သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကိုကာကွယ်ကုစားနိုင်ရန် တပ်မတော်က တက်ကြွစွာပူးပေါင်းပါဝင်နေကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပြော

သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကိုကာကွယ်ကုစားနိုင်ရန် တပ်မတော်က တက်ကြွစွာပူးပေါင်းပါဝင်နေကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပြော
February 7, 2018 Fame Asian

5:11 pm
သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကိုကာကွယ်ကုစားနိုင်ရန် တပ်မတော်က တက်ကြွစွာပူးပေါင်းပါဝင်နေကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပြော

 

27657727_1709632752432333_3241956511396359341_n

နေပြည်တော်၊ဖေဖော်ဝါရီ ၇

နိုင်ငံတွင်းမှ သယံဇာတများအား ဥပဒေမဲ့တူးဖော်ထုတ်လုပ်ခြင်းများရှိနေခြင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ခုတည်းဖြင့် ထိန်းချုပ်ကြပ်မတ်နိုင်ရန်မှာ အခက်အခဲများစွာရှိမည် ဖြစ်သဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အစရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနအချို့အပါအ၀င် ဒေသခံပြည်သူလူထု၊ တပ်မတော် တို့နှင့်ပါ ပေါင်းစပ်ပြီး ဟန်ချက်ညီညီ ဆောင်ရွက်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကျော်စိုးဦး က ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ထောက်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ် တင်သွင်းသည့် ”ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို”ကို ဆွေးနွေးစဉ် အထက်ပါစကားကို ပြောခြင်းဖြစ်သည်။

”နိုင်ငံတွင်းမှ သယံဇာတများသည် အိမ်နီးချင်းနိုင်ငံများမှာရှိတဲ့ မှောင်ခိုဈေးကွက်များအသီးသီးကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပါတယ်။ဒါဟာနိုင်ငံအတွက် ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှုကို ဖြစ်စေပြီး သဘာဝသယံဇာတများကိုလည်း ပျက်စီးစေပါတယ်”ဟု ဗိုလ်မှူးကျော်စိုးဦး က ပြောသည်။

သယံဇာတထွက်ရှိရာ ဒေသအချို့များသည် တိုင်းရင်းသားလက်နက်ကိုင်များလှုပ်ရှားရာဒေသများထဲပါဝင်နေ၍ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း ယင်းအပြင် လိုင်စင်ရယူဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် စည်းမျဉ်းဥပဒေများအပေါ်လိုက်နာမှုအားနည်းခြင်း၊ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ၏ စစ်ဆေးကြပ်မတ်မှုအားနည်းခြင်း အစရှိသည့် အချက်များကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၎င်းက ရှင်းပြသည်။

ယင်းအပြင် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များမှာ နိုင်ငံတော်၏ သဘာဝသယံဇာတများကို ဥပဒေမဲ့ထုတ်ယူပြီး တစ်ဖက်နိုင်ငံသို့ ရောင်းချရာမှ ရရှိသည့်ဝင်ငွေဖြင့် ၎င်းတို့ဘ၀ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်နေကြသည်ကို တွေ့ရမှာဖြစ်ကြောင်းလည်းဗိုလ်မှူးကျော်စိုးဦး က ထည့်ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် ပေါင်းစပ်ရမည့်အဖွဲ့များမှာ ပြည်ထဲရေး၊နယ်စပ်ရေး၊လျှပ်စစ်/စွမ်းအင်၊စိုက်/မွေး/ဆည်၊ပို့/ဆက်၊သယံဇာတ/သဘာဝ၊အလုပ်သမား/လ၀က၊ဒေသခံပြည်သူနှင့် တပ်မတော်တို့ ဖြစ်သည်ဟု ၎င်းကပြောသည်။

နိုင်ငံအတွင်း သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကိုကာကွယ်ကုစားနိုင်ရန်အတွက် တပ်မတော်အနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နေပြီး ၂၀၁၇ခုနှစ် တစ်နှစ်ထဲမှာပင် စစ်ဆေးပိတ်ဆို့ ရှာဖွေမှုများမှတဆင့် တရားမ၀င်သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ကျွဲနွားများ၊ကျောက်မျက်ရတနာများ၊အခြားအကောက်ခွန်မဲ့ပစ္စည်း စုစုပေါင်းသိန်းပေါင်း ၂သိန်း၃သောင်းကျော် ဖိုး ဖမ်းမိခဲ့၍ နိုင်ငံတော်သို့ စနစ်တကျ အပ်နှံခဲ့ကြောင်းနှင့်အလားတူ
မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံပိုင်သယံဇာတများကို ခိုးယူထုတ်လုပ်နေသူများကို စစ်ဆေးဖမ်းဆီးခြင်းများလုပ်ခဲ့ပြီး ၇နှစ်တာကာလအတွင်း တရားမ၀င်ငါးဖမ်းလှေ ၂၄၁စီး၊စုစုပေါင်းသိန်းပေါင်း ၂သောင်းခွဲကျော် ကို နိုင်ငံတော်ထံသို့ ဥပဒေနှင့်အညီ လွဲပြောင်းပေးခဲ့ကြောင်း ဗိုလ်မှူးကျော်စိုးဦး က ဆက်ပြောသည်။

ဗိုလ်မှူးကျော်စိုးဦး ပြောဆိုချက်ပေါ် အမျိုးသားလွှတ်တော် သယံဇာတနှင့် ဘဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ” ဥပဒေမဲ့ထုတ်ယူသုံးစွဲနေတာတွေကို ဥပဒေအတိုင်းပဲ တားဆီးကာကွယ်သွားရမှာဖြစ်ပါတယ်။တပ်မတော်က တက်တက်ကြွကြွပါဝင်နေတယ်။ပါဝင်သွားမယ် ဆိုတာကိုလည်း ကြိုဆိုပါတယ်။အားလုံးဟာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားရမှာပါ”ဟုမှတ်ချက်ပြုသည်။

သစ်ခိုးထုတ်နေသူများကို သစ်တောတာဝန်ရှိသူအနည်းငယ်က သွားရောက်တားလျှင် လက်ခံလိုက်နာ မည်ထက် ပြန်လည် ရန်ပြုမှာက များကြောင်း၊ဥပဒေအတိုင်းဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့၊သက်ဆိုင်ရာ နယ်မြေတပ်ရင်းတပ်ဖွဲ့များ၏ အကူအညီ လိုမည်ဖြစ်ကြောင်းဦးကျော်သီဟက သူ့အမြင်ကို ပြောပြသည်။

စိုင်းလမင်း၊PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*