၂၀၁၇-၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ရန်ကုန်တိုင်းအတွင်းရှိ KTV များမှ ကျပ် ၅၄ ဒဿမ ၈ သန်းခန့် တိုင်းအစိုးရ အခွန်ရရှိမည်

၂၀၁၇-၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ရန်ကုန်တိုင်းအတွင်းရှိ KTV များမှ ကျပ် ၅၄ ဒဿမ ၈ သန်းခန့် တိုင်းအစိုးရ အခွန်ရရှိမည်
February 7, 2018 Fame Asian

3:11 pm
၂၀၁၇-၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ရန်ကုန်တိုင်းအတွင်းရှိ KTV များမှ ကျပ် ၅၄ ဒဿမ ၈ သန်းခန့် တိုင်းအစိုးရ အခွန်ရရှိမည်

27750237_1686407491403209_4711300969787460647_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇

၂၀၁၇-၁၈ ခုနှစ်ဘဏ္ဍာနှစ် အတွင်း KTV လိုင်စင်အသစ်ထုတ်ပေးခြင်းနဲ့ သက်တမ်းတိုးမြှင့်ခြင်းတို့ မှ ကျပ် ၄၁ ဒသမ၁ သန်း တိုင်းအစိုးရက ၀င်ငွေရရှိထားပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက KTV လုပ်ငန်းများမှ ကျပ် ၅၄ ဒဿမ ၈ သန်းခန့် ရရှိမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောပါတယ်။

ကာရာအိုကေလုပ်ငန်းများအတွက် ကာရာအိုကေစက်တစ်လုံးကို သုံးသောင်းနှုန်းနဲ့ ကောက်ခံတာဖြစ်ပြီး သက်တမ်းတိုးရင်တော့ တစ်တစ်လုံးကို နှစ်သောင်းကျပ်နှုန်းဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက လွှတ်တော်မှာပြောပါတယ်။

”တိုင်းဒေသကြီး ၊ ပြည်နယ်အသီးသီးမှာလုပ်ကိုင်နေတဲ့ ၊ လုပ်ကိုင်ခွင့်ရဖို့ လျောက်ထားတဲ့ ဗီဒီယို ကာရာအိုကေ သီချင်းဆိုခြင်းလုပ်ငန်းများကို စည်းကမ်းချက်(၁၇)ချက်နဲ့ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေအရ တိုင်းဒေသကြီး၊ပြည်နယ် ဗီိဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီက လုပ်ငန်းလိုင်စင်၊ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းများဆောင်ရွက်လျက်ရှိပါတယ်” လို့ သူမကပြောပါတယ်။

ဆဌမပုံမှန်အစည်းအဝေး၊ (၃) ရက်မြောက်နေ့ အဖြစ် ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ကျောက်တံတားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ” ရန်ကုန်တိုင်းဒေသကြီးလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားတဲ့ ကာရာအိုကေလုပ်ငန်းပေါင်းမည်မျှရှိသလဲ၊ကာရာအိုကေလုပ်ငန်းလိုင်စင်တွေကို ဘယ်လိုစည်းကမ်းချက်တွေနဲ့ အညီထုတ်ပေးထားသလဲ၊ လုပ်ငန်းလိုင်စင်ခွန်ကို မည်မျှသတ်မှတ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်မှ ရန်ကုန်တိုင်းဒေသကြီးကာရာအိုကေလုပ်ငန်းများအတွက် အခွန်မည်မျှရရှိခဲ့သလဲ” စတဲ့မေးခွန်းတွေကိုမေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းတွေနဲ့ ပတ်သတ်ပြီး န်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက လွှတ်တော်မှာဖြေကြားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်ခွင့်ပြုထားတဲ့ ကာရာအိုကေ(၃၂၆) ခုရှိနေပြီး ရန်ကုန်မြို့ တွင်းမြို့ နယ်များပါဝင်တဲ့ အရှေ့ ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်တို့ က ကာရာအိုကေလုပ်ငန်းအများဆုံးရှိနေပါတယ်။ အရှေ့ပိုင်းခရိုင်မှာ ၁၁၆ ခု၊ အနောက်ပိုင်းခရိုင်မှာ ၁၁၂ ခုရှိပြီးတော့ မြောက်ပိုင်းခရိုင်မှာ ၇၈ ခု နဲ့ တောင်ပိုင်းခရိုင်မှာ ၂၀ ခုတို့ ရှိနေတာဖြစ်တယ်လို့ တိုင်းအစိုးရကတင်ပြပါတယ်။ ကာရာအိုကေလုပ်ငန်းတွေရဲ့ လိုင်စင်တွေဟာ စတင်ထုတ်ပေးတဲ့နေ့ မှ တစ်နှစ်အထိသက်တမ်းရှိတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း + ဓာတ်ပုံ – ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*