ထားဝယ်ရှိ ဘုတ်ကျွန်းခရီးစဉ်များ တရားဝင်သွားလာခွင့် မရသေး

ထားဝယ်ရှိ ဘုတ်ကျွန်းခရီးစဉ်များ တရားဝင်သွားလာခွင့် မရသေး
April 5, 2017 Asian Fame

3:45 pm
ထားဝယ်ရှိ ဘုတ်ကျွန်းခရီးစဉ်များ တရားဝင်သွားလာခွင့် မရသေး

Dawei

မှူးအိမ်ဇော်
ထားဝယ်၊ မတ် ၃၁

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ တစ်ဆင့်သွားရောက်ရသော ဘုတ်ကျွန်းခရီးစဉ်များကို တရားဝင်သွားခွင့်ပေးထားခြင်း မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ပင်လယ်ရေအောက်အလှများဖြင့် လူသိများလာသော ဘုတ်ကျွန်းသို့ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာသောကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများဖြင့် တရားဝင်သွားရောက်ခွင့် မရှိသေးသော်လည်း လိုက်လံပို့ဆောင်နေမှု များ ရှိနေသည်။

”ဘုတ်ကျွန်းဘက်က တပ်မတော်ဘက်ကလည်း သွားခွင့်မပေးဘူး။ ကျွန်းပေါ်တော့ တက်လို့မရဘူး။ ကျွန်းနားထိတော့ သွားကြတယ်လို့ ပြောတာပဲ။ တရားဝင်တော့ ခွင့်မပြုဘူးပေါ့နော်” ဟု တနင်္သာ ရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ လုပ်ငန်းလိုင်စင်ရှိပြီးသား ခရီးသွားလုပ်ငန်းများအနေဖြင့် ခရီးသွားလှည့်လည် ခွင့်လိုင်စင်နှင့်လှေလိုင်စင်များ လုပ်ဆောင် ပြီးမှသာ တရားဝင်လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် လိုင်စင်မရှိသည့် လုပ်ငန်းများအနေဖြင့် အထက်မှညွှန်ကြားချက်ရလာပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ထားဝယ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းပေါင်း ၁၄ ခုရှိပြီး လက်ရှိအချိန်အထိ ခရီးလှည့်လည်ရေးလိုင်စင်ရရှိသည့် လုပ်ငန်းအနည်းငယ် သာရှိပြီး ခရီးလှည့်လည်ရေး လိုင်စင်မရှိ သေးသည့် လုပ်ငန်းများ ရှိနေသေးကြောင်း သိရသည်။ ”စမ်းလှမ်းဘက်ကထွက်တဲ့ လှေတွေကိုတော့ အဲ့ဒီဘုတ်ကျွန်းဘက်ကိုဖြတ်မယ်ဆိုရင် တပ်မတော်(ရေ)ရဲ့ ခွင့်ပြုချက်ရမှ ဖြတ်သန်းခွင့်ရတာပါ” ဟု ဘုတ်ကျွန်းခရီးစဉ်သွားရောက်ဖူးသူ ကိုရန်နောင်က ပြောသည်။မြို့တွင်းခရီးသွားလုပ်ငန်းအများစုအနေဖြင့် ဘုတ်ကျွန်းခရီးစဉ်ကို လောင်းလုံး မြို့နယ် စမ်းလန်းကျေးရွာမှ ထွက်ခွာလေ့ရှိ ကြောင်းသိရပြီး ထားဝယ်ခရိုင်အတွင်း၌ မျှော်ရစ်၊ သင်္ဘောဆိပ်နှင့် မောင်းမကန်တို့ မှလည်း ဘုတ်ကျွန်းသို့ လှေများဖြင့်ပို့ ဆောင်ပေးလျက်ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*