ဆီးချို သွေးချိုရောဂါ ထိန်းချုပ်ရန် အခြားဝန်ကြီး ဌာနများပါပူးပေါင်းလုပ်ဆောင်ရန်လိုဟုဆို

ဆီးချို သွေးချိုရောဂါ ထိန်းချုပ်ရန် အခြားဝန်ကြီး ဌာနများပါပူးပေါင်းလုပ်ဆောင်ရန်လိုဟုဆို
November 2, 2016 Asian Fame

7:45 am
ဆီးချို သွေးချိုရောဂါ ထိန်းချုပ်ရန် အခြားဝန်ကြီး ဌာနများပါပူးပေါင်းလုပ်ဆောင်ရန်လိုဟုဆို
In Health

ဆီးချို သွေးချိုရောဂါ ထိန်းချုပ်ရန် အခြားဝန်ကြီး ဌာနများပါ ပူးပေါင်းလုပ်ဆောင်ရန်လိုဟုဆို

ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၂၈

ဆီးချို သွေးချိုရောဂါ ထိန်းချုပ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့်အတူ အခြားဝန် ကြီးဌာနများကပါ ပူးပေါင်းလုပ်ဆောင်ရန်လိုပြီး အစားအသောက် ဥပဒေများ စနစ်တကျ ပြဋ္ဌာန်းထိန်းချုပ်သင့်သည်ဟု မြန်မာနိုင်ငံ ဆီးချိုသွေးချိုအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာတင့်ဆွေက ပြောသည်။

ဆီးချိုသွေးချို ရောဂါသည် လူနေမှု ဘဝပုံစံများ၊ အစားအ သောက်များနှင့် သက်ဆိုင်နေ သည့် ရောဂါတစ်ခု ဖြစ်သော ကြောင့် ကျန်းမာရေးနှင့် ညီညွတ် သည့် နေထိုင် စားသောက်မှု ဖြစ် စေရန် အစိုးရက ဝိုင်းဝန်းဆောင် ရွက်သင့်ပြီး ကျန်းမာရေးနှင့် မညီညွတ်သည့် စားသောက်ကုန် များ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း များကို လျှော့ချခြင်း၊ အခွန်တိုး ကောက်ခြင်းများဖြင့် ထိန်းချုပ် နိုင်ကြောင်း ၎င်းကပြောသည်။

”ဘာလို့ လဲဆိုတော့ မြန်မာ နိုင်ငံမှာက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစားအစာတွေက အလွယ်တကူ ဝယ်ယူစားသောက် နေလို့ ရတယ်။ လူငယ်တွေဆိုလည်း ဆေးလိပ်တွေ၊ အရက်ဘီယာတွေ ကို အလွယ်တကူ ဝယ်ယူလို့ ရနေ တဲ့အတွက် ရောဂါတွေက အလွယ်တကူ ဖြစ်နေတာပါ။ ဒါတွေကို ထိန်းချုပ်ဖို့ဆိုရင် အစိုးရအနေနဲ့ မူဝါဒတွေချမှတ်သင့်တယ်၊ ညွှန် ကြားချက်တွေ၊ ဥပဒေတွေနဲ့ လုပ် သင့်ပါတယ်” ဟု ၎င်းက ပြောသည်။ထို့ ပြင် ဆီးချိုသွေးချိုရောဂါ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ နေ့စဉ်ပုံမှန်ကိုယ်ကာယလှုပ်ရှားမှု ပြုလုပ်သင့်ကြောင်း၊ TV ကိုလည်း ၂ နာရီထက် ပိုမကြည့် သင့်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင်း၌ပင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းထားကို အချိုးချတွက်ချက်ကြည့်ပါက ရန်ကုန်မြို့သည် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ စားသောက်မှုပုံစံမှာ များစွာ မှား ယွင်းနေခြင်းကြောင့် ဖြစ်ကြောင်း၊ အဆိုပါရောဂါ၏ နောက်ဆက်တွဲ အနေဖြင့် စိတ်ကျရောဂါ ဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*