တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်းပျက်စီးသွားတဲ့ ဆည်မြောင်း တာတမံတွေကြောင့် သထုံမြို့နယ်မှာ ကျပ်သန်း ၁၈၀၀ ကျော်နစ်နာခဲ့

တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်းပျက်စီးသွားတဲ့ ဆည်မြောင်း တာတမံတွေကြောင့် သထုံမြို့နယ်မှာ ကျပ်သန်း ၁၈၀၀ ကျော်နစ်နာခဲ့
November 22, 2017 Asian Fame

11:21 am
တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်းပျက်စီးသွားတဲ့ ဆည်မြောင်း တာတမံတွေကြောင့် သထုံမြို့နယ်မှာ ကျပ်သန်း ၁၈၀၀ ကျော်နစ်နာခဲ့

ThaHtone(နေပြည်တော် ၊ နိုဝင်ဘာ ၂၂)

တည်ဆောက်ပြီးနှစ် အနည်းငယ်အတွင်းမှာ ပျက်စီးသွားတဲ့ ဆည်မြောင်း တာတမံတွေကြောင့် မွန်ပြည်နယ် သထုံမြို့နယ်ထဲမှာ ကျပ်သန်း ၁၈၀၀ ကျော်လောက် နစ်နာခဲ့တယ်လို့ သထုံ မဲဆန္ဒနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင် ကပြောပါတယ်။

ဒါကြောင့် တည်ဆောက်ပြီးနှစ် အနည်းငယ် အတွင်း ပျက်စီးသွားတဲ့ ဆည်မြောင်း၊ တာတမံတွေနဲ့ ပတ်သက်ပြီး မည်ကဲ့သို့ အရေးယူမှုတွေပြုလုပ်ထားလဲ သိရှိလိုပါတယ်လို့ ဒေါ်မာမာခိုင်က ဒီကနေ့ ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်း ထုတ်ခဲ့ပါတယ်။

သထုံမြို့နယ်ထဲက ကျုံထော်ရေထိန်းတံခါး ဟာ ၂၀၀၄ ခုနှစ်မှာ တည်ဆောက်ပြီး နောက်နှစ်အနည်းငယ် အတွင်းမှာ ပျက်စီးခဲ့တဲ့ အတွက် ဒေသလယ်ယာမြေတွေကို ပင်လယ်ဆားငံရေ၀င်ရောက်ပြီး လယ်ဧက ၂၁၀၀၀ ဟာ သုံးမရအောင် ပျက်စီးခဲ့ပြီး ဒေသခံတောင်သူ လယ်သမားတွေ နစ်နာခဲ့ရတယ်လို့ ဒေါ်မာမာခိုင်က ပြောပါတယ်။

ဒါ့အပြင် တည်ဆောက်မယ်ပြောပြီး မပြီးဆုံးခဲ့တဲ့ မြစ်ရေတင်စီမံကိန်း ကြောင့် နိုင်ငံ့ဘဏ္ဍာတွေ နစ်နာခဲ့ပြီး စီမံကိန်းအတွက် ဒေသခံတွေရဲ့လယ်ယာမြေတွေသာနစ်နာခဲ့ရတဲ့အကြောင်းကိုလည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ဆည်မြောင်းတာတမံတွေ ပျက်စီးလို့စိုက်ပျိုး၍မရ ဖြစ်ခဲ့ရတဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားတွေရဲ့ နစ်နာမှုကို မည်ကဲ့သို့ဖြေရှင်းပေးမည်နည်းလို့ မေးမြန်းခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ ကျုံထော်ရေထိန်းတံခါး ပျက်စီးတဲ့ဖြစ်စဉ်ကတော့ ရှောင်လွှဲလို့မရတဲံ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ခဲ့တယ်လို့ သုံးသပ်ရရှိကြောင်း ဒါကြောင့် ဒီရေထိန်းတံခါးကို ပြန်လည်တည်ဆောက်ဖို့လည်း ကွင်းဆင်းစစ်ဆေးနေကြောင်း ၊ လယ်ယာမြေတွေ ပျက်စီးမှုနဲ့ပတ်သတ်ပြီး တစ်ခြားဆက်စပ်ဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်း ၊ တာဝန်ပေါ့လျော့မှု အားနည်းမှုတွေအပေါ်လည်း အရေးယူဆောင်ရွက်မှုရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*