Yangon Water Bus မြောက်ဒဂုံနဲ့ သန်လျင်ကို လမ်းကြောင်းတိုးချဲ့ ပြေးဆွဲမယ်

Yangon Water Bus မြောက်ဒဂုံနဲ့ သန်လျင်ကို လမ်းကြောင်းတိုးချဲ့ ပြေးဆွဲမယ်
January 17, 2018 Fame Asian

12:36 pm
Yangon Water Bus မြောက်ဒဂုံနဲ့ သန်လျင်ကို လမ်းကြောင်းတိုးချဲ့ ပြေးဆွဲမယ်

img1
ရန်ကုန် ၊ ဇန်န၀ါရီ ၁၇

Yangon Water Bus လမ်းကြောင်းတိုးချဲ့ ပြေးဆွဲဖို့ စတင်လုပ်ဆောင်နေပြီလို့ ရန်ကုန်မြစ်ကြောင်းသယ်ယူပို့ ဆောင်ရေးကုမ္ပဏီိဖြစ်တဲ့ တင့်တင့်မြန်မာကုမ္ပဏီမှ ဥက္ကဌ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။

တာမွေမြို့ နယ်ရှိ Sky star ဟိုတယ်မှာ မနေ့ က ပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) နဲ့ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (YBS) တို့ ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ သူမက သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။

” ကျွန်မတို့ အစီအစဉ်ထဲက အတိုင်းပဲပေါ့ /ဗိုလ်တထောင်ကနေ မြောက်ဒဂုံ ညောင်တန်းရယ် ၊ သန်လျင် Star City ရယ်ကို ပြေးဆွဲဖို့ အခုလုပ်ဆောင်နေတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကနေစတင်ပြီး ဆာဗေးစတင်လုပ်နေပြီ။ မိုးမကျမီမှာလည်း သင်္ဘောဆိပ်ကမ်းတွေ အပြီးဆောက်ဖို့ လုပ်ဆောင်နေပါပြီ” လို့ ဒေါ်တင့်တင့်လွင်ကပြောပါတယ်။

ဒါ့အပြင် Yangon Water Bus များကို ယခင်က ကြားရက်များနဲ့ စနေ၊တနင်္ဂနွေရက်များကို အစီးရေအတူတူပြေးဆွဲခဲ့ပေမယ့် ယခုအခါ ကြားရက်ရုံးချိန်များမှာ အစီးရေနဲ့  ခေါက်ရေတိုးချဲ့ ပြေးဆွဲပေးနေတယ်လို့ လည်းသူကဆိုပါတယ်။

Yangon Water Bus ကို YBS ယာဉ်များနဲ့ ချိတ်ဆက်နိုင်ဖို့ လည်း ဆောင်ရွက်သွားမှာဖြစ်ပြီိး ထပ်မံပြေးဆွဲမယ့် လမ်းကြောင်းအသစ် ဗိုလ်တထောင်မှ မြောက်ဒဂုံလမ်းကြောင်းကို အစီးရေ (၆) စီး၊ ဗိုလ်တထောင်မှ သန်လျင် Star City ကို အစီးရေ(၄)စီးတို့ နဲ့ ပြေးဆွဲသွားမှာဖြစ်တယ်လို့ ဒေါ်တင့်တင့်လွင်ကဆိုပါတယ်။

Yangon Water Bus ပြေးဆွဲမှုနဲ့ ပတ်သတ်ပြီး အောင်မြင်တယ်လို့ပြောလို့ ရပြီး လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို၊ ဒလ လမ်းကြောင်းခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဒေါ်တင့်တင့်လွင်ကပြောပါတယ်။

Yangon Water Bus ရဲ့ လက်ရှိခရီးစဉ်ဖြစ်တဲ့ ဗိုလ်တထောင်-အင်းစိန် လမ်းကြောင်းခရီးစဉ်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ရက်ကို ပျမ်းမျှခရီးသည် ၃၀၀၀ မှ ၅၀၀၀ ကြား၊ စနေ၊ တနင်္ဂနွေနဲ့ အခါကြီးရက်ကြီး အစိုးရရုံးပိတ်ရက်တွေမှာ တစ်ရက်ပျမ်းမျှ ခရီးသည် ၆၀၀၀ လောက် စီးနင်းမှုရှိနေတယ်လို့ သိရပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*