GAP စနစ်ဖြင့်စိုက်ပျိုးထားသည့် လယ်ယာထွက်ကုန်များကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် အစိုးရအပိုင်းမှ အကူအညီပေးမည်

GAP စနစ်ဖြင့်စိုက်ပျိုးထားသည့် လယ်ယာထွက်ကုန်များကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် အစိုးရအပိုင်းမှ အကူအညီပေးမည်
November 7, 2017 Asian Fame

5:52 pm
GAP စနစ်ဖြင့်စိုက်ပျိုးထားသည့် လယ်ယာထွက်ကုန်များကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် အစိုးရအပိုင်းမှ အကူအညီပေးမည်

aနေပြည်တော် နိုဝင်ဘာ (၇)

Good Agricultural Practices (GAP) ကောင်းမွန်သော စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်များဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် လယ်ယာထွက်ကုန်များကို ပြည်ပဈေးကွက်များသို့ ထိုးဖောက်တင်ပို့နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လိုအပ်သည့်အကူအညီများကို ပေးအပ်သွားမည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ “ခုနောက်ပိုင်းမှာ သီးနှံအပါအဝင် လယ်ယာထွက်ကုန်တွေကို တန်ဖိုးထက် အရည်အသွေးကို ဦးစားပေး ဝယ်ယူကြတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ အရည်အသွေး ပိုင်းမကောင်းရင်ဈေးကွက်ပျောက်မယ့် အနေအထားပါ။ ဒါကြောင့် ဓါတုဒြပ်ကြွင်းကင်းစင်အောင်၊ အရည်အသွေးပြည့်မီအောင် စိုက်ပျိုးကြဖို့လိုပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေထားတဲ့ GAP စနစ်တွေအတိုင်း စိုက်ပျိုးနိုင်ရင် ဈေးကွက်ရဖို့ အများကြီးကူညီနိုင်ပါတယ်”ဟု ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်နေသည့် လယ်ယာထွက်ကုန်(၁၅)မျိုးကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရေးစွဲထားပြီး သတ်မှတ်ချက်စံနှုန်းများအတိုင်း စိုက်ပျိုးပါက အာရှနှင့် ဥရောပဈေးကွက်များသို့ ထိုးဖောက်တင်ပို့နိုင်ရန် ချိတ်ဆက်ဆောင်ရွက်မှုများကို အစိုးရမှ ကူညီပေးသွားရန် စီစဉ်နေသည်။

အီးယူအပါအဝင်ဥရောပနိုင်ငံများမှ ပြည်တွင်းထွက်လယ်ယာထွက်ကုန်များကို ဝယ်လိုအားရှိနေပြီးဒြပ်ကြွင်းကင်းစင်စေရန်အာမခံချက်များပေးနိုင်ပါက တင်ပို့ခွင့်ရမည်ဟုသိရသည်။ ပြည်တွင်းထွက်လယ်ယာထုတ်ကုန်(၁၅)မျိုးအတွက် ရေးစွဲထားသည့် GAP စံနှုန်းများကို မြန်မာဘာသာအပြင် တိုင်းရင်းသားဒေသများရှိ တောင်သူများအသုံးနိုင်ရန်အတွက် တိုင်းရင်းသားဘာသာများနှင့်လည်း ရေးစွဲထုတ်ဝေသွားမည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*