတယ်။ အခုက ဒီလိုမဟုတ် တော့ဘဲနဲ့ မြို့တွေ ပြတွေ။ တကယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးဇုန်လို နေရာမျိုး ကိုဝင်လာတယ်။ စစ်နဲ့ မပက်သက်တဲ့ ပြည် သူတွေ အသက်အိုးအိမ်စည်းစိမ်တွေထိခိုက် လာတယ်။ အဓိကကတော့ ဆက်သွယ်ရေး လမ်းကြောင်း ကုန်သွယ်ရေးနယ်စပ်ကုန် သွယ်ရေးလုပ်နေတဲ့ ဆက်သွယ်ရေးလမ်း ကြောင်းကို အနှောင့်အယှက်ဖြစ်စေတာပဲ။ အဲဒီမှာရှိတဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဒုက္ခပေးလာတယ်။ ဒါဟာလည်း အကြမ်းဖက်လုပ်ရပ်ပဲ။ ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်မှုပြုတာ ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်။ အကြမ်း ဖက်မှုကို ကျူးလွန်ရခြင်းသည် စစ်ရေးဆိုင် ရာ ပစ်မှတ်တွေမဟုတ်ဘဲနဲ့ အရပ်သားတွေ ကို ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ် လာတဲ့ စစ်ရေးလှုပ်ရှားမှုဟာ အကြမ်းဖက်မှု ပဲ။ ဒါကြောင့်မလို့ ဒါကို တပ်မတော်အနေနဲ့ လည်း ဒါ ပြင်းပြင်းထန်ထန် ချေမှုန်းရမယ့် အနေအထား ဖြစ်တယ်။ မုံးကိုးလို နေရာမှာ လည်း အရပ်သားတွေလည်း ရှိတယ်။ ဒီလို နေရာတွေမှာ အရပ်သားနဲ့ရောထွေးပြီးတော့ အရပ်သားတွေကို လူသားဒိုင်းအဖြစ်နဲ့ အ သုံးပြုခဲ့တာတွေရှိတာကိုတွေ့ရတယ်။ ကွတ် ခိုင်လိုနေရာမျိုး နောက်တစ်ခါ မူဆယ်လို နေရာမျိုးမှာ အရပ်သားတွေကို ပစ်ခတ်တာ တွေရှိပါတယ်။ နောက်လမ်းကြောင်းပေါ်မှာ ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာ တံတားတွေကို ဗုံးခွဲ ဖျက်ဆီးတာတွေရှိပါတယ်။ ဒီဟာတွေ အများပြည်သူရဲ့လုံခြုံမှုကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ ဒါ ကို တပ်မတော်အနေနဲ့ အချိန်တိုအတွင်းမှာ ပြီးပြတ်အောင် ပြင်းပြင်းထန်ထန် အင်အား သုံးပြီး ဖြေရှင်းနေတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တပ်မတော်အနေနဲ့ ရခိုင်ဘက် မှာရော ဒီဘက်မှာပါ အင်အားကို တတ်နိုင် သမျှ ထိန်းသိမ်းပြီးတော့ သုံးနေတယ်ဆိုတဲ့ လက္ခဏာတွေကို တွေ့နေရပါတယ်။

အရပ် သားတွေ လုံးဝမထိခိုက်စေရအောင် စစ်နဲ့ မပက်သက်တဲ့ မထိခိုက်အောင် ဆောင်ရွက် နေတဲ့အနေအထား ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုတပ်မတော်ကထိန်းသိမ်းပြီး ဆောင်ရွက် နေတာကို ကျွန်တော်တို့ ပြည်သူလူထုက လည်း သိရှိဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တပ်မတော်က ပြည်သူလူထုရဲ့ အသက် အိုး အိမ်စည်းစိမ်ကို ကာကွယ်ပေးနေတယ်ဆို တာကို ပြည်သူလူထုက သိရှိနားလည်ဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ထောက် ခံမှု ကျောထောက်နောက်ခံပြုမှု ဆိုတာက လည်းအရေးကြီးပါတယ်။ ပြည်သူ လူထုဆို တဲ့နေရာမှာ အစိုးရပိုင်းလည်း ပါပါတယ်။ တပ်မတော်သည် ပြည်သူလူထုရဲ့အသက် အိုးအိမ်ကို ကာကွယ်ရင်းနဲ့ အစိုးရကိုလည်း ကာကွယ်နေရတာဖြစ်ပါတယ်။ ဆိုတော့ အစိုးရရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ် တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေ ရမယ့်အနေအထားဖြစ်တယ်။ ကောင်းလည်း ကောင်းမွန်ရပါမယ်။ တပ်မတော်ဘက်က တော့ ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ပက်သက်လို့ ရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြပြီးတဲ့အခါမှာ လိုအပ်ချက်တွေကို ဆောင်ရွက်နေတယ်လို့ မြင်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ။

အဓိကကတော့ လုပ်နေတဲ့ ငြိမ်းချမ်းရေး Process ကို မထိခိုက်ဖို့ရယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်နိုင်ဖို့ရယ် ဒီရာစုနှစ်တစ်နှစ် နီးနီးတစ်ဝက် ကျော်လာပြီဖြစ်ပါတယ်။ ရာစုနှစ်တစ်ဝက်ကို ကျော်လာတဲ့အထိဟာ ပြည်တွင်းသောင်းကျန်းမှုဟာ ချုပ်ငြိမ်းဖို့ အချိန်သင့်တာကြာလှပါပြီ။ တစ်ချိန်တစ်ခါမှာ ကျွန်တော်တို့တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းစီနဲ့ ငြိမ်းချမ်းရေးတွေလုပ်ခဲ့လို့ အတိုင်းအတာတစ်ခုအထိ ပြည်သူလူထုအ နေနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားနေရ တဲ့အချိန်မှာပဲ တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာ တယ်။ ဒါဟာ မကောင်းတဲ့အလားအလာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုရှိရှိနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရမယ့် အနေအထားဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ်ကို ဆွဲကိုင်ပြီး တော့ ဒီလိုပဲ တိုက်နေခိုက်နေ ကြမယ်ဆိုရင် တော့ သံသရာရှည်နေဦးမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ကာကွယ်နေရဦး မယ်လို့မြင်ပါတယ်။ ဆိုတော့ တပ်မတော်ဆို တာကလည်း ပြည်သူလူထုက ပေါက်ဖွားလာ တာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထား တာ။ ပြီးခဲ့တဲ့ အပတ်တုန်းကပဲ စစ်တက္က သိုလ်ကျောင်းဆင်းပွဲမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်မတော်သို့ဝင်လာလိုသော အမှုထမ်းလိုတဲ့ မည်သည့် တိုင်းရင်းသားမဆို စည်းကမ်းဥပဒေကို နည်းလမ်းတကျလိုက်နာ လို့ရှိရင် တပ်မတော်က လက်ကမ်းကြိုဆိုပါ တယ်ဆိုတဲ့စကားကို လက်ဆောင်ပါးထား တာရှိပါတယ်။ ဒါကြောင့်မလို့ တပ်မတော်က တိုင်းရင်းသား တပ်မတော်ဖြစ်တယ်။ တိုင်း ရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ နောက်တစ်ခုက လက်နက်ကိုင်တပ်မတော် အနေနဲ့ နိုင်ငံတစ်နိုင်ငံမှာ တစ်ခုပဲရှိရမယ်။ ဒါဟာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် အနေနဲ့ ပွင့်ပွင့်လင်းလင်းတိတိကျကျ ကျောင်း ဆင်းပွဲ မိန့်ခွန်းမှာ ပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကို ဘယ်လို မြင်ရလဲ။

မြန်မာဟာ လူဦးရေအများဆုံး နိုင်ငံ ကြီးနှစ်ခုကြားထဲမှာ တည်ရှိနေတာဖြစ်တယ်။ အလားတူပဲ ကျွန်တော်တို့ အနောက်ဘက်မှာ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆိုရင်လည်း လူဦးရေဟာ ပေါက်ဖွားမှု မြင့်မားနေတာဖြစ် တယ်။ နောက်ပြီး အိမ်နီးနားချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်လည်း ရှည်လျားစွာထိစပ်နေ တယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ မူဝါဒတွေ ချမှတ်တဲ့အခါမှာ ဒီပေး ထားချက်တွေအပေါ်မှာ အမြဲမူတည်နေရ ပါတယ်။ ပင်လယ်ပြင်ထဲမှာလည်း မိုင်ပေါင်း ၁၉ဝဝ ကျော်ရှိတယ်။ အဲဒီအထဲမှာလည်း ကျွန်တော်တို့ တကယ့်သမုဒ္ဒရာ နှစ်ခုကြား ကို ဖြတ်သန်းကာ ကူးသန်းရောင်းဝယ်နေတဲ့ ကမ္ဘာ့ကုန်သွယ်လမ်းကြောင်းတွေ။ ဒီနေရာ ဟာ ကမ္ဘာပေါ်မှာလည်း အရေးကြီးတာဖြစ် တယ်။ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တွေရဲ့ နိုင်ငံခြားရေးမူဝါဒက နိုင်ငံ အဓွန့် ရှည်တည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာ အာ ဏာ မိမိလက်ဝယ်မှာရှိရေးအတွက် အမြဲ တမ်း လုပ်ဆောင်ရမယ်လို့ ထင်မြင်ပါတယ်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*