ဂူးဂူးဟေမာန် နှင့် တွေ့ဆုံခြင်း

ဂူးဂူးဟေမာန် နှင့် တွေ့ဆုံခြင်း
February 24, 2017 Asian Fame

11:25 am
ဂူးဂူးဟေမာန် နှင့် တွေ့ဆုံခြင်း

GuGuHayManအဆိုတော် ဂူးဂူးဟေမာန်သည် ၂ဝဝ၆ ခုနှစ်တွင် ‘မေ့မရတဲ့နေ့စွဲများ’ ပထမ တစ်ကိုယ်တော်ခွေ ထွက်ရှိပြီး နောက် အချစ် သီချင်း စုံတွဲခွေများ၊ သင်္ကြန် စုံတွဲခွေ များ သာ ထွက်ရှိခဲ့သည်။ ပထမမြောက် တစ် ကိုယ်တော်အခွေ ထွက်ပြီး ၁၁ နှစ်အကြာတွင် ဒုတိယမြောက် အခွေထွက်ရန် ပြင်ဆင် နေပြီဖြစ်သည်။ ၄င်း၏ ဒုတိယ တစ်ကိုယ် တော်ခွေဖြစ်သည့် ‘မဆိုးပါဘူးမောင်’ နှင့် ပတ်သက်၍ ဂူးဂူးဟေ မာန် နှင့်တွေ့ဆုံမေး မြန်းခဲ့သည် ကို ဖော်ပြလိုက်ပါသည်။

‘မေ့မရတဲ့နေ့စွဲများ’ တစ်ကိုယ်တော် အခွေ ထွက်ပြီး ၁၁နှစ် အကြာဖြစ်တဲ့ အခုမှ ဒုတိယ အခွေကို လုပ်ဖို့ စီစဉ်နေတယ် လို့ သိရတယ်။ ဒီအခွေထွက်ဖို့ စီစဉ်ဖြစ်ပုံကိုလည်း ပြော ပေးပါဦး။

စီးပွားရေး လုပ်ငန်းတွေ၊ နယ်ဖျော် ဖြေပွဲတွေအပြင် ပရဟိတပွဲတွေကြောင့် တစ်ကိုယ်တော်ခွေ ထုတ်ဖို့ အချိန်မရတာနဲ့ နှစ်တွေ အများ ကြီး ကွာဟသွားတယ်။ ဒီ ကြားထဲမှာတော့ အတွဲခွေ ထွက်ဖြစ်တယ်။ သင်္ကြန် အတွဲအခွေတွေ လည်းထွက်တော့ ထွက်ဖြစ်တယ်။ တစ်ကိုယ်တော် အခွေကျ တော့ အချိန်ရော၊ ငွေအားရော၊ လူအား ရောထည့်နိုင်မှ အခွေကောင်းကောင်း လေးထွက်မှာ။ အဲ့ဒီအတွက် ဂူးဂူးက အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။ အဲဒါ ကြောင့် ကြာသွားတာပါ။ အခု ၁၁ နှစ် လောက်မှ နောက်တစ်ခွေကို ထုတ်တယ်ဆို တော့ ပရိသတ်တွေ အတွက် အစိမ်းဖြစ်နေ မလားပေါ့။ ဂူးဂူးကို သိထားပြီး အားပေး ထားတဲ့ ပရိသတ်တွေ ကတော့ အမြဲမှတ်မိ ပါတယ်။ ဈေးကွက်ကို ကြည့်ပြီးထုတ်ရင် ထုတ်ဖြစ်မှာ မဟုတ်တာတော့ သေချာ တယ်။ အခုက ဖျော်ဖြေရေးတွေ လက်တစ် ကမ်းမှာ လွယ်လွယ်ကူကူ ရတယ်လေ။ အနုပညာရှင် တစ်ယောက်အနေ နဲ့ ဂူးဂူးကို အားပေးတဲ့ ပရိသတ်တွေ ရှိနေသေးတယ် ဆိုတာသိလို့ အမှတ်တရ ဖြစ်အောင် ထုတ် လိုက်တာပါ။

အခွေနာမည် ကိုလည်း ပြောင်းလိုက်တယ် လို့ သိရတယ်။ ဘာဖြစ်လို့ ပြောင်းလဲလိုက် တာလဲ ဆိုတာ ကိုလည်း ပြောပေးပါဦး။

အခု ဒုတိယခွေ ကို ကြိတ်ပြီး လုပ်တာ ကြာပြီ။ သုံးနှစ်လောက် ရှိပြီ။ သီချင်းက အားလုံးပြီးနေပြီ။ DVD ထွက်မယ်ဆိုတော့ သရုပ်ဆောင်တွေ ကိုပဲ သုံးထားတယ်။ ခေါင်းစဉ် အပြောင်းအလဲ လုပ်ထားတယ် ဆိုတာက အစကတော့ ‘မဆိုးပါဘူး လို့ ပေးထား တယ်။ နောက်ထပ် ‘မောင်’ သီချင်း တစ်ပုဒ် ထပ်ထည့်လိုက်တော့ အဲဒီ ‘မောင်’သီချင်းကို ဆိုရင်းကြိုက်သွားတယ်။ အဲဒါနဲ့ ခေါင်းစဉ်ကို ‘မောင်’ ထပ် ထည့်လိုက်ပြီး ‘မဆိုးပါဘူး..မောင်’ လို့ပြောင်းလိုက်တယ်။ နောက်ပြီး ဒီအခွေစီစဉ်ထားတဲ့ ထဲက ၁၄ ပုဒ် မှာ သီချင်းသုံးပုဒ် ကိုလည်းပြန်ချိန်းမယ်။

ပြန်ချိန်းမယ့် သီချင်းတွေ အကြောင်းလည်း ပြောပြပေးပါဦး။ ကိုယ်တိုင် တေးရေး တေးဆို လုပ်ထားတဲ့ သီချင်းပါလား။

ဂူးဂူးက သီချင်း ရေးချင်တယ်။ ဒါပေ မယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးဘူး။ အဲဒီတော့ တေးရေးတွေဆီမှာပဲ ကိုယ့်ခံစား ချက်တွေ၊ ကိုယ်လိုချင်တဲ့ ပုံစံတွေကို ပြော ပြီးရေးခိုင်းတယ်။ အခု အစားပြန်ထိုးမယ့် သီချင်းတွေက အသစ် မဟုတ်ဘူး။ ဂူဂူး အားကျ ပြီး လေးစားခဲ့ရတဲ့ အဆိုတော် မဟေမာနေဝင်း သီချင်း ၂ ပုဒ် ပြန်ထည့် မယ်လို့ စဉ်းစားထားတယ်။ အခုရွေးနေ တုန်းပါပဲ။ အခွေ ကိုတော့ ဒီနှစ်ထဲ မှာတော့ ထွက်ဖြစ်မယ်။ ထူးထူးခြားခြား ကတော့ မရှိဘူး။ ဒါပေမယ့် အရင်အခွေလို မဟုတ်ဘဲ ဒီအခွေမှာ အ တွဲလေးတွေပါမယ်။ ရိုက်ကူးမှုမှာ လည်း နိုင်ဇော်(Lazy Club) ဒါရိုက်တာ လုပ်ပေးတာပါတယ်။ ကျန်တာ ကတော့ ဒါရိုက်တာ၊ အဆိုတော်၊ သရုပ် ဆောင် အစုံပါတယ်။

ပထမအခွေ ထုတ်တုန်းက အမြတ်အစွန်း ကျန်တယ်လို့ ပြောဖူးတယ်နော်။ ဒီခေတ်က သီချင်းခွေ ထွက်ရင် အမြတ်ကျန်ဖို့ မလွယ် တော့ အခုလုပ်မယ့် ဒုတိယ အခွေကိုရော ဘယ်လိုမျှော်လင့်ထားလဲ။

ခု အခွေထုတ်တယ် ဆိုတာလည်း အမြတ်တွေရလို့ ထုတ်တာ မဟုတ်ဘူး။ ဂူးဂူး ကကိုယ့်ပိုက်ဆံ ကိုယ်ပိုက်ပြီး ထုတ်ရတဲ့ အဆိုတော် မျိုးပါ။ ချမ်းသာလို့ လုပ်တာ မဟုတ်ဘူး။ ဝါသနာပါလွန်း လို့လုပ်တာ။ အခွေစလုပ် တုန်းကဆို ဝိုင်းပြောတာပေါ့။ အဆိုတော် ခေတ်ပျက်မှ ခေါင်း ဝင်ထိုးတာတဲ့။ ဝါသနာက တား မရဘူးလေ။ အခွေတစ်ခွေ ထုတ်လိုက် တာနဲ့ ရှိတာ အကုန် ကုန်တဲ့ ခေတ်မှန်းသိ တယ်။ အမြတ် ဆိုတာပြန်ရဖို့ လုံးဝ မမြင်ပါဘူး။ ပထမအခွေတုန်း ကတော့ ပရိသတ်တွေ အားပေးမှု၊ ချစ်ခင်မှု အဲဒီ အမြတ်တွေတော့ ပြန်ရတယ်။ အရင်း လည်းပြန်ရပါတယ်။ ဒုတိယ အခွေကို လည်း ရှိတာလေးတွေနဲ့ ကိုယ့်ဟာ ကိုယ် ထုတ်တယ်။ အဲဒီတော့ အမြတ်ရဖို့ ဆိုတာ မလွယ်ဘူး။ အခုက အဆိုတော်တွေ အများ ကြီးပေါ်လာပြီလေ။အရင်ကလို တစ်ယောက် ဆိုတစ်ယောက်ခေတ် မဟုတ်တော့ဘူး။ သီချင်းပြိုင်ပွဲတွေ မှာလည်း တကယ် ပါရမီ ရှိပြီး ထူးချွန်တဲ့ ကလေးတွေ ပေါ်လာတာ အများကြီး ဆိုတော့ ဂူးဂူးတို့က ဒီအနုပညာ ကို ဝါသနာ အနေနဲ့၊ ကိုယ့်ဘဝ မှတ်တိုင် တစ်ခု အနေနဲ့ပဲ ထုတ်တာပါ။

အခု အနုပညာ အလုပ်တွေ ပြန်လုပ်တော့ မယ်ဆိုတော့ စီးပွားရေး ဘက်ရော ဘယ်လို စီစဉ်ထားလဲ။

စီးပွားရေး ကိုလည်း ပုံမှန်ပဲဆက်လုပ် မယ်။ လောဘတွေ လျှော့ပြီးတော့ လုပ် နိုင်သလောက်ပဲ လုပ်တော့မယ် ဆုံးဖြတ် ထားတယ်။ ကိုယ့်ဘေးနားက ဖြစ်ပျက်နေ တာတွေကို ကြည့်ပြီး နေ့တိုင်းဆင်ခြင် မိတယ်။ ကိုယ်တွေ သေသွားရင် ဒီ ပစ္စည်းဥစ္စာ တွေ ကို သယ် သွားလို့ မရဘူး။ ဒီ တော့ လုံလောက်နေရင် တော်ပြီ။ ဘုရားအလုပ် ကိုပဲ ပိုလုပ်မယ်။ အဲဒီတော့ စီးပွားရေး ကိုလည်း လုပ်သင့် လုပ်ထိုက်တာ လုပ်မယ်။ ဝါသနာပါတဲ့ အနုပညာကိုလည်း လုပ် နိုင်သလောက် လုပ်မယ်။ လိုအပ်နေတဲ့ နေရာမှာ ပရဟိတ အဖြစ်ပါဝင်မယ်။ မျှမျှတတပဲ လုပ်တော့မယ်။

အကျဉ်းထောင် သာသနာ ပရဟိတလည်း ပါဝင်ဖြစ်တယ်နော်။ အဲ့ဒီလို လုပ်ပေးရ တဲ့အခါမှာ ဂူးဂူးရဲ့ခံစားချက် ကို လည်း ပြောပြပေးပါဦး။

အဓိက ကတော့ ဒီနှစ်တွေထဲမှာ ပရဟိတကို တော်တော် လုပ်ဖြစ်တယ်။ လုပ်ဖြစ်တယ် ဆိုတာကလည်း လိုအပ်တဲ့ နေရာ မှာပါဝင်ပေး ပါလို့ ခေါ်ရင် ချက်ချင်း လိုက်ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်က အခုလို ပြုပြင်ပြောင်းလဲ ခါစ အချိန်မှာ လိုအပ် တဲ့နေရာတွေ က များတယ်။ အထူးသဖြင့် ဂူးဂူး လုပ်ခဲ့တဲ့ ပရဟိတက အကျဉ်းထောင် သာသနာပြု မှာ ပါဝင်ဖြစ်တယ်။ အဲဒါက ဆရာ ရန်နိုင် ကဦးဆောင်ပြီး လုပ်တာပါ။ အကျဉ်း ထောင်ထဲ ရောက်တော့ သူတို့ ဘဝတွေ ကိုဂူးဂူး လေ့လာမိတယ်။ မိဘမဲ့၊ ဘိုးဘွား ရိပ်သာနဲ့ သဘာဝ ပတ်ဝန်းကျင် ကြောင့် ဖြစ်ပျက်နေတဲ့၊ ဒုက္ခဘေး ရင်ဆိုင် နေရ တဲ့ လိုအပ်သူတွေ အတွက်၊ စစ်ဘေး ဒုက္ခခံစားနေရတဲ့ သူတွေ အတွက် မှာ ဂူးဂူး တို့ အနုပညာ သမားတွေက အများဆုံး ပါဝင်ဖြစ်ကြတယ်။ ထောင်သာသနာ ကျတော့ ဝင်ချင်တိုင်း လုပ်ပေးချင်တိုင်း မရဘူးလေ။ တကယ့်ကို နောင်တရပြီး လွတ်မြောက်ချင်တဲ့ သူတွေရှိတာ တွေ့ရ တယ်။ တကယ်ကိုမှ မေတ္တာကို လိုအပ် သူ တွေ တွေ့ရတယ်။ တချို့က စိတ်ဓာတ်ကျ တယ်။ အားပေး စကားပြောလိုက်တဲ့ အချိန်မှာ သူတို့ အနာဂတ် သူတို့မျှော်လင့် ချက်တွေ ပြန်ပြီး ရှိလာတာ တွေ့ရတယ်။ အဲ့ဒီမှာ ဂူးဂူး သူငယ်ချင်း တစ်ယောက်နဲ့ လည်းတွေ့ခဲ့ပါတယ်။ စိတ်မကောင်းဘူး။ ငှက်အော်စမ်း ကလူငယ် သင်တန်းကျောင်း မှာလည်း အမြဲ ပါဝင်ဖြစ်တယ်။ အဲ့ဒါက တော့ လုပ်သမျှ ပရဟိတထဲမှာ ဂူးဂူးအတွက် ထူးခြားတယ်လို့ ပြောလို့ရတယ်။

ထူးထူး မေးမြန်းတင်ဆက်သည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*