3:55 pm
(နေပြည်တော် ၊ သြဂုတ် ၁၆)
မြန်မာ တနိုင်ငံလုံးရှိ ဌာန ဆိုင်ရာ အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ဘွဲ့ရနေ့စား လပေး (ယာယီ) ဝန်ထမ်းတွေ ကို ၆လပြည့်လျှင် အမြဲတမ်း ဝန်ထမ်း အဖြစ် ခန့်အပ်ရန် ၊ တက္ကသိုလ် ဝင်တန်းဖြေဆိုပြီး (အဝေးသင် တက္ကသိုလ်) နေ့စားလပေး (ယာယီ) ဝန်ထမ်းတွေကို တစ်နှစ် ခွဲပြည့်လျှင် အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ရန် အစီအစဉ် မရှိဘူးလို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာဝင်းသိန်း က ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ်၁၀မှ ဦးလားလ်မင်းထန် မေးမြန်းတဲ့ ” မြန်မာ တနိုင်ငံလုံး ၊ ဌာန ဆိုင်ရာ အသီးသီးတွင် တာဝန် ထမ်းဆောင်နေတဲ့ ဘွဲ့ရနေ့စား လပေး (ယာယီ) ဝန်ထမ်းတွေကို ၆လပြည့်ပါက အမြဲတမ်း ဝန်ထမ်း အဖြစ် ခန့်အပ်နိုင်ရန်နဲ့ တက္ကသိုလ် ဝင်တန်းဖြေဆိုပြီး (အဝေးသင် တက္ကသိုလ်) နေ့စားလပေး (ယာယီ) ဝန်ထမ်းတွေ ကို တစ်နှစ် ခွဲပြည့်ပါက အမြဲတမ်း ဝန်ထမ်း အဖြစ်ခန့်အပ်ဖို့ အစီအစဉ်ရှိမရှိ ” မေးခွန်းကို ရာထူးဝန်အဖွဲ့ ဥက္ကဌ က အခု လို ပြန် လည်ဖြေ ကြား ခဲ့ခြင်းဖြစ်ပါတယ်။
“ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးရဲ့ ခွင့်ပြုချက်ရရှိပါက ဌာနရဲ့လုပ်ငန်းလိုအပ်ချက် ရာထူးနေရာ လစ်လပ်မှု အပေါ် မူတည်ပြီး သတ်မှတ် အရည်အချင်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်း စွမ်းဆောင်ရည်ရှိ ယာယီနေ့စား လပေး ဝန်ထမ်းတွေကို ဦးစားပေး ခန့်ထား ပါတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် အချိန်ကာလ သတ်မှတ် ခန့်ထားလို့ လည်း မရဘူး လို့ ဒေါက်တာ ဝင်းသိန်းကဆက်ပြောပါတယ်။
စိုင်းလမင်း